Uni
"မင်းကတော့ထိုင်လို့ရပါတယ် ဒါပေမယ့်သူကတော် ထိုင်လို့မရဘူး"ဖန်းဖန်းက
"ဒီမှာ ကျွန်မကလည်း ထိုင်ချင်လွန်းလို့ လာထိုင်တယ်များထင်နေလား လာအန်းအန်းသွားကြမယ် ငါမစားတော့ဘူး""အေးအေးကြွကြွ ချင်းဖန်းရန် တစ်ခုမှာလိုက်အုံးမယ် မင်းကငါ့မျက်စိရှေ့မှာပေါ်မလာလေကောင်းလေဘဲသိလား မမလေးချင်းဖန်ရန်"
ဖန်းဖန်းစိတ်ထဲတွင်
"ယုန်ပေါက်လေး ဒီအကောင်ကို ငါသတ်ပြစ်လို့မရဘူးလား""ဖန်းဖန်း စိတ်လျှော့စိတ်လျှော့ သူကဗီလိန်ဆိုတော့ နင်သူ့ကိုသတ်လို့မရဘူးလေ"
"နင့်ကြောင့်နော် ယုန်ပေါက်လေး မဟုတ်ရသ်ငါဒီအကောင်ယွမ်မင်းကို သတ်ပလိုက်ပြီ ဟင်း"
"အေးပါ ဖန်းဖန်းရဲ့"
ဖန်းဖန်းစိတ်ထဲမှာ ယုန်ပေါက်လေးနဲ့ စကားပြောပြီတော့ ယွမ်မင်းဘက်လှည့်ကာ
"ဟုတ်ကဲ့ပေါ်မလာတော့ပါဘူး ဘုရင်ကြီးရှင့်"လို့ပြောကာ ဖန်းဖန်းကအန်းအန်းလက်ကိုဆွဲကာ ပြန်လာခဲ့တော့သည်
ထို့နောက်အန်းအန်းက
"ဖန်းဖန်း နင်သူ့ကိုအဲ့လိုပြောပလိုက်တာကောင်းတယ်သိလား ပထမတော့လေ ငါကြောင်သွားတာ ဟင် အရင်တွန်းကဖန်းဖန်းက ယွမ်မင်းကိုကြိုက်တာမလား ဘာလို့ဒီလိုတွေပြောနေရတာလည်း ဆိုပြီးတော့ကြောင်သွားတာသိလား နောက်ကြမှလေ ဒီလိုဖြစ်သွားတာလည်းကောင်းတယ်ဆိုပြီးတွေးလိုက်တာ သိလား"
"အင်း"
ဆိုပြီးပြောလို့ပြီးလိုက်တော့ အန်းအန်း"ဟို ငါတောင်းပန်းတယ်နော် စကားတွေအများကြီးပြောမိလို့"
"ရပါတယ်..ဒါနဲ့အခုငါ အိမ်ပြန်တော့မယ် နေ့လယ်ပိုင်းက အဲ့လောက်အရေးမကြီးဘူးဆိုတော့လေ"
"အင်း ဖန်းဖန်း byebye"
"အင်း byebye အန်းအန်း"
လို့ပြောကာသာ ဖန်းဖန်းနှင့်အန်းအန်းလမ်းခွဲကြတော့သည်
"ယုန်ပေါက်လေး လွမ်အန်းအန်းက ဘာလို့အဲ့လောက်တောင် စကားများရတာလဲ သူနဲ့ငါက မနက်မှစတွေ့တာလေ"