Baby gun

58 5 0
                                        

offတစ်ယောက် မီးဖိုခန်းထဲမှာချက်ပြုတ်နေတဲ့ gunသေးသေးလေးကိုထိုင်ကြည့်နေမိတယ်။ သေချာကိုချက်ပြုတ်ပေးနေတာမို့ ချွေးလေးတွေတောင်စို့နေရှာတယ်။ offမာမီဆီကနေ offအကြိုက်ဆုံးဟင်းချက်နည်းကိုသင်ပီးထားတာမို့ ဒီလိုပဲသူအားတိုင်းလာလာချက်ကျွေးနေကြ။

''Papi... ထိုင်မနေနဲ့ လာကူအုန်း''

အသံစွာစွာလေးနဲ့ပန်းကန်တွေကူသယ်ဖို့ပြောနေတဲ့gunအနားအပြေးလေးရောက်သွားပီးကူသယ်မိတော့ ချစ်စဖွယ်ကောင်းတဲ့မျက်စောင်းတချက်ပါရခဲ့သေးတယ်။

''မောသွားပီလား''

ထမင်းစားပွဲမှာမျက်နှာချင်းဆိုင်ထိုင်ရင်းoffပန်းကန်ထဲဟင်းတွေခပ်ထည့်ပေးနေတဲ့gunလေးကိုမေးမိတော့

''papiမျက်နှာလေးမြင်ရတော့အမောပြေသွားပီခ''

ခပ်တည်တည်နဲ့ပြန်ပြောတဲ့ကောင်ငယ်လေးကြောင့် offအကြီးအကျယ်ထရယ်ရသေးတယ်။ခုနကပဲ မျက်စောင်းထိုးထားပီးတော့ခုကြလာချွဲနေပြန်တာ။gunကအဲ့လိုပဲ။

''စားလို့ကောင်းလိုက်တာ အမေ့လက်ရာအတိုင်းပဲ''

offအပြောကြောင့် gunလေးကပြုံးရင်းခေါင်းငုံ့သွားရှာတယ်။ မျက်နှာလေးကရဲလို့။သေချာပေါက် အကောင်ငယ်လေးရှက်သွားတာနေမှာ။

ညနေစာစားသောက်ပီးတာနဲ့ သစ်သီးလေးတွေလှီးပေးနေတဲ့ gunက ပန်းကန်တွေကိုတော့offကိုဆေးခိုင်းပါတယ်။

အရပ်ရှည်သလောက် စိတ်မရှည်တဲ့ offကြောင့် ပန်းကန်တစ်ပန်းကန်ကွဲသွားတာမို့ gunဆူတာလဲခံလိုက်ရသေးတာတော့ ဒီညနေစာရဲ့အမှတ်တရပေါ့။

သစ်သီးလေးတွေစားပီး ညောင်းလာပုံရတဲ့gunက offရဲ့ပေါင်ပေါ်လှဲနေတာမို့ ဆိုဖာရဲ့ရှေ့ကခုံပေါ်က ရီမုဒ်ကိုယူပီး TVကောက်ဖွင့်ကာကြည့်လိုက်တော့တယ်။

''gun အိမ်ဘယ်ချိန်ပြန်မှာလဲ ကိုယ်ပြန်လိုက်ပို့မယ်နော် မန်နေဂျာကိုလာမခေါ်ခိုင်းနဲ့တော့ ''

''တကယ်လား papi''

''ဒါပေါ့ ကိုယ်နက်ဖန် အလုပ်အားတယ်လေ ညဘက်နောက်ကျမှအိပ်လဲရတယ် ''

Papi's gun (ongoing) Where stories live. Discover now