Ep-2(Final)

14.2K 547 74
                                    

ခက်ခဲကြယ်နဲ့တွေ့ပြီးတာနဲ့companyကိုဘဲသွားလိုက်တော့တယ်။ဟိုရောက်တာနဲ့necktieကိုလျှော့ချကာကိုက်နေတဲ့ခေါင်းကိုလက်နဲ့ဖိထားလိုက်တယ်။ရုတ်တရက်ဆိုင်မှုကျန်ခဲ့တဲ့ကြယ်ရဲ့မျက်နှာကိုပြန်မြင်မိလာတော့သက်ပြင်းချလိုက်မိတယ်။အမှန်ဆိုကြယ့်ထိခိုက်ရသွားအောင်မပြောချင်ပါဘူးဒါပေမဲ့ကြယ့်ကိုမြင်ရင်သူမကိုသတိရလာတယ်။သူမဟုတ်တယ်ခက်ခဲအရမ်းချစ်တဲ့သူမ။နိုင်ငံခြားသွားတော့မယ်ဆိုတဲ့စကားတစ်ခွန်းထဲနဲ့လမ်းခွဲသွားခဲ့တာ။ခက်ခဲသူ့ကိုအရမ်းချစ်တာသိရက်နဲ့သူမမို့လုပ်ရက်တယ်။သူမစိတ်ကြောင့်နဲ့ခက်ခဲကြယ့်ကိုအသုံးချမိသွားတာ။ကြယ်ကခက်ခဲကိုအရမ်းချစ်တာသိတယ်။မာမီတို့ကလည်းကြယ်နဲ့ဆိုခက်ခဲကိုစိတ်ချကြတယ်။အစကတည်းကမာမီတို့ကအစကတည်းကကေသာ့ကိုသဘောမကျကြဘူး။အမြဲတမ်းကေသာနဲ့မတွဲဖို့ပြောနေတာ။အခုလိုကေသာနဲ့ပျက်သွားပြီးကြယ်နဲ့တွဲလိုက်တော့မာမီတို့ကသဘောကိုကျနေရောဘဲလေ။ခက်ခဲတွေးနေတုန်းး

ဒေါက်..ဒေါက်..ဒေါက်

"ဝင်ခဲ့''

"Hey..ခက်ခဲမောင်''

"ဟေးးသားကြီးဝဏ္ဏ''

ဝဏ္ဏကခက်ခဲရဲ့သူငယ်ချင်းအရင်းကြီး။ငယ်ငယ်ကတည်းကအတူနေအတူသွားလာတဲ့သူငယ်ချင်းတွေ။

"အဆင်ပြေလားခက်ခဲ''

"ပြေတာပေါ့''

"ကြယ်နဲ့ရော''

"ဟင်းးးပြေပါတယ်''

ဝဏ္ဏသူ့ရှေ့ကကြယ့်အကြောင်းပြောတာနဲ့သက်ပြင်းချတဲ့ခက်ခဲကိုကြည့်ပြီးး

"ငါတစ်ခုပြောမယ်ခက်ခဲ''

"အင်းး''

"အမှန်တိုင်းပြောရင်ကြယ်ကမင်းနဲ့အလိုက်ဖက်ဆုံးဘဲ။မင်းကိုလည်းအရမ်းချစ်တာကြယ်က။အမြဲတမ်းမင်းမျက်နှာကိုဘဲကြည့်နေတဲ့ကြယ်ကိုဂရုစိုက်ပါကွာ''

"အေးပါကွာ''

"ဟင်းးးးးးးးး''

ခက်ခဲအိမ်ရောက်တော့

"သားးး''

"ဟုတ်Daddy''

"ပြောစရာရှိတယ်လာထိုင်ဉီးး''

မောင်....စေရင်(Oneshot)Where stories live. Discover now