အခန်း(၄၅)ဇာတ်သိမ်းပိုင်း

19.9K 1.7K 518
                                    

{ Unicode }

အယုဒဓ္ဓယတိုင်း ကျေးလက်အငွေ့အသက်တွေပြည့်နေတဲ့ နေရာလေးတစ်ခုမှာ ခပ်သေးသေးအိမ်လေးတစ်လုံးဆောက်ပြီး တစ်စုံတစ်ယောက်ကိုစောင့်တယ် ။ ထျန်းစစ်ရဲ့သနားသလိုမျက်ဝန်းအကြည့်တွေကို ရှောင်ဖယ်ရင်း အကြောတင်းပြတိုင်း ယင်းလုံကရင်ခွင်ထဲထည့်ပြီးတင်းနေအောင်လာလာဖက်တော့တာပဲ ။ လူကြီးပြန်လာမှ တိုင်ရဦးမည်
လူကြီးမရှိတာကိုအခွင့်ကောင်းယူပြီး ယင်းလုံကအသားယူပါတယ်လို့!

အိမ်ငယ်လေးရဲ့‌အရှေ့က မြေကွက်လပ်ကျယ်မှာ ယင်းညီအကိုက စိုက်ပျိုးထားတဲ့အသီးအနှံတွေကို ဂရုတစိုက်ရေလောင်းပေါင်းသင်နေတယ် ။ ထျန်းစစ်ကမီးဖိုချောင်ထဲမှာ..လူကြမ်းကြီးတွေက ဒါတွေလုပ်နေရတာမို့ နည်းနည်းတော့ကြည့်ရတာ ကိုးလို့ကန့်လန့်နိုင်ပေမဲ့ တစ်မျိုးချစ်စရာကောင်းနေပြန်ပါသည် ။ မြေကွက်လပ်လေးရဲ့ထောင့်နားက ကွပ်ပျစ်မှာထိုင်ရင်း ရှောင်းကျန့်က ဒူးခေါင်းပေါ်မေးတင်လို့ တဖြေးဖြေးအရှိန်အဟုန်နဲ့ထွန်းတောက်လာတဲ့ နေမင်းကြီးကိုကြည့်တယ် ။ မျက်လုံးတွေစူးပေမဲ့လည်း ပေတေပြီးကြည့်နေတဲ့ရှောင်းကျန့်က ဘေးကကြောင်မလေးအသံကိုကြားမှ အသိအာရုံပြန်ဝင်လေတော့သည် ။

"သမီးလေး လာပါဦး"

ကျင်းကော်ကိုပေါင်ပေါ်တင်ရင်း အမွှေးနုနုလေးတွေကိုပွတ်သတ်ပေးလိုက်တော့ ယင်းညီအကိုကလှမ်းကြည့်တယ် ။ တစ်နေ့တခြားပိုပိုပိန်လာတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး သက်ပြင်းချရတာလည်း အခါခါ ။

ခဏနေတော့ ချွေးတွေရောအိုးမဲတွေရော ပေတေနေတဲ့ ထျန်းစစ်က အနောက်ကနေထွက်လာပြီး ယင်းညီအကို ကိုဆူတော့တယ် ။

"မင်းတို့အခုထိမပြီးသေးဘူးလား! မြက်ရှိရင်နှုတ်လို့ပြောတာလေ မြက်စိုက်ခိုင်းနေတာမဟုတ်ဘူး!"

"ကျွန်တော်တို့လည်းလုပ်နေတာပဲလေ! ဒီမှာပြီးတော့မဲ့ဟာကို"

"ငါ့ကိုပြန်ခံပြောနေတာလား? မင်းတို့ကိုကြာလို့ပြောနေတာ ငါတောင်မနက်စာချက်ပြီးပြီကွ!"

"‌ဒါလုပ်ရတာကလက်ဝင်တယ်လေ မြက်တွေကိုနှုတ်ရင်း တခြားအပင်သေးသေးလေးတွေကိုလည်းမထိအောင်ထိန်းရတယ်"

ထောင်(Hades)Where stories live. Discover now