"အကို ကျွန်တော်ဒီမှာ"
ဂျောင်ကုရဲ့ ခေါ်သံကိုကြားသည်နှင့်ထယ်ယောင်းဟာ ခပ်သုတ်သုတ်မပြေးရုံတမယ်လျောက်သွားမိသည်။ဂျောင်ကုကလဲ သူရှိရာဆီအပြေးတပိုင်းရောက်လာခဲ့သည်။လက်ထဲက လက်ဆွဲအိတ်ခပ်သေးသေးကို ဂျောင်ကုကလက်လွှဲယူကာ ထယ်ယောင်းနဖူးမှ ချွေးစတို့ကို လက်ဖြင့်ဖိသုတ်ပေးလေသည်။
"တော်သေးတာပေါ့ ငါကမင်းမလာတော့ဘူးထင်နေတာ"
"မလာစရာလား အကိုရယ်~ ကျွန်တော်မှအကို့ကိုမခွဲနိုင်တာ"
"ဂျောင်ကု အခုဘယ်သွားကြမှာလဲ~အကိုက မင်းခေါ်တဲ့နောက်ကိုလိုက်ရမှာနော်"
"စိတ်ချပါ ကျွန်တော်က ဆင်းရဲပေမဲ့ အကို့ကိုတော့ပျော်အောင်ထားနိုင်ပါတယ်ဗျာ"
"ဒါဆို မြန်မြန်သွားရအောင် အိမ်ကရိပ်မိပီးလိုက်လာရင်သေမှာ"
ဂျောင်ကုက ထယ်ယောင်းရဲ့ အထုတ်ကို ညာဘက်လက်ကိုပြောင်းကိုင်လိုက်ပီး ဘယ်ဘက်လက်က ထယ်ယောင်းရဲ့ လက်ကိုလာရောက်ယှက်သွယ်လေသည်။
ကားကြီးကွင်းထဲက ကောင်လေးနှစ်ယောက်ဟာ မိဘသဘောမတူလို့ ခိုးပြေးလာကြတယ်လို့မည်သူကထင်မည်နည်း။
ဟုတ်သည်။ကိန်းကြီးခန်းကြီးနိုင်သော ထယ်ယောင်းရဲ့ မိဘတွေက ဂျောင်ကုနဲ့ချစ်ကြိုက်တာသိပီးထဲက ထယ်ယောင်းကို အိမ်ထောင်ပြုပေးရန်စီစဉ်ခဲ့ကြသည်။အဓိကက ဆင်းရဲလို့ဟုသော အကြောင်းပြချက်ဖြင့်သာ။
သူတို့ပေးစားမဲ့ မိန်းကလေးနဲ့ စေ့စပ်မည့်နေ့မှာပဲ ချစ်ရသော ဂျောင်ကုနောက်ကို ခိုးရာလိုက်ခဲ့သည်။ဝေးမှမဝေးချင်တာ ချစ်ရသူနဲ့သာဆို ဒုက္ခကြုံရလဲ အဆင်ပြေတယ်...
ဂျောင်ကုဟာသူ့ထက်၂နှစ်ငယ်သော ဆရာဝန်ပေါက်စလေးဖြစ်သည်။မေမေ့ကိုဆေးရုံပြရင်း ဂျောင်ကုနဲ့ ဆေးရုံမှာ ဝင်တိုက်ရင်းက အကြောင်းဖန်ခဲ့ရခြင်းဖြစ်သည်။ချစ်သူသက်တန်းမကြာသေးသော်လည်း ဂျောင်ကုဟာ သူ့ကို ထာဝရချစ်ပေးနိုင်မယ်ဆိုတာယုံကြည်သည်။
"အကို အိပ်ချင်ရင် ကျွန်တော့်ပုခုံးပေါ်မှီလိုက် ရောက်ဖို့က အဝေးကြီးလိုသေးတယ်"