ပြောင်လက်နေတဲ့ကြမ်းခင်းတွေက မှန်ကြည့်လို့ရတဲ့အထိ ။ မီးဆိုင်းတွေက ဟောခန်းကြီးရဲ့ မျက်နှာကျက်မှာ တစ်ခုနဲ့တစ်ခု ခုနှစ်ပေအကွာအဝေးခြားတယ် ။ Poker tables တွေကခမ်းခမ်းနားနား ။ အသစ်လွင်ဆုံးတောက်ပနေတဲ့ Golden Suit နဲ့ ရှန်ပိန်ခွက်ကိုင်ရင်း နှုတ်ခမ်းတွန့်ရုံပြုံးနေတဲ့လူတစ်ယောက် ။ လိမ္မော်ရောင်ကတုံးဆံပင်ကေနဲ့သူ့ပုံစံက ခပ်ဟော့ဟော့အမျိုးသားတစ်ဦးအသွင်ကိုဆောင်တယ် ။
"ဟေးဒိစ့် အချိန်ကျပါပြီ"
ကစားဝိုင်းတွေကလူစည်နေပေမဲ့ ကစားပွဲတွေတော့မစတင်ရသေး ။ လက်ထဲက ကြေးနီရောင် chip ပြားလေးကို table no 1ရဲ့ခေါင်မှာထိုင်နေတဲ့ croupier လက်ထဲကိုလှမ်းပစ်ပေးလိုက်တယ် ။ No 1 croupier ရဲ့ရင်ဘတ်တံဆိပ်မှာ Leo sign ပုံစံပါရှိပြီး ဟေးဒိစ့်ပစ်ပေးလိုက်တဲ့ chip ကိုရတာနဲ့ players တွေဘက်လှည့်လိုက်ပြီး စတင်မိတ်ဆက်တော့သည် ။
"Hades Casino မှာသာရရှိနိုင်တဲ့ ပထမဆုံး chip ကိုမိတ်ဆက်ပေးပါ့မယ် ။ လူကြီးမင်းတို့ကစားဖူးတဲ့ ပွဲစဉ်တစ်လျှောက် ကြေးအမြင့်ဆုံး chips တွေထက် သာလွန်တဲ့ကြေးကို ကျွန်တော်တို့ချပြပါ့မယ်"
No 1 croupier က သူ့လက်ထဲကကြေးနီရောင် chip ကို ပွဲကစားသူတွေမြင်အောင် သိသိသာသာလေးထောင်ပြလိုက်ပြီး
"$10500တန်chip!!"
ခဏတွင်းချင်းရုံထဲမှာ တီးတိုးစကားသံတွေညံသွားခဲ့သည် ။
"အရင်ဆုံး ဒီကြေးကိုစိန်ခေါ်မယ်ဆိုရင် လူကြီးမင်းတို့ဆီမှာ သင့်တော်လုံလောက်တဲ့ပမာဏတစ်ခုလက်ထဲရှိနေရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့! ဒါဟာ Las Vegas ကဘယ်ရုံမှာမှမရနိုင်တဲ့ တစ်ခုထဲသောကြေးဖြစ်တာကြောင့် လူကြီးမင်းတို့အနေနဲ့ ဂုဏ်ယူစွာအသုံးပြုရင်း ဆုကြေးငွေတွေသိမ်းပိုက်နိုင်ပါစေ ။ ဒါဆိုရင် ကစားပွဲတွေစလို့ရပါပြီ ၊ ကျွန်တော့်လက်ထောက်က table 1 ကိုကြည့်ပေးပါလိမ့်မယ် ခွင့်ပြုပါဦးလူကြီးမင်းတို့"
Leoသည်မိတ်ဆက်ခြင်းကိုလှလှပပလေးအဆုံးသတ်ပြီး အပေါ်ထပ်ဆီသို့ ရွှေရောင်လှေကားကြီးအတိုင်းတက်လာခဲ့သည် ။ Casino ကြီးရဲ့ဖွဲ့စည်းပုံက နန်းတော်ကြီးတစ်ခုနဲ့အလားသဏ္ဍာန်တူသည် ။ မျက်နှာကျက်မှာ နတ်သူငယ်တွေရဲ့ပုံတူတွေရေးဆွဲထားပြီး ကနုတ်ပန်းများကလည်း နံရံတွေမှာအပြည့် ။