757 72 28
                                    

Unicode

ဖုန်းမှာ နာရီသံပတ်ပေးထားခဲ့တာမို့ ဒီနေ့မနက်ချန်ယောလ်အစောနိုးနေသည်။

သေချာစီစဉ်ထားတာမို့ ဦးထက်အရင်နိုးလာပြီး ဦးအိပ်ခန်းဘက်ကူးလာလိုက်တယ်။

ဒေါက် ဒေါက်!

"ဦး. . .ဦး‌ရေ နိုးပြီလား"

ဒေါက် ဒေါက် ဒေါက်!

တံခါးကို သုံးချက်လောက်ခေါက်အပြီးမှာတော့ ဦးကထွက်လာသည် ။ မျက်နှာပေါ်ကရေတွေကို ပဝါနဲ့သုတ်လာပုံ‌ထောက်ရင် ခုမှ မျက်နှာသစ်လာခဲ့ပုံပဲ။

"မနက်စာချက်ကျွေးချင်လို့ ဦးရုံးမသွားဘူးမလား"
"အင်း ဒီကိုလာပါဦး"

ကမ်းပေးတဲ့လက်ကို ဆုတ်ကိုင်ကာလှမ်းမိတာ ဦးရင်ခွင်ဆီ ။ ခါးကိုပွေ့ဖက်လာတဲ့ လက်ကြောင့် အလိုက်သင့်ပခုံးပေါ်မေးတင်မိတော့ ဦးက‌ခေါင်းလှည့်ကာ ပါးပြင်ဆီ နှာဖျားအပ်ရဲ့။
အနမ်းတွေနားရွက်ဖျားဆီဦးတည်လာတဲ့အခါမှာတော့ ချန်ယောလ်ရှောင်ထွက်လိုက်သည် ။

‌မနေတတ်ဘူးဦးရဲ့ ရှက်တယ်။

"အောက်ထပ်သွားပါမယ်ဆိုနေ"
"ဟုတ်ပါပြီဗျာ"

အိမ်က ကြီးပေမဲ့ Maid ကတော့သုံးလေးယောက်သာရှိသည် ။ တာဝန်တွေခွဲမထားပဲ အလိုက်တသိအလုပ်တွေလုပ်ပုံပဲ ။ ချန်ယောလ်သိပ်တော့စိတ်မဝင်စားတာမို့ သတိမထားနေတော့ပါ။ သူစိတ်ဝင်စားတာ ဦးပဲလေ။

ဇာတ်ကားတွေထဲကလို အချစ်ဇာတ်ဝင်ခန်းမျိုးကိုပုံဖော်ဖို့ kitchen ကအသင့်တော်ဆုံးဖြစ်သည်မို့ ဦီးကိုပါအတူဆွဲခေါ်လာလိုက်တယ် ။

"ဦး ဒီမှာထိုင်"

ချန်ယောလ်ချပေးတဲ့ခုံမှာ ဝင်ထိုင်တဲ့ဦးက ချန်ယောလ်လက်ကလေးကို အသာဆွဲကိုင်ကာ တစ်ချက်နမ်းရှိုက်ပြီးမှလွှတ်ပေး၏ ။

ပေါင်းအိုးတစ်ခုယူကာ ရေထည့်ပြီးမီးဖို‌ပေါ်တင်တဲ့ချန်ယောလ်ကို ဦးကလှမ်းစသည် ။

"ဟေ့ ဘာစားမလဲမမေးတော့ဘူးလား"
"ချန် ချက်ကျွေးတာစားကြည့်ပါဦးခင်ဗျားရယ် ဂျီးမများနဲ့"
"ခင်များ ခင်များနဲ့ မခေါ်စမ်းနဲ့ကွာ. . ."
". . . ."
"အသည်းယားတယ်"

SMOOTH [COMPLETE]Where stories live. Discover now