ဆောင်းဟွန်း၁၂ နှစ်သားအရွယ်ကတီဗွီကလာတဲ့
ဒေးဗစ်ကိုပါဖီးလ် ရဲ့ မျက်လှည့်တွေ ကို
အဆန်းကြယ်ဆုံးလို့ထင်ခဲ့မိသည်။တကယ်တမ်း....
မြတ်နိုးမှုလို့ အမည်တွင်တဲ့ နှလုံးသားရပ်ဝန်းမှာ
ဖျက်ကနဲ တိုက်ခတ်သွားတဲ့
ခံစားချက်သေးသေးလေးကသာလို့ပင်
ဆန်းကြယ်သေးသည်။
အမှန်ပဲ ...။
အချစ်က လျှို့ဝှက်ချက်တစ်ခုနဲ့တူသည်။
ဘယ်လောက်ထိ များ ဆန်းကြယ်လိုက်လဲဆို
တစ်ခါတစ်ခါ တားမြစ်ထားတဲ့ စည်းတွေကို ပေါ်ပေါ်ထင်ထင်ကျော်ပြီး တစ်လောကလုံးနဲ့ရင်ဆိုင်စစ်ခင်းမို့အတွက် သိပ်ချစ်ရသူရဲ့
အပြုံးလေးနဲ့တင် အဆင်သင့်ဖြစ်နေသလိုပေါ့။"ဆောင်းဟွန်း ငါဒီနေ့ ဒီမှာအိပ်မယ်"
အမည်းရောင် အိတ်ကို ဆိုဖာ ပေါ်ပစ်တင်ရင်း
ဂျုံဆောင်းက မသာမယာအသံနဲ့ပြောသည်။
မျက်နှာမှာလည်း တစ်စုံတစ်ရာကို
စိတ်ပျက်မှုတွေ ဝမ်းနည်းအားငယ်မှုတွေကို
လည်း အထင်းသားတွေ့ရသည်။" ဘာဖြစ်လာပြန်တာလဲ "
ဆောင်းဟွန်းမေးသည်ကို
ဘာမှ မဖြေကြားပဲ သူ့ရင်ခွင်ထဲ ခေါင်းအပ်ပြီး အပွေ့အဖက်လိုချင်နေတဲ့
ကြောင်ပေါက်လေးလို သူ့ကိုအတင်းဖက်လာသည်။ သူလည်းအလိုက်တသိ ဖက်ပေးလိုက်တော့
ငိုသံ လေးကို ခပ်ဖွဖွကြားရသည်။
ခေါင်းလေးကို ပွတ်သတ်ပေးမိရင်း
အငိုတိတ်အောင်ချော့ပေးမိသည်။" ဆောင်းဟွန်း ပြောစမ်းပါ ငါက ဘာများမပြည့်မစုံဖြစ်နေလို့ သူက ငါ့ကို အမြဲ အပြစ်ရှာနေရတာလဲ? ငါ... ငါ သူ့စိတ်တိုင်းကျ ဖြစ်အောင်
စန္တရားတီးတာကိုလည်းစွန့်လွှတ်ပြီး
အလုပ်ဝင်လုပ်ပေးတယ် ငါဘယ်နေရာများ
ယောကျာ်းမပီသနေလို့လဲ "အဆင်ပြေသွားမှာပါ ဆိုတဲ့ စကားကို ထပ်တလဲလဲပြောရင်းခေါင်းလုံးလုံးလေးကိုဖွဖွလေး ပွတ်သပ်ပေးမိနေတာကလွဲ ဆောင်းဟွန်း မတတ်နိုင်။ ဆောင်းဟွန်းကဘယ်သူမို့သူတို့ လင်မယား ကိစ္စ မှာ ဝင်ပါနိုင်မည်တဲ့လဲ။
အတန်ကြာငိုယိုပြီးနောက်ဂျုံဆောင်းရင်ခွင်ထဲမှ ထွက်ကာ ဆောင်းဟွန်းနှုတ်ခမ်းတွေကို
စတင်နမ်းရှိုက်လာသည်။ ဆောင်းဟွန်းရဲ့လက်တွေက အလိုက်သင့်စွာပင် ဂျုံဆောင်းကို ပွေ့ချီရင်း တစ်နေရာကို ဦးတည်ခဲ့ကြသည်။
ညဉ့်နက်ရဲ့ ညအမှောင်ဆိုတာ သူတို့ နှစ်ယောက်အတွက်အမြဲ အတူရှိနေစေဖို့
အကြောင်းခံတစ်ခုသာဖြစ်ကောင်းဖြစ်နိုင်သည်။
YOU ARE READING
FORBIDDEN //p.sh,p.js// Jayhoon
Fanfiction- One shot - Written in Burmese - Mainly Park Sunghoon and Park Jongseong - Both Unicode and Zawgyi are available