Injustice Criminal 1

43 7 0
                                    


Zawgyi...

ကျွန်းတစ်ခုဆီသွားနေတဲ့ကားလေးကတော့
လမ်းမကြီးပေါ်မှာပဲညိမ့်ညိမ့်လေးနဲ့ဖြတ်သန်း
လျက်~~
ဒါပေမဲ့ကားပေါ်မှာခေါင်းကိုအောက်ကျမ
တတ်ငုတ်ကာ လက်ထိပ်လေးနဲ့ထိုင်နေတဲ့
ကောင်လေးကတော့ပူဆွေးလျက်ပင်~~

^အားလုံးပဲမင်္ဂလာပါ မျှတခြင်းသတင်းဌာနကနေကြိုဆိုလိုက်ပါတယ် အခုပုံမှာတော့တွေ့
တဲ့အတိုင်း ဒီမိန်းခလေးကိုရက်ရက်စက်စက်
အဓ္ဓမကျင့်ခဲ့ပြီး လူမဆန်စွာသတ်ဖြတ်ခဲ့တဲ့
တရားခံ ပတ်ခ်ဂျီမင်းကိုတော့ တသက်တစ်
ကျွန်းအပြစ်ဒဏ်ကိုပေးလိုက်ပြီးဖြစ်ပါတယ်
ဒါကြောင့်မို့ ပြည်သူတွေ....^

"ကျနော်မလုပ်ခဲ့ပါဘူး ဘာလို့လဲ ဘာလို့
မယုံရတာလဲ...''

တစ်ကိုယ်ကြားနိုင်သောအသံဖြင့်ပြောပြီး
တစ်သိမ့်သိမ့်ကုန်နေတဲ့ကောင်လေးသည်
ဝမ်းနည်းနေသည် ငိုနေသည်ဆိုပိုမှန်မည်
မဟုတ်လား သူမလုပ်ခဲ့တဲ့အပြစ်အတွက်
အပြစ်ခံနေရသည်မဟုတ်လား~~

ကားလေးဘရိတ်အုပ်သွားတာနဲ့လုံခြုံရေးတစ်
ချို့ကိုသူ့ကိုလာခေါ်ကြ လာဆွဲထုတ်ကြသည်
ဟင့်အင်း..သူမလိုက်ဘူး..သူဘာလို့လိုက်ရ
မှာလဲ..သူ့မှအဲ့ကောင်မလေးကိုမှဘာမှမလုပ်
ခဲ့တာ..အဲ့ကောင်မလေးကခြေခေါက်သွားလို့
သူကူညီပြီးအိမ်ပို့ခဲ့ပေးရုံပဲရှိတာ..သူဘာမှ
မလုပ်ခဲ့ဘူး..ဟုတ်တယ်..သူရုန်းရမယ်..
သူမလုပ်ခဲ့တာအတွက်နဲ့အပြစ်ခံလို့မရဘူး..

ရုန်းလိုက်တာနဲ့သူ့ဂုတ်ပေါ်ကိုကျရောက်လာ
သောဆေးထိုးအပ်တစ်ချောင်း တနည်းပြောရ
ရင်မေ့ဆေး ဆေးထိုးအပ်ကိုအသားထဲကနေ
ဇွတ်ကနဲဆွဲထုတ်ပြီးတာနဲ့ထိုကောင်လေး
သည် အမှောင်ထုအတွင်းသို့ခနတာ
အလည်သွားလေသည်~~

*ထ..ထစမ်း..ဧည့်တွေ့လာတယ်..*

နားထဲကိုတစ်ဝိုးတစ်ဝါးလာတဲ့အသံတွေကို
ကြားနေရသည်မို့သူမျက်ခွံတွေသည်လေးပင်
စွာပင်ပွင့်လန်းလာသည် သူအခုရောက်နေတာအခန်းတစ်ခန်းထဲမှာ အိပ်ရာတစ်လုံးက
လွဲပီးဘာမှမရှိဘူး မှောင်လဲမှောင်နေတယ်
သံတိုင်တွေကလည်းရှိနေတယ် သူအခု
ထောင်ထဲမှာလား~~

~Injustice of criminal~Where stories live. Discover now