1

1.5K 128 8
                                    

•1•

တစ်ရက်လုံးလမ်းလျှောက်ခဲ့ရသည်ကြောင့် ဒေါက်စီးထားသော သူမ ခြေထောက်နှစ်ဖက်လုံး နာနေပြီဖြစ်သည်။
ညနေခင်းဖက်မို့ ပန်းခြံထဲမှာ ပုံမှန်ထက်ပိုလူစည်နေသော်လည်း သူ့အာရုံနဲ့သူသာ ရှိနေကြသဖြင့် စိတ်မကျဉ်းကျပ်မိ။

ဖိနပ်ကို ချွတ်ကာ လက်နဲ့ ကိုင်လိုက်သည်။ညနေခင်းမို့ အပူရှိန်နည်းနည်းကျန်သေးသော်လည်း အရမ်းကြီးမဆိုးသော မြေပြင်အခြေအနေကြောင့် ဒီတိုင်းဘဲ ဆက်လျှောက်လာခဲ့လိုက်သည်။

ခြေမျက်စိကို ဖုံးသည်ထိ ရှည်လျားတဲ့ အနက်ရောင် ဂါ၀န်ရှည်ကြောင့်
မချော်လဲအောင် ဂါ၀န်စကို လက်တစ်ဖက်နဲ့ အနည်းငယ် မ ထားလိုက်သည်။

ပန်းခြံလယ်က ရေပန်းကြီးနားရောက်လာတော့ တီးလုံးသံတွေစ ကြားရသည်။ ဒီရေပန်းရဲ့ ပတ်ပတ်လည်မှာ ညနေဆို ဖျော်ဖြေတတ်ကြတဲ့ သူတွေ နေ့တိုင်းရှိတယ်လေ။

ဝေ့ကြည့်လိုက်တော့ တီးဝိုင်း တော်တော်များများမှာ လူတွေ စုစု စုစုနဲ့။

ဂစ်တာတစ်လက်ကို ပိုက်ထားသည့် ကောင်မလေး ရှေ့တော့ လူတွေရှင်းနေသည်။မဖျော်ဖြေသေးလို့ လူတွေမရောက်သေးတာဖြစ်နိုင်သည်။
အဖြူရောင်အများဆုံးပါတဲ့ ရှပ်လက်ရှည်အကွက်ကို ၀တ်ထားပုံက သူ့ကို ပိုသေးငယ်စေသည်။အင်္ကျီလက်ကို ခေါက်ထားတာတောင် သူ့လက်ဖမိုးတွေထိ လာရောက် ထိပါးနေသေးသည်။

ရီနာ သူ့နားကို ဦးတည်လျှောက်သွားလိုက်သည်။

ဂစ်တာကြိုးညှိနေရင်းမှ ရေစက်တစ်ခု ခလုတ်လာတိုက်သည်။
ခြေဖမိုး ဖြူအုအု။ခြေဗလာဖြစ်နေသဖြင့် သူ့ခြေထောက်တွေ အနည်းငယ် နီရဲနေသည်ကို သတိထားမိသည်။

မြင်ကွင်းကို ဖြည်းဖြည်းချင်းမော့ကြည့်တော့ ဂါ၀န်စကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းရှည်တွေ။နောက် ဖိနပ်ကို ကိုင်ထားတဲ့ လက်ချောင်းတွေအပေါ်က ပြစ်ချက်မရှိတဲ့ လက်ဖျံရိုးတစ်လျှောက်။

သူ့လက်မောင်းသားတွေကို ဆုပ်ကိုင်မိလျှင်ပင် မင်ဂျောင်း လက်ရာ ထင်သွားမလားဟု ထင်မိသည်။

𝑊𝑖𝑛𝑡𝑒𝑟 𝐼𝑛 𝑀𝑒❄︎Where stories live. Discover now