ကျတော့်ဘဝမှာ မရိုးနိုင်သောအိမ်တွင်းပြသာနာတွေဟာနေ့စဥ်ရက်ဆက်ဖြစ်လာခဲ့တယ်။ အဖေဟာ ပြန်ပြင်လို့မရတော့တဲ့စကားတစ်ခွန်းကိုဆိုခဲ့တယ်။ "မင်းကငါ့သားမဟုတ်ဘူး ငါမွေးထားတဲ့သားသမီးတွေထဲမှာ မင်းလိုကောင်ကိုအမုန်းဆုံးဘဲ"တဲ့ ကျတော့်ရင်ထဲဗလာင်ဆူနေခဲ့တယ်။ ကျတော့်ကိုလက်ညိုးတစ်ထိုးထိုးနဲ့ဒေါသတကြီးပြောနေတဲ့အဖေဟာ ကျတော့်ကိုပြတ်လုဆဲဆဲသံဃောစဥ်ကို သူဖြတ်တောက်ခဲ့တယ်။ ကျတော့်ကိုအရှိန်ပြင်းပြင်းကျလာတဲ့လက်ဝါးဟာ ကျတော့်တစ်ဘဝတာနာကျင်မှုထက်ပိုနာကျင်စေခဲ့တယ်။ အမေကတော့ မျက်ရည်တွေနဲ့ကျတော့်ဘက်ကနေကာကွယ်ပေးရှာတယ်။
အဲ့ညဟာကျတော်အတွက် သေချင်လောက်အောင်စိတ်ပျက်စေခဲ့တယ်။ ကျတော်ရင်ဖွင့်ဖို့လူကကျတော့်ရဲ့ချစ်သူဘဲ ကျတော့်ခေါင်းထဲမှာမောင့်ကိုဖက်ပြီးငိုပြောချင်တာဘဲသိတာ မောင်သာကျတော်ဘက်ကမို့ ကျတော်ရင်ဖွင့်ခဲ့တယ်။ မောင်က အလုပ်တွေနဲ့ပင်ပန်းနေတတ်တာမို့ ပါးရိုက်ခံရတဲ့အကြောင်းကိုကျတော်မပြောဖို့ဆုံးဖြတ်လိုက်တယ်။မောင်ကတော့သားဖချင်းစကားများတယ်ထင်ပြီးနှစ်သိမ့်ပေးနေတာ ကျတော့်ရင်ထဲမချိလောက်အောင်ခံစားခဲ့ရတာမောင်မသိအောင်မပြောပြခဲ့ဘူးလေ။ မောင့်မှာလည်းစိတ်ညစ်စရာတွေအများကြီးရှိတာကို ကျတော်မရိပ်မိလိုက်ဘူး ။ ကျတော်vid တစ်ခုပို့ပြီး I'll marry u like them ဆိုပြီးပို့တဲ့အချိန် မောင်ဟာဘာမှပြန်မပြောခဲ့။ ကျတော့်မှာ မြတ်နိုးရလွန်းလို့ မောင့်ကိုပျော်အောင်ထားမယ် လက်ထပ်ယူမယ်ဆိုပြီးကျတော်ပြောမယ်ပေါ့ ။ဒါမဲ့မောင့်ဘက်ကဘာမှမတုန့်ပြန်တဲ့အခါ ကျတော်စိတ်ညစ်နေတာနဲ့အတူစုပေါင်းပြီးမောင့်ကိုအလေးမထားတာလားမေးမိတယ်။
မောင်ကအိမ်ကပြသာနာတွေနဲ့စိတ်ညစ်နေတဲ့အချိန် ကျတော့်ကိုမပြောဘဲကြိတ်ခံစားနေတာကိုကျတော်မုန်းတယ်။.မောင်စိတ်ညစ်ပြီးပြောလိုက်မိတဲ့စကားဟာ ကျတော်တို့နှစ်ယောက်ကိုစကားများစေခဲ့တယ်။ကျတော်လည်းစ်တ်ညစ်နေတာအလျှောက် မောင်မချစ်တော့မှာကိုသေအောင်ကြောက်ရသူမို့အတန်တန်မေးခဲ့မိတယ်။ နှစ်ယောက်သားဖိအားတွေများလာတဲ့အခါ ကျတော်တိူ့နှစ်ယောက်ဆက်ဆံရေးအပေါ်ပုံချမိကြသည်။ မောင်ဟာကျတော့်ကိုထားသွားခဲ့ရင့ဆိုတဲ့အတွေးဟာ ကျတော့်ကိုသတ်နေလောက်အောင်ခံစားရစေတယ်။
သဘောကောင်းလွန်းတဲ့မောင်ဟာ အခုဖြစ်တဲ့ပြသာနာမှာဖိအားတွေနဲ့အတူတူသဘောမကောင်းနိုင်ခဲ့ပါ။ ကျတော့်မှာအရူးမိီးဝိုင်းသလိုခံစားပြီးအရာရာကိုလက်လျော့သွားရမှာတော့ကြောက်မိတယ်။ ကျတော် အသက်မရှင်ချင်လောက်အောင်ကျတော်ဟာသောကအပူမျက်ရည်တွေနဲ့တစ်ညတာဖြတ်သန်းခဲ့ရတယ်။
မောင်မရှိတဲ့ ကမ်ဘာဟာ ကျတော့်အတွက် ကြယ်တွေမရှိတော့တဲ့ကောင်းကင်မှောင်ကြီးလိုဘဲမှောင်မိုက်နေခဲ့တယ်။ မောင့်အပေါ်ထားတဲ့သံဃောစဥ်တွေဟာ ကြယ်တာရာတွေကြားက နဂါးငွေ့တန်းတွေလိုဘဲအဆုံးမရှိခဲ့ပါ။ မောင့်ရဲ့စိတ်ကိုမဖတ်ခဲ့တဲ့ကျတော်ဟာ သောင်ပြင်မှာလွတ်နေတဲ့နွားတစ်ကောင်လို့ ကောင်းကင်ကြီးကိုမော့ကြည့်ပြီးကျတော့်ရဲ့ခံစားချက်တွေကိုတီးတိုးပြောနေခဲ့မိတယ်။
ကျတော်ရဲ့ခံစားချက်တွေ ပြင်းထန်ပြီးရင်ဘတ်တွေအောင့်လာတဲ့အခါ ကြယ်တွေဟာရုတ်ချည်းတောက်ပလာပြီး ကြယ်တစ်လုံးဟာကြွေကျခဲ့သည်။ ကြယ်တွေပြန်လင်းလက်တာဟာမောင့်အချစ်တွေပြန်ရှင်သန်လာတာကိုပြောတာဘဲလို့မှတ်ယူရင်း ကောင်းကင်ကြီးတိုင်တည်နေမိတယ်။ ။.................................................................
Oct 10/ 5pm