Never Say LOVE You

2.1K 154 0
                                    

#Never say love you

#krisyeol


နီကျင်ကျင် ပြာလဲ့လဲ့ ဝင်းဝါဝါ ခရမ်းတစ်လှည့် မြူတစ်လှည့် လှုပ်ရှားပြေးလွှားနေသော ရောင်စုံမီးဆလိုက် အလိုက် DJ တေးသွားနဲ့အတူ ကွေးအောင်ကနေတဲ့လူတွေကိုကြည့်ရင်း သူခေါင်းထဲတွင်မူးဝေလာသည်။

''Aishh....''

သူလက်နဲ့ဆံပင်ကိုတစ်ချက်ထိုးဖွလိုက်ရင်းညည်းတွားမိတယ်။ ပုလင်းထဲကလက်ကျန်ကိုမော့သောက်လိုက်ရင်းသူအိမ်ပြန်ဖို့စိတ်ကူးလိုက် သည်။ယိုင်တိုင်တိုင် ဖြစ်ချင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းလျှောက်လာရင်း EXIT နားရောက်တော့လူတစ်ယောက်ရဲ့ဆောင့်ဆွဲခြင်းကိုခံလိုက်ရလေရဲ့...

''yah...Park Chanyeol!မင်းငါ့ကိုတောင်မစောင့်ဘဲပြန်တော့မယ်ပေါ့လေ''

Chanyeol ပိတ်ကျတော့မယ့် သူ့မျက်ခွံတွေကိုအတင်းပြန်ဖွင့်ရင်းတောင်းပန်သည့်ပုံစံနဲ့ပြုံးပြလိုက်တယ်။

''sorry ကွာ။ငါအရမ်းမူးလာလို့''

''လာပါကွာ....မင်းကလည်း။အပြန်ကျရင်ငါလိုက်ပို့မှာပေါ့။ဟော....ဟိုမှာတွေ့လား...ဟိုဆော်လေးတွေမိုက်တယ်နော်။သူတို့နဲ့သွားကရအောင်...လာ''

yeol သူ့သူငယ်ချင်းညွှန်ပြရာကြည့်လိုက်တော့ကိုယ်ခန္ဓာရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ မိန်းမလှတစ်စုကသူတို့ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတာကိုတွေ့လိုက်ရလေရဲ့......

''ငါ.....ငါ....သူတို့ကိုကြောက်တယ်''

yeol စကားကြောင့် သူငယ်ချင်း မှာ တဟားဟားနဲ့အားရပါးရရယ်ရင်း...

''မင်းကတော့ချစ်စရာလေးတွေကိုကြောက်စရာကြီးလို့ထင်လိုထင်နဲ့။မင်းအရမ်းမူးနေပြီထင်တယ်။မင်းပြန်ချင်ရင်ပြန်တော့ကွာ...ရပါတယ်။ငါ ကတော့ဆက်ကဲလိုက်ဦးမယ်။bye...friend''

''bye''

yeol ပြန်နှုတ်ဆက်လိုက်ရင်းလှည့်ထွက်လာမိသည်။သို့သော်အမှောင်ထုထဲမှလူတစ်ယောက် ကြည့်နေတာကိုတော့သူမမြင်လိုက်ပေ။

''ချစ်စရာလေး.....''

○○○○○○○○○○○○○○○○○○○○○○○○○

Never Say LOVE YouWhere stories live. Discover now