Unicode

3.6K 307 5
                                    

This story is based on Olivia's Deja Vu Song ...

Los Angles ကနေ Malibu ကို ဦးတည်ပြီးမောင်းနှင်နေတဲ့ 2021  latest model Lamborghini Aventador SVJ အစိမ်းရောင်ကို မောင်းလာတဲ့ ခပ်မိုက်မိုက်ကောင်လေးရဲ့ မျက်နှာဟာ မှုန်မှိုင်းနေတယ်။ Malibu မြို့အဝင်ဆိုင်းဘုတ်နားမှာ ကားကို ထိုးရပ်လိုက်ပြီး ကားပေါ်က ဆင်းကာ အပြာရောင်ဆံနွယ်တွေကို သပ်တင်ကာ ဆေးလိပ်တစ်လိပ်ကို ထုတ်ပြီး မီးညှိကာ ရှိုက်လိုက်သည်။
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ ကြည့်မိတော့ တက်လာတဲ့ သတင်းကြောင့် "F**k"လို့ ကျိန်ဆဲမိပြီး သောက်လက်စ ဆေးလိပ် ကို လွှင့် ပစ်မိတယ်။

"Super Singer Sean Xiao ကို တက်သစ်စ အဆိုတော်မလေး Laraနဲ့ Mailuရဲ့ လမ်းမတွေမှာ Ice Cream အပြန်အလှန်ခွံ့ကျွေးနေကြပုံကို တွေ့ရှိ" တဲ့လေ..

ဓာတ်ပုံထဲမှာ Sean Xiaoဟာ လက်ထဲမှာ Strawberry Ice cream တစ်ခွက်ကို ကိုင်ထားကာ ကျန်တစ်ဖက်နဲ့ ကောင်မလေးကို ခွံ့ကျွေးကာ ပြုံးနေသည်။

"F**k you Xiao..ရည်းစားအသစ် ရတာတောင် ဘာလို့ ငါနဲ့ တွဲတုန်းက လုပ်ခဲ့တာ မှန်သမျှ လိုက်လုပ်နေရတာလဲ"

Phone Screen ကို ပြန်ပိတ်ကာ လမ်းမပေါ် မှာအရူးလို အော်ဆဲနေတဲ့ သူ့ကို ဖြတ်သွားဖြတ်လာတွေက ကြည့်သွားကြပေမယ့် ဂရုမစိုက်နိုင်တော့။ Sean Xiaoနဲ့ ပတ်သတ်လာပြီဆို နာမည်ကြီး တေးရေးဆရာ Wang Yiboဟာ သူ့ကိုယ်သူတောင် မေ့သွားရလောက်တဲ့ အထိပါပဲ။

...................
လွန်ခဲ့သော သုံးနှစ်ခန့်က.....

Wang Yiboက American Entertainment လောကမှာ နာမည်ကြီးနေတဲ့ တရုတ်လူမျိုး တေးရေး ဆရာ တစ်ယောက်။ Yiboရေးပေးတဲ့ သီချင်းတိုင်းဟာ အောင်မြင်သွားတာချည့်ပဲ။ တက်သစ်စ အဆိုတော်တွေတောင် Yiboရေးပေးတဲ့သီချင်းကို ဆိုလိုက်ရင် နာမည်ကြီးသွားတာပဲ။ အဲ့လို မှော်အစွမ်းလက်ပိုင်ရှင် တေးရေးဆရာလေးဟာ သူ့ကို လာတောင်းဆိုတဲ့ သူတိုင်းကို သီချင်းရေးပေးတာတော့မဟုတ်။ ဂီတပေါ် စီးမျှောဝင်မှု့ အသံ အရည်အချင်း စတာတွေကိုရွေးပြီးမှ သီချင်းရေးပေးတက်သူဖြစ်တယ်။ နာမည်ကြီး အဆိုတော် ဖြစ်သည့်တိုင် သူ့ဆီက အငြင်းခံလိုက်ရသူတွေက အများကြီး...။
Wang Yiboက Los Angles မှာနေပေမယ့် တစ်ပတ်တစ်ခါလောက် Malibuမှာ လာနေတက်တယ်။ တစ်ခါတစ်လေ သူ သီချင်းရေးတဲ့အချိန်ဆို Malibu မှာပဲ တစ်လလောက်နေဖြစ်သွားတက်တယ်။
ဒီနေ့တော့ Malibu ကို လာပြီး Friday ဖြစ်တာကြောင့် Bar တစ်ခုဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။
The Blue Lounge at Moonshadows ဒီ Barက Malibuမှာနာမည်ကြီးတယ်။ Celebratiesတွေ လဲ လာလေ့ရှိတယ်။
ရိပေါ် ဘားထဲဝင်ကာ Cocktail တစ်ခွက်မှာလိုက်ပြီး ဖြည်းဖြည်းချင်း ဇိမ်ခံကာ သောက်နေလိုက်တယ်။ သူ့ကို မြင်တာနဲ့ အနားကပ်ဖို့ ကြိုးစားလာကြတဲ့ အရွယ်စုံ အလွှာပေါင်းစုံက မိန်းကလေးတွေကို ငြင်း ပယ်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးလာချိန်မှာ နားထဲ ဝင်လာတဲ့ အသံ ချိုချိုလေးကြောင့် စိတ်ဝင်စားသွားတယ်။

Deja VuWhere stories live. Discover now