Uni❤️
" ကျွန်တော်ညီအစ်ကိုလိုပဲသတ်မှတ်တယ် ကိုငယ် "
" သေချာလားရှောင်းကျန့် "
" … "
" မေးရင်ဖြေရှောင်းကျန့်! မထုံတတ်တေးလာမလုပ်နဲ့ငါ့ကို "
ဒါတောင်လူကိုအရေးမလုပ်ဘူး တကယ်အကြောတင်း !
ကြက်စွတ်ပြုတ်အတူတူသောက်နေကြတုန်းကအကောင်း ဒီအကြောင်းဟမိမှအခုလိုဖြစ်သွားရသည် ။" ဟာကွာ ! တောက်စ် ! "
အစောကအိပ်ချင်နေတဲ့လူက အခုကျကိုယ့်ကိုဒေါသထွက်နေသည်ပေါ့ ။ ကိုယ်ပြောတာမှားသလား ညီအစ်ကိုလိုသဘောမထားဘဲဘယ်လိုသဘောထားရမှာလဲ ၊ သူကရောကိုယ့်ကိုဘယ်လိုတွေများသဘောထားနေလို့လဲ ။ အမြဲတမ်းကိုယ်ကပဲအပြစ်ကြီးလုပ်ထားသလိုလိုဒေါသလာလာထွက်ပြနေတာ ဒီထပ်ပိုပြီးသည်းမခံနိုင်တော့ ။
" ကျွန်တော်ကဘာတွေများလုပ်နေလို့ဒေါသလာထွက်ပြနေတာလဲ ဟမ် !! အဲ့လိုဖြစ်နေတဲ့ကိုငယ်ကရောကိုယ့်ကိုယ်ကိုမှန်နေတယ်ထင်လို့လား "
" ဘာ !! "
" ဟုတ်တယ် ! အခုရောကျွန်တော်ပြောတာဘာမှားလို့လဲ "
" မင်းနဲ့ငါကညီအစ်ကိုဆက်ဆံရေးလား ဟမ် !! "
" မဟုတ်လို့လား ညီအစ်ကိုပဲကို "
" မင်းကိုညီတစ်ယောက်လုံးသဘောမထားတာမင်းအသိဆုံး "
အခုတော့ပါးစပ်ကထုတ်ပြောပြီပေါ့ …
" ဟွန်း ! သိပါတယ် ~ ဟိုးအရင်ကတည်းကညီအစ်ကိုလိုသဘောမထားမှန်း အိမ်မှာခေါ်ထားတာကိုမကြည်ဖြူမှန်း "
ဟော .. ပြောတာနဲ့ထင်တာကတစ်လွဲ !
ကိုယ်ပြောတဲ့သဘောက သူနဲ့ကိုယ်ရဲ့ပတ်သတ်မှုကအိပ်ယာထဲထိတောင်ရောက်နေပြီဆိုတာ …" ကျစ် !! ငါပြောတာအဲ့သဘောမဟုတ်ဘူး မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုကိုမင်းမသိဘူးလား ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား "
" ဘာလဲ ဘာမှမသိဘူး "
ရှောင်းကျန့်တို့အရူးကွက်စနင်းနေပြီ ။
YOU ARE READING
Apologize , my baby's father ( Complete )
Randomဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည် ။