sad boy

190 2 0
                                    

လူရယ်လို့မွေးလာတာနဲ့ သူတို့နောက်မှာကပ်ပါလာတဲ့ ကံတရားဆိုတာရှိတယ်။ တစ်ချို့ကတော့ မွေးလာတည်းက ချစ်ခြင်းတရားတွေအပြည့်နဲ့ပျော်ပျော်ရွှင်ရွှင်မွေးဖွားလာကြတယ်။ ဒါကတော့ သူတို့ရှေးဘဝကကောင်းမှုကုသိုလ်နဲ့ဘဲဆိုင်တယ်။ သူတို့ကုသိုလ်ကံကြောင့်သူတို့ အခုဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့အချစ်ခံပြီးမွေးဖွားလာကြတာဘဲလေ။ ကျတော်ကတော့ အ့လိုလူမျိုးထဲမှာပါမလာခဲ့ဘူး။ နာမည်ကသာ ကံကောင်း လူတွေကကျတော်ကို ကံကောင်းတဲ့ကောင်လေးမို့ ကံကောင်းလို့ဘဲမှည့်ထားတယ်ထင်နေတာ ကျတော်ဟာတကယ်တော့ ကံကောင်းဆိုတဲ့နာမည်နဲ့လိုက်အောင်မွေးလာခဲ့ရတာမဟုတ်ပါ။ တစ်ခါတစ်လေ ကျတော့်ကိုယ်ကျတော် ကံဆိုးလို့တောင်နာမည်ပေးလိုက်ချင်မိသည်။

ကျတော်ဟာ မိသားစုရဲ့အပိုလူတစ်ယောက်။ ကျတော်ဟာ ချစ်ခြင်းတရားနဲ့မထိုက်တန်တဲ့သူတစ်ယောက်ပါ။ ကျတော်ငယ်ငယ်တည်းက ကျတော်ကိုယ့်ကျတော် စဥ်းစားမိတယ်။ ကျတော်ဟာ အချစ်ခံဖို့ ထိုက်တန်ရဲ့လား။ ကျတော်ဘာကြောင့်အချစ်မခံရတာလဲ။ ကျတော်အ့တာတွေခနခနစဥ်းစားမိရင် ကျတော့်ကိုကျတော်တခြားလူတစ်ယောက်လို့ခံစားသွားရလောက်အောင်စဥ်းစားမိတယ်။
'မိသားစု'
မိသားစုဆိုတာ တစ်ယောက်နှင့်တစ်ယောက်ဖေးမပြီးချစ်ချစ်ခင်ခင်ရှိကြတဲ့အသိုက်အဝန်းလေးတစ်ခုလို့ ကျတော်ယူဆမိတယ်။ ကျတော် မိသားစုအမျိုးမျိုးကိုလေ့လာမိတယ်။ အ့မိသားစုတွေက ကျတော့်သူငယ်ချင်းမိသားစုတွေပေါ့။ ကျတော်သဘောအကျဆုံး အားအကျဆုံးမိသားစုလေးတစ်စုက ကျတော်သူငယ်ချင်းကောင်မလေးရဲ့မိသားစုပေါ့။ သူ့အမိုးနဲ့အပါးက ကျတော့်ကိုသားတစ်ယောက်လိုဆက်ဆံကြတယ်။ ဆယ်တန်းတည်းကဆို သူ့အိမ်မှာစာသွားကျက်တာ သူ့သမီးလိုဘဲတော်တော်လေးဂရုစိုက်တယ်။ သူ့အပါးကလည်း ကျတော့်ကိုခင်တယ်။ ကျတော် အ့မှာစာလုပ်နေတုန်း သူတို့ဘာလို့ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်လဲဆိုတာ သူတို့က မိသားစုဝင်တစ်ယောက်ချင်းဆီကို အရမ်းအလေးထားတယ် တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိကြတယ်။ အကြီးမို့လို အငယ်မို့လို့ ဘယ်သူ့ကိုပိုချစ်တယ်ဆိုပြိီးသူတို့မှာမရှိဘူး မိဘတွေကိုယ်တိုင်ကသားသမီးတွေကိုတန်းတူညီတူချစ်ပြီးအလေးထားကြတယ်။ ကျတော် သူတို့မိသားစုကိုအရမ်းအားကျဖြစ်တာပေါ့။ ကျတော်လည်းပျော်ပျော်ရွှင်ရွှင်နေချင်တယ်။ မိသားစုနဲ့အေးအေးချမ်းချမ်းနေချင်တယ်။ ကျတော့်မိသားစုက သူတို့မိသားစုလောက်ပျော်ပျော်ရွှင်ရွှင်မနေရပါ။ ကျတော်သည်းခံပြီးနေသလောက် အကောင်းမြင်မခံရတာများတယ်။ ကျတော်လေ ကျတော့်မိဘတွေဆီက အချစ်ကိုကောင်းကောင်းကြီးခံယူချင်တယ်။ ဒါပေမဲ့ ကျတော်ဟာ ဂေးတစ်ယောက်ဖြစ်နေလို့ ကျတော်အဖေဖြစ်သူဟာကျတော့်ကိုမုန်းနေတယ်။ ကျတော်ဘာလုပ်လုပ် ကျတော့်ကိုအကောင်းမမြင်နိုင်တော့ပါ။ ကျတော်ဟာ လူလူချင်း အတူတူတောင် ကျတော့်သူငယ်ချင်းကောင်မလေးလို မိသားစုဆီက ချစ်ခြင်းတရားတွေနားလည်မှုတွေကို ကျတော်တစ်စက်လေးမှမခံစားရခဲ့ဘူး။
သူငယ်ချင်းယောကျာ်းလေးအိမ်လာလည်တာတောင် ကျတော်ထွက်တွေ့မို့ ခြေလှမ်းလှမ်းစဥ်ဘဲ ရင်နာလောက်တဲ့စကားသံဟာကျတော့်ရင်ဘတ်ကိုစူးချွန်ချွန်နဲ့ပြစ်လွှတ်လိုက်သလိုဘဲ
"ဒီကောင် ဘာတွေရှုပ်ထားပြန်ပြီလဲမသိဘူးတဲ့"
ကောင်းရော လောကကြီးရယ် လုပ်ရက်လိုက်လေခြင်း ပြောရက်လိုက်တာဆိုပြီး ကိုယ့်ရင်ဘတ်ကိုနာနာထုပြီးသေသာသေလိုက်ချင်တော့သည်။  ကျတော့်မှာ သူငယ်ချင်းကိုအားနာလိုက်တာ ကျတော်မျက်နှာကိုမပြရဲလောက်အောင် ကျတော်ရှက်ရွံပြီး သူငယ်ချင်းကိုနောက်နေ့မှလာခဲ့မယ်ဆိုပြီးသာပြောပြီးပြန်လွှတ်လိုက်ရတယ်။ ကျတော်က ဂေးမို့လို့ အရာရာကိုအထင်သေးခံရတယ် သူငယ်ချင်းယောကျာ်းလေးလာတာတောင် ကျတော်ရှုပ်ထားတယ်ဆိုပြီးစွပ်စွဲတာခံလိုက်ရတယ်။ ကျတော်လေ အပြင်လူတွေဘာဘဲပြောပြောဘယ်လောက်အထင်သေးသေးကျတော်ဂရုမစိုက်ဘူး ကျတော့်ဖြစ်တည်မှုနဲ့ကျတော်မို့ ဘယ်အရာမှမခံစားဘူး။ ဒါပေမဲ့ အဖေဖြစ်သူကိုယ်တိုင်က ကျတော့်ကိုအထင်သေးအမြင်သေးပြောခံရတာတော့ ကျတော့်ဘဝကြီးပျက်မတတ်ကျတော်ခံစားရတယ်။ အ့ကိစတွေဖြစ်ပြီးတည်းက ကျတော် အဖေ့ရှေ့မှာလူလုံးထွက်မပြရဲပါ။ ကျတော်လုပ်တဲ့အရာရာတိုင်းဟာ အဖေအတွက် မျက်စိစပါးမွှေးစူးစေခဲ့တယ်။ ကျတော်လမ်းလျှောက်ရင် အခြောက်လိုလျှောက်တယ်။ ကျတော်စကားပြောရင် အခြောက်သံနဲ့ ။ ကျတော်ငိုရင် အခြောက်မို့လို့ငိုတယ်။ ကျတော်အ့လိုအပြောခံအဆိုခံရပြီးတဲ့အခါ ကျတော်အရာရာကို ကြောက်ရွံလာတယ်။ ကျတော်လမ်းလျှောက်ရင် အ့လိုအပြောခံရမှာကျတော်ကြောက်တယ်။ ကျတော်စကားပြောရင် အ့လိုအသံကြီးဖြစ်ပြီးယောကျာ်းကယောကျာ်းလိုမပြောဘူးလို့အပြောခံရမှာကျတော်ကြောက်တယ်။ နောက်ဆုံး ကျတော်ဟာငိုရင်တောင် အခြောက်မို့လို့ အပြောခံရတာ ကြောင့် ကြိတ်ငိုခဲ့ရတယ်။ အသံကြားမှာစိုးလို့အိမ်သာမှာသွားငိုခဲ့တဲ့အကြိမ်အရေအတွက်တွေမနည်းတော့ပါ။ ကျတော် နောက်ဆုံးတော့ သူလာရင်အခန်းထဲအောင်းနေရတာက ကျတော့်အတွက်တော့ အနည်းငယ်စိတ်သက်သာရာရတာပေါ့။ သူမမြင်ရမကြားရရင်ပြောမှာလည်းမဟုတိတော့ဘူးဆိုပြီး အခန်းကိုအမှောင်ချကာ ကျတော်တိတ်တဆိတ်လေးနေဖြစ်တယ်။ ကျတော့်အခန်းကျဥ်းကျဥ်းလေးဟာ ကျတော့်အတွက်တော့ စိတ်သက်သာရာရပြီးသက်တောင့်သက်သာနေနိုင်အောင်ပေးတဲ့ကမ်ဘာငယ်လေးတစ်ခုလိုပေါ့ ။            ။

Starry NightWhere stories live. Discover now