Asylum.Part 2

11 2 1
                                    

‌ဤ fic သည် 18+ ဖြစ်တာကြောင့်
ကလေးငယ်များနှင့် အမျိုးသမီးများ ဖတ်ရန်မသင့်ပါ🥲
ပြောနေလဲဖတ်မှာဘဲမလား🌚😂

*ငါတော်တော် အိပ်ပျော်သွားတာဘဲ...*
Ethan လေးထထိုင်လိုက်သည်။
"အားးးးးကျွတ်ကျွတ် ခါးတွေနာလိုက်တာ."
"မိုးတောင်မလင်းတေးပါလား."
ဘေးကိုကြည့်လိုက်တော့ ‌သူငယ်ချင်းမလေး..*အိပ်ပျော်နေလိုက်တာများ ကလေးသေးသေးလေးကျလို့ သူညကအိမ်မပြန်ဘူးလား*
[ 11 နှစ်က ကလေးဘဲမဟုတ်လား😑]

ဦးမင်း အိမ်တခါးတွေကို ပိတ်ထားသဖြင့် အိမ်ထဲလဲ ၀င်မရသောကြောင့် Ethan လေးက ချောမေ‌ ကို မိမိ ၀တ်ထားသော အနွေးထည်ကို ချွတ်ကာ ခြုံပေးလိုက်ပြီး
ဘေးတွင်ပြန်အိပ်လိုက်သည်။

• Ethan ရှေ့တွင် အမျိုးသမီးတဦးရပ်နေပြီး Ethan  ကိုစကားတွေပြောနေတာကို Ethan လေးမြင်နေရပေမဲ့ ဘာတွေပြောနေလဲမကြားရပေ..တခုခုကိုလန့်ပြီး ပြောပြနေ သလိုဘဲ သူက•
"......-#+_)#"
နားမလည်နိုင်တဲ့အဆုံး Ethan ငြင်သာစွာပြောလိုက်သည်။
"အန်တီ စိတ်ကိုအေးအေးထားနော် သေချာလေးပြောပြ"
အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။

အနောက်မှ ယောက်ျားကြီးတစ်ယောက် ထိုအမျိုးသမီးကို ကျောက်ပြင်(သနပ်ခါးလိမ်းတဲ့အရာ)နှင့်ရိုက်ချလိုက်သည်။ထိုယောက်ျားကြီးရိုက်ချက်ကြောင့် အမျိုးသမီးမှာ ခေါင်းမှ သွေးများစွာထွက်နေပြီး လှဲကျသွားသည်။
Ethan ကြောင်ပြီး ကြည့်နေမိသည်။
ထိုအမျိုးသမီးက Ethan ကို အကူအညီလှမ်းတောင်းနေတာကို Ethan လေးမကြားရပေမဲ့‌ မြင်တာနဲ့သိနေသည်။

Ethan ကူညီရန် လုပ်သော်လည်း ခြေ‌ေထာက်ကမ၍မရ ယောက်ျားကြီးက ဓားကိုကိုင်ကာ အမျိုးသမီးလေးရဲ့ ကျောကုန်းအားး ငါးချက်လောက်ထိုးချလိုက်သည်။
"အသက်မရှိတော့ဘူးထင်တယ် မလုပ်တော့ဘူး" လူတစ်ယောက်ပြောတဲ့အသံကိုကြားလိုက်ရသည်။
သေချာတာကတော့အခန်းထဲမှာ သူနှင့်အတူလူသုံးယောက်ရှိနေမှာသေချာသည်။ ဓားနဲ့ထိုးနေတဲ့ အချိန်မှာ Ethan မလုပ်ရန် အော်ပြီး ပြောနေပေမဲ့လဲ အသံကမထွက်သဖြင့် Ethan စိတ်တိုလာမိသည်။ထိုလူကြီးက ဓားကိုကိုင်လျက် Ethan ဆီသို့ လမ်းလျှောက်လာသည်။Ethan ငိုပြီးအကူအညီတောင်းနေပေမဲ့ အသံကမထွက်•

Asylum (ခိုလှုံခွင့်လေး)Where stories live. Discover now