Ch 3

1.2K 159 16
                                    

Unicode

Chapter 3

ပထမဆုံးတွေ့ဆုံမှု

________________________

လတ်တလောမှာ နေ့တာညတာတူမျှသည့် နွေဦးရာသီဖြစ်သည်။ ယမန်ညက စန်းယာတောင်တွင် မိုးတစ်ပြိုက်ရွာသွား၍
ယခုနံနက် တောင်တစ်လွှား၌ မြူခိုးများဝေ့သီနေသည်။

စိမ်းလန်းသော သစ်ပင်ချုံနွယ်များက ပို၍ပင် စို​ပြည်လာပုံပေါ်ပြီး တောင်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထွင်းဖောက်ဝင်ရောက်ထားသော အလွှာအထပ်ထပ်ကို ပြသနေသည်။

ဆယ်ကျော်သက်လေးတစ်ဦး.. တောင်၏ကြမ်းတမ်းသောကျောက်လမ်းပေါ်တွင် လျှောက်နေသည်။ မြူတိမ်ပါးပါးက သူ့ကိုယ်တွင်ရစ်သိုင်းနေပြီး အပင်များပေါ်ရှိ ငွေ့ရည်စက်များက သူ့ကိုယ်ရုံအဝတ်အနားများကို စွတ်ဆိုစေသည်။

ဤလူငယ်လေး၏ သက်တမ်းမှာ အားသစ်လောင်းသည့်အရွယ်သာရှိဦးမည်။ သို့သော်လည်း သူ၏ခြေလှမ်းများမှာ နှေးလည်းမနှေး မြန်လည်းမမြန်ဘဲ ခိုင်ကြည်သည်။ ထို့အပြင် သူ၏ အကြည့်မှာ အေးဆေးသိမ်မွေ့ပြီး ထောင်လွှားမည့်လက္ခဏာ တစ်စွန်းတစ်စမျှ မရှိချေ။

ယှဥ်၍ပြောလျှင် သူ့နောက်က​လိုက်နေသော ပန်းရောင်ဝတ်မိန်းမငယ်လေးမှာ အတော်လေး စိတ်လောနေပုံပေါ်သည်။

ဟဲယန့်ယွင် တစ်ယောက် သူမအရှေ့ကသူ၏ ကျောပေါ်သို့ အကြည့်များကိုစူးစိုက်ထားသည်။

မကြာသေးမီကာလက လောရှစ်ရှုံးတစ်ယောက် စန်းယာတောင်၏ ဆက်ခံသူတပည့်ဖြစ်လာခဲ့သည်။
လောလောဆယ် သူဝတ်ဆင်ထားသည်က ရှုပ်ထွေးခန့်ညားသည့်ပွဲတက်ဝတ်စုံဖြစ်ပြီး ဟိုယခင်ဆင်မြန်း​ခဲ့သော ရိုးစင်းသည့် အဖြူရောင်ဝတ်စုံနှင့် အကွာကြီးကွာခြားသည်။

လောရှစ်ရှုံး၏ ဝတ်စုံအသစ်တွင် ဖဲသားဖြင့်ချုပ်ထားသော နက်ပြာရောင် အပေါ်ဝတ်ရုံနှင့် အသေးစိတ်ရေးဆွဲထားသည့် ထင်းရှူးပင်လယ်နှင့် ဆီးနှင်းပွင့်များ ထိုး​ထားသော အဖြူရောင်အောက်ခံဝတ်ရုံတို့ပါဝင်သည်။

သူ၏ အင်္ကျီလက်အနားနှင့် ကော်လံတို့ကိုမူ တိမ်စိုင်ပုံငွေချည်ထိုးများဖြင့် အနားကွပ်ထားသည်။
အရေးကြီးသည့် နောက်ဆုံးအရာမှာ သူ၏အပေါ်ဝတ်ရုံ ခါးအလယ်တွင် ချည်နှောင်ထားသည့် ရစ်ခွေနေသောနဂါးစိမ်းကျောက်စိမ်းဆွဲပြားဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 12, 2021 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်၏ ကြာပန်းဖြူရောင်ခြည် Where stories live. Discover now