Unicode
ကျွန်တော်ကငယ်ငယ်ကတည်းမိဘဆိုဘာလည်းမသိခဲ့ဘူး သိတက်တဲ့အရွယ်ကစပြီးသခင်လေးတို့အိမ်မှာအလုပ်လုပ်ခဲ့တယ် ငယ်ငယ်ကတော့သခင်လေးကျွန်တော်နဲ့အမြဲဆော့ပေးခဲ့တယ် သခင်မကြီးရယ်သခင်ကြီးရယ်ကလဲသဘောကောင်းတယ် ဒါပေမဲ့သခင်ကြီးနဲ့သခင်မကြီးဆုံးသွားကတည်းကသခင်လေးကို သခင်လေးရဲ့ဦးလေးကခေါသွားခဲ့တယ်နိုင်ငံခြားဆိုတဲ့နေရာကြီးကိုသခင်လေးကိုငယ်ငယ်ကပဲမြင်ဖူးခဲ့တယ် သခင်လေးနေရောကောင်းရဲ့လား အချိန်မှန်ထမင်းစားလား စာတွေရောလိုက်နိုင်လား ကျွန်တော်ကတော့သခင်လေးရဲ့ဦးလေးကျေးဇူးကြောင့်ကျောင်းတက်ခဲ့တယ် အခုဆိုဘွဲ့တောင်ရနေပြီ သခင်လေးကျွန်တော့်ဆီပြန်မလာတော့ဘူးလား ကျွန်တော်သခင်လေးကိုအရမ်းလွမ်းတယ်သိလား
"Seokieလေး ဘာတွေတွေးနေတာလဲ"
"ဘာမှမတွေးပါဘူး ကြီးကြီး"
"သား ဒီနေ့လေခြံထဲကပန်းတွေကိုအနီရောင်ပြောင်းစိုက်ရတော့မယ် ဒီနေ့တစ်ရက်အပင်ပန်းခံလိုက်ပါလားseokieလေး"
"ဟမ် ခြံထဲကအဖြူရောင်နှင်းဆီပန်းတွေကဘာဖြစ်လို့လဲ ကြီးကြီး"
"သားငယ်လေး မနက်ဖြန်ပြန်လာမှာ"
"ဟမ် ဟုတ်လားကြီးကြီး"
"ဟုတ်တယ် နောက်ပြီးသူရဲ့သတို့သမီးလောင်းပါပါမှာလေ"
"အမ် သခင်လေးကလက်ထပ်တော့မှာလား"
"အမ်း အဲလိုပဲပြောရမှာပေါ့ Yoonjin
ေလေးကနှင်းဆီအနီကိုအရမ်းကြိုက်တာလေ အဲတာကြောင့်စိုက်ခိုင်းထားတာ""Awကြီးကြီး အဲတာဆို ကျွန်တော်သွားစိုက်လိုက်အုန်းမယ်"
ကြီးကြီးရှေ့မှာမျက်ရည်မကျချင်လို့ခြံထဲကိုထွက်လာခဲ့မိတယ် သခင်လေးပြောတော့ "seokie kookကိုစောင့်နေမယ်မလား"အခုတော့ သခင်လေးပြောခဲ့တဲ့စကားတွေမေ့သွားပြီလား😭ဟုပ်ပါတယ် ချမ်းသာတဲ့သခင်လေးနဲ့ကျွန်ဖြစ်တဲ့ကျွန်တော်နဲ့ဘယ်လိုမှ့မလိုက်ဖက်ပါဘူး ရှိတဲ့အချစ်စိတ်တွေလဲဒီနေ့ကစပြီးမေ့ပြစ်ဖို့ကြိုးစားပါတော့မယ်
တစ်ဖြည်းဖြည်းနေရောင်ခြည်လေးလဲပျောက်သွားရှာပြီ ညနေလဲရောက်တော့မယ် ပြင်ဆင်စရာရှိပြင်ဆင်ထားမှ
YOU ARE READING
hopekook one short(Uni/Zwg)
Fanfictionအကြံဥာဏ်ပေးလို့ရပါသည် Hopekook 10.10.2021 အကြံဥာဏ်ပေးလို့ရပါသည်