Unicode
ဂျယ်ယွန်းကို အငိုတိတ်အောင် ချော့လိုက်ပြီး သိပ်ဖို့ ပြင်လိုက်တယ်
"ဂျယ်ယွန်း အိပ်မယ်လေ လာ ညတောင် အတော်နက်နေပြီ"
"ဟင့်အင်း မအိပ်ရဲဘူး နောက်နေ့ထပ်ကူးသွားရင် မင်းက ငါ့အပေါ် ထပ်ပြီး အရင်လိုဆက်ဆံရင် ဘယ်လိုလုပ်မလဲ ငယ်မအိပ်ရဲဘူး"
"မလုပ်ပါဘူး ဂျယ်ယွန်းရယ် အဲ့အချိန်မှာ ငါ စိတ်တွေအရမ်းပူထူပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါ ငါ တကယ်နောင်တရသွားပါပြီ ထပ်မလုပ်တော့ပါဘူး"
"ဆောင်ဟွန်း ငါ တစ်ခုကို မေးကြည့်လို့ရမလား"
"မေးလေ ယွန်း"
"လွန်ခဲ့တဲ့နှစ်ရက်က ငါ့ကို ဘာလို့ ဆိုးဆိုးဝါးဝါးတွေ ဆက်ဆံခဲ့တာလဲ ပြောပြလို့ရမလား"
"နောက်နေ့မှ ပြောပြလို့ရမလား ယွန်းငယ် ဒီနေ့အရမ်းပင်ပန်းနေလို့"
"ရတယ်လေ အိပ်တော့"
"လာ အိပ်မယ် သည်းတုံးလေး"
အရင်က ပတ်ဆောင်ဟွန်းဖြစ်သူကို ပြန်ရလိုက်သည့်အတွက် ဂျယ်ယွန်းအတိုင်းအဆမဲ့ ဝမ်းသာနေသည်
မင်းမှာ ဘာကိစ္စတွေပဲရှိနေရှိနေ ငါ့အနေနဲ့ လက်ခံဖို့ အဆင်သင့်ပါ ဆောင်ဟွန်းဆောင်ဟွန်းနဖူးကို ခပ်ဖွဖွနမ်းလိုက်ကာ သူပါ အိပ်ရာဝင်လိုက်သည်
~~
မနက်နိုးလာတော့ သူ့ဘေး ဆောင်ဟွန်းရှိမနေ
ရေချိုးခန်းထဲဝင်ကြည့်လိုက်တော့လည်း မရှိတာကြောင့် စိတ်ထဲ ငိုချင်စိတ်က မြင့်လာသည်
အောက်ဆင်းကြည့်ကာမှ မီးဖိုချောင်ထဲ လှုပ်လှုပ် လှုပ်လှုပ်နှင့် မနက်စာပြင်နေတဲ့သူ့ကို တွေ့လိုက်ရသည်"ဆောင်ဟွန်း"
ဆောင်ဟွန်းဆီ ပြေးပြီးသာ ရင်ခွင်ထဲ ဝင်၍ ငိုကြွေးမိလိုက်သည်
"ကလေးပေါက်စနလေးက ဘာလို့ ငိုနေတာလဲ ကြည့်ပါဦး ပေတူးလေး"
"မင်း မင်းထွက်သွားပြီထင်လို့"
"ငါပြောပြီးသားလေ မင်းဘေးနားက ဘယ်တော့မှ ထွက်မသွားဘူး မင်းက မောင်းထုတ်ရင်တောင် မင်းနား ကပ်ပါးကောင်လိုနေနေမှာ"
YOU ARE READING
ANATA TO
Fanfictionမင်းမရှိတဲ့အချိန်တွေမှာ ငါသေလောက်အောင်ခံစားခဲ့ရပြီးပြီမို့ မင်း ငါ့ကို ပြန်ရှာတွေ့တဲ့အချိန်တွေမှာတော့ ငါလုံးဝလက်မလွှတ်တော့ဘူး ကိုယ့်ရဲ့ခွေးပေါက်လေး