part-1.5

25 5 0
                                    

အမှောင်ထုကြီးစိုးနေသော ညတစ်ညမှာ မိုးများနှင့်အတူရွာသွန်းဖြိုး နေတဲ့ကောင်လေးတစ်ယောက်ရဲ့မျက်ရည်ဟာ အနှစ်နှစ်ကာလက မငိုဘူးတဲ့‌ ကလေးတ‌စ်ယောက်ပမာငိုကြွေးနေရင်းနှုတ်မှလည်းတတွတ်တွတ်ရွတ်ရင်း

"ကိုဘုန်း မကောင်းဘူး!"

"သဲငယ်ကိုချစ်တယ်လို့ပြောပြီးသဲငယ်စကားနားမထောင်ဘူး!!အင့်ဟင်း!!"

တပြိုင်နက်ထဲနှုတ်မှတတွတ်တွတ်ရွတ်ရင်းငိုနေတဲ့ ကလေးဆိုးလေးနဲ့တူတဲ့ Duty coat ဖြူဖြူလေးဝတ်ထားသောကောင်လေးကို ရင်အုပ်ကျယ်ကျယ်ကြီးနဲ့ လွှတ်ထွက်မသွားအောင်ဖတ်လာတဲ့ ကိုဘုန်း တစ်ယောက်မြင့်မားသောအရပ်ကြီးဖြင့်သူ့ရင်ခွင်ထဲက သူနှင့်မတိမ်းမယိမ်းသာကွာသည့်Duty coat ဝတ်ထားတဲ့ကောင်ဆိုးလေးရဲ့ ဆံပင်ကိုနမ်းရှိုက်ရင်း နှုတ်မှတတွတ်တွတ်ပြောကာချော့နေရရှာသည်။

တည်ငြိမ်ပြီးဩဇာအာဏာ ညောင်းတဲ့အသံဩဩတစ်ခုဟာသူ့ရင်ဖက်က ကောင်ဆိုးလေး ဆံပင်မှ ပုခုံးဆီသို့မျက်နှာအပ်ရင်း လူကြီးက ကလေးအား နားဝင်အောင် ချော့ပြောနေသည့်ပမာ ပြောနေရတယ်။

"သဲငယ်!!ကိုကိုက သဲငယ်နဲ့အတူတူရှိနေနိုင်ဖို့ ကိုကို့အလုပ်ကိစ္စ အပြီးပြတ် သွားရှင်းရမှာ သဲငယ်"

"ကိုကိုတို့လောကက ကိုယ်ခင်းတဲ့ဇာတ် ကိုယ်ဆုံးအောင်က ရတယ် !!သဲငယ်"

"ကိုကို!သဲငယ် ဆီအမြန်ပြန်လာမှာပါ"

"သဲငယ်ကလိမ္မာပါတယ်။"

"မဆိုးနဲ့တော့နော်...နော်"

"ကိုယ့်ရဲ့ ဒေါက်တာ အဆိုးလေးရဲ့!!"

‌"အင့်ဟင်း!!!!ကိုဘုန်း အဲဒီကို ပြန်မသွားဘူးလို့ သဲငယ်ကိုကတိပေးပြီးသွားပြီလေ။အခုမှ ဘာပြန်ဖြစ်ရတာလဲ"

"အော်!အဆိုးလေးက ဆိုးပြန်ပြီ။ ကိုယ့်ဒေါက်တာဆိုးလေးအတွက် ‌အိမ်ကရေခဲသေတ္တာထဲမှာ Candy 🍭စုတ်လုံးလေးတွေအပြည့်ဖြည့်ထားပေးခဲ့တယ်"

"အဲ့ Candy 🍭တွေကိုလည်းသိပ်မစားနဲ့ ရင်ကျပ်မယ်"

"အဲ့ Candy 🍭လေးတွေမကုန်ခင် ကိုကိုသဲငယ်နဲ့ သဲတုန်ဆီ အမြန်ပြန်လာခဲ့မယ်နော်"

ကောင်းကင်ကြီးကို မနာလိုဖြစ်မိတယ်Where stories live. Discover now