အပိုင်း (၄)

464 104 66
                                    

တောင်တန်းပေါ်မှာ ဖြာတဲ့နေ
အပိုင်း (၄)

မီးဖို မှ ထင်းများ ပြာအဖြစ်သို့ တစ်ဖွဲဖွဲ
ကျရောက်လာသော အခါ
အနောက်မြောက်ဆောင်းသည် တဖြေးဖြေး
မင်းမူ လာသည်မို့ ပတ်ဝန်းကျင် တစ်ခုလုံး
နှင်းကျ သံ တစ်ဖြောက်ဖြောက် တို့ က ကြီးစိုးလာသည်။

နေရာပြောင်းလျှင် မအိပ်တတ်သောကြောင့် ၎င်း၊ တီးတိန် ဆောင်း က ထင်ထားသည်ထက် ပို၍ အေးနေ သည်က တစ်ကြောင်း ထိုအကြောင်းအရင်းနှစ်ခုဆုံလေတော့
ကောင်းကင်နိုင် မှာ အိပ်ရေးပျက်ရတော့သည်။

ဘယ်ဘက် ကို လှည့်၍ စောင် ကိုခေါင်းထိ ခြုံ လိုက်သည်။ ခြေထောက် ထံသို့ ရိုက်ခတ်ဘာသော အအေးဓာတ် ကြောင့်
ခြေအိတ်ဝတ်ထားသည့် ကြားထဲ က ပင်
ခြေချောင်းလေးများ ကို ကုတ်
ထားမိလိုက်သော်ငြား အအေးဓာတ် က လျော့ မသွား။

ညာဘက် ကို လှည့် ကာ စောင် ကို
ခြေထောက်ထိလုံအောင် ပြန်ခြုံ လိုက်သည်။
အနံတို အလျားတို သောစောင်ကြောင့်
ခေါင်းမှစ၍ ရင်ညွှန့်ထိ အေးခနဲ ။
တစ်သက်လုံး မိမိအရပ်ရှည်၍ အရပ်ပုသူများ အပေါ်မောက်မာခဲ့သည်များက အလျားတို၊အနံတို စောင်နှင့် တွေ့သောအခါ အားပါးတရ ချိုးချ ခံလိုက်ရလေသည်။

နှင်းသံတစ်ဖြောက်ဖြောက် ကား မသိလျှင်
မိုးရွာနေသလိုပင်
သွပ်မိုး မဟုတ် ဒေသထွက် ဝါးများ ၊ အရွက် တစ်ချို့ရောရောနှောနှော မိုးသော
အိမ်လေး ဖြစ်၍
နှင်းကျသံမှာမဆူညံပဲ နားထောင်လို့ကောင်းနေသည် ကို ကောင်းကင်နိုင်
ဝန်မခံ ချင်ပေမယ့်  ဝန်ခံ ရချေပေမည်။

လက်တွင်ဝတ်ထားသည့် Rolex နာရီ ကို ကြည့် လိုက်တော့ ည ၁၁ နာရီ က်ို
ညွှန်ပြလျက်ရှိသည်။

အဆိုးကြီးတော့ မဟုတ်သေး
နောက်တစ်နာရီ အတွင်း
သူအိပ်ပျော်အောင် လုပ်နိုင်လျှင်
နောက်ရက်မကူးခင် အိပ်ပျော်နိုင်မည့် အလားအလာတွင် ရှိသည်မို့ ကြိတ်မှိတ် အိပ်ရန် စိတ်ကူးမိသော်လည်း
တီးတိန်ဆောင်း က ရက်ရက်စက်စက်
အေးလှသည်။ စောင်ခြုံအောက် က
ခန္ဓာကိုယ်ကြီးသည် ကြမ်းကြား လေ နှိပ်စက် သဖြင့် ခဲတောင်တောင့် ဖြစ်ချင်နေသည်မို့

တောင်တန်းပေါ်မှာ ဖြာတဲ့နေ (တောင်တန်းပေါ်မှာ ဖြာတဲ့နေ)Where stories live. Discover now