1.9

7.4K 933 167
                                    

"အဟွတ်.!"

ဝမ်ရီပေါ် က ဘေးနားကအရှင်ကမ်းပေးလာတဲ့ ရေတစ်ခွက်ကို ယူသောက်လိုက်တော့တယ်။ဝတ်ရုံလက်အနားစလေးနဲ့ ပါးစပ်လေးကို ခပ်ဖွဖွ သုတ်လိုက်တယ်။ပြီးတော့မှ အရှင့်ကို လှည့်ကြည့်မိတယ်။

"အဆင်ပြေသွားပါပြီ....အရှင်"

အရှင်က သူ့ကို စိုးရိမ်တကြီးနဲ့ စိုက်ကြည့်နေတုန်းပဲ။
ဝမ်ရီပေါ်က နေရခတ်စွာချောင်းတစ်ချက်ဟန့်ပြီး မျက်နှာလွှဲတော့ သူ့ရည်းစားဟောင်းကြီးရဲ့ အကြည့်စူးစူးနဲ့ဆုံတယ်။
ဘာလို့ အရှင့်သားက သူ့ကို ဒီလိုမျိုးကြည့်ရတာလဲ။
ကြည့်ချင်းကြည့် သူက ကြည့်ရမှာမဟုတ်ဘူးလား။
ကြိုဆိုပွဲကို နောက်ကျမှရောက်လာတာကြောင့် ယောင်လည်လည်ဖြစ်နေတဲ့သူ့ကို အရှင် က နေရာပေးခဲ့တာ။

ဇာတ်လိုက်မနဲ့ စကားပြောနေပုံရတဲ့ အိမ်ရှေ့စံက သူ့ကို ဘယ်မြင်နိူင်ပါ့မလဲ။အဲ့ဒါထက်ပိုပြီးစိတ်ညစ်စေတာက တသဲ့သဲ့ကြားနေရတဲ့စကားသံတွေ။
'ဇာတ်လိုက်မက ကြင်ယာတော် ဖြစ်ဖို့ သေချာနေပြီ'ဆိုတဲ့ ထင်ကြေးပေးသံတွေက သူ့ဒေါသတွေကို ဆွနေသလိုရှိတယ်။
ဒေါသထွက်ထွက်နဲ့ နင်းကန်စားရင်းနဲ့ သူ သီးသွားရတာ။တရားခံက သေချာပေါက် သူ့ရည်းစားဟောင်းကြီးကြောင့်ပေါ့။

"အဆောင်တော်ပြန်နားလိုက်မလား..ရီလေး"

"ဟင့်အင်း..."

ရီပေါ် က ခေါင်းကိုအသည်းအသန်ခါတယ်။အခုမှရောက်ပြီးအခုပြန်သွားရင် ဘယ်တန်ပါ့မလဲ။
သူကဘာမှဟုတ်တိပတ်တိ မစားရသေးဘူးရယ်။

အဲ့တာတစ်ခုတည်းရယ်ကြောင့်လည်းမဟုတ်ပါဘူး။
ဝမ်ရီပေါ်က သူ့ရည်းစားဟောင်းကြီးကိုဇာတ်လိုက်မ နဲ့လွှတ်ပေးထားလောက်ရတဲ့အထိ မရက်ရောတတ်သေးတာလည်း ပါ ပါတယ်။

"ကျနော်မျိုး အဆင်ပြေပါတယ် အရှင်"

"ရီလေးသဘောပါ..ရော့ ဒါလေးသောက်ကြည့်လိုက်"

ဝမ်ရီပေါ်က ကြွေခွက်လေးထဲက အနီရောင်အရည်တွေကိုတစ်လှည့် ချူးရှပြည့်ရှင်ကို တစ်လှည့်ကြည့်တယ်။
ချူးရှရဲ့ပြည့်ရှင်က ပီတီဖြာနေတဲ့ အပြုံးကြီးပြုံးပြလာတာကြောင့် ဝမ်ရီပေါ်ကအားနာပါးနာနဲ့တစ်ချက်ပြန်ပြုံးပြလိုက်တယ်။

The Protagonist is My Ex [Completed]Where stories live. Discover now