_29

2.1K 238 8
                                    

ZAW

နေရောင်ခြည်နွေးနွေးရယ်။
နံနက်ခင်းရဲ့ အလှအပတွေရယ်။
တေးသီကြတဲ့ သစ်ကိုင်းအထက်က ငှက်တွေရယ်။
နံနက်ခင်းဟာ သာသာယာယာရှိလှသည်။

လိုက်ကာစကိုဖြတ်ကျော်ရင်းတိုးဖောက်ဝင်ရောက်လာတဲ့
နေရောင်ကြောင့် သူအနည်းငယ်တော့ ရှုံ့မဲ့မိသည်။
ထိုအချိန်ခိုက် တံခါးခေါက်သံ ခပ်ကျယ်ကျယ်က အသာစီး
၍ ထွက်ပေါ်လာခဲ့သည်။

"မောင် ၀င်လာပြီ"

တစ်ပြိုင်နက် မုန့်အစုံအလင်ထည့်ထားသော ဗန်းကို
ကိုင်လျက် ၀င်လာသော ချန်းယောလ်။ကုမ္ပဏီသွားဖို့ အ၀တ်
အစားအပြည့်စုံ ၀တ်ပြီးတာတောင် သူ့အတွက် တကူးတက
လာပို့နေသေး။

ဟုတ်တယ်။သူအဲ့နေ့က သူတစ်ခုတည်းသော ဆုံးဖြတ်ချက်ကိုသာ ရွေးချယ်ခဲ့တယ်။ကလေးရဲ့အနာဂတ်။ပြီးတော့
သူတို့ ၂ယောက်အတွက်။ဒါပေမယ့် သူလက်ခံလိုက်လေခြင်း
လည်း မဟုတ်ပါဘူး။ပြောဖို့ရန် အခက်တွေနေသော သူ့ကို
ထိုနေ့က ချန်းယောလ်က ပြောလာခဲ့တယ်။

'အနာဂတ်မှာ မင်းကို မောင် စောင့်ရှောက်သွားပါ့မယ်။မင်းမောင့်ကို မုန်းနေမှာသိတယ်။ဒါပေမယ့် မောင်ပြန်ကြိုးစားပေးမယ်။ မင်းရယ် ကိုယ့်ကလေးရယ်ကိုယ် ပျော်ရွှင်အောင် ထားပါ့မယ်"

ထို့နောက် သူဟာ မပြောင်းလဲခဲ့သော ကျရှုံးခြင်းတွေဆီမှာ
ပိတ်မိခဲ့ပြီး ပြန်ကြိုးစားစေဖို့ လက်ခံခဲ့တယ်။သူ့ကိုချစ်တယ်။
ဒါပေမယ့် သူကချစ်ပဲ ချစ်တတ်ပြီး ခွင့်လွှတ်တတ်တဲ့ လူစားမျိုးမလုပ်လေဘူး။သူလည်း နာကျဉ်းတတ်တယ်။စိတ်ဆိုးတတ်တယ်။

သူလွယ်လွယ်နဲ့တော့ ပြန်လက်မခံချင်သေးဘူး။သူ့ကိုချစ်တယ်။ဒါပေမယ့် သူက လွယ်လွယ်နဲ့ရတဲ့ ချစ်ရင်ပြီးရော ဆိုပြီး
ခွင့်လွှတ်တတ်တဲ့သူလည်း မဟုတ်ဘူး။

ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဘတ်ဟျွန်းနား ချန်းယောလ် လျှောက်လာရင်း ပြောလေတယ်။

"မျက်နှာသွားသစ်တော့လေ"

ဘတ်ဟျွန်း ချန်းယောလ်ကို စောင်းရွဲ့ရွဲ့ တစ်ချက်ကြည့်ရင်း
ရေချိုးခန်းထဲကို ၀င်လိုက်တယ်။ချန်းယောလ်က ပြန်ကြိုးစားတယ်သာပြောတယ်။အမြဲရုပ်တည်ကြီးနှင့်။ဒါပေမယ့် တစ်ခါတစ်လေ သူ့ကိုယ်သူ' မောင် ' ဆိုတဲ့တပ်ပြောသည့်အခါ အရမ်းကို နူးညံ့လွန်းတယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now