u + me = ♡︎

2.5K 176 57
                                    

၄နှစ်သားအရွယ်ကစလို့ ယခုအချိန်ထိထိုကောင်လေးဟာ ကျွန်တော့်အတွက်တော့ မျက်ပေတုံးလေး။
ချစ်မဝလေးဟု ဆိုခြင်းထက် ချစ်၍ပင်မရဲရလောက်တဲ့အထိမြတ်နိုးခြင်းတွေ တစ်ပွေ့တစ်ပိုက်ပေးထားရပါသော ကောင်လေး။
တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ ပတ်ဂျုံဆောင်း။

• • •

သိတတ်ခါစအရွယ်မှစ၍ ဆောင်းဟွန်းတွင်သူငယ်ချင်းဟူ၍များများစားစားမရှိ။ သူငယ်ချင်းဆိုသည့် ဝေါဟာရကိုလည်းနားမလည်ခဲ့။ မိဘနှစ်ပါးကအလုပ်အရမ်းများသော workholicတွေဖြစ်သည်ကြောင့် ဆောင်းဟွန်းကိုသိပ်အချိန်မပေးနိုင်ခဲ့။ အိမ်နီးနားချင်းရွယ်တူဖြစ်သောဂျုံဆောင်းသည်သာ ငယ်စဉ်တည်းမှခုချိန်ထိ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည်။

ဆောင်းဟွန်းကအနေအေးပြီး သူငယ်ချင်းဖွဲ့ဖို့ခဲယဉ်းသလောက် ဂျုံဆောင်းကတော့ဖြင့် ဆောင်းဟွန်းနှင့်အရာရာဆန့်ကျင်ဘက်။ ဂျုံဆောင်းကလူချစ်လူခင်ပေါပြီး social butterflyလေးဖြစ်သည်ပင်။ သူငယ်ချင်းတွေလည်းအများကြီးရှိကာ ဆောင်းဟွန်းကတော့ ဂျုံဆောင်းတစ်ယောက်တည်းရှိရုံနဲ့တင်လုံလောက်သည်။

•••••

ဂျုံဆောင်းတို့မိသားစုက ဆောင်းဟွန်း၄နှစ်သားအရွယ်တွင် ဆောင်းဟွန်းတို့ခြံဘေးသို့အိမ်ပြောင်းလာခဲ့ခြင်းဖြစ်သည်။ အဲ့ဒီနေ့ကိုဆောင်းဟွန်းဘယ်တော့မှမမေ့။ ငယ်ငယ်တည်းက စကားနည်းပြီးတစ်ယောက်တည်းပဲဆော့ကာ အဖော်အပေါင်းမရှိသောဆောင်းဟွန်းကို ထိုနေ့မှစတွေ့ဖူးသောရွယ်တူကောင်လေးက သူ၏လက်ဖောင်းဖောင်းလေးတွေနှင့် ဆောင်းဟွန်း၏လက်တွေကိုကိုင်ကာ စကားမပီသေးသောအသံစာစာလေးဖြင့် ငါတို့သူငယ်ချင်းလုပ်ရအောင် ဟုပြောခဲ့သည်။

အစပိုင်းတွင် ဆောင်းဟွန်းအတွက်ဂျုံဆောင်းနှင့်သူငယ်ချင်းလုပ်ရတာပင်ပန်းသည်။ အတူဆော့ဖော်ဆော့ဖက်မရှိပဲ ၄နှစ်သားအထိတစ်ယောက်တည်းဆော့လာပြီးမှ သူငယ်ချင်းဟုဆိုကာ စကားပြောလျှင်နှုတ်ခမ်းလေးထော်လာတတ်ပြီး စကားအရမ်းများကာ လက်ဖောင်းဖောင်းလေးတွေရှိသောကောင်လေးက ဆောင်းဟွန်းဘဝထဲဝင်ရောက်လာသည်။

u + me = ♡︎ | sungjeng Where stories live. Discover now