Unicode
ရာဇဝင်တွင်မယ့်အချစ်
ကြည်လင်နေသောကောင်းကင် ပွင့်လင်းနေသော နေမင်းကြီးတို့သည် သာယာသောနေ့တစ်ရက်ဖြစ်ကြောင်းကိုပြသနေသည်။ထိုသာယာသောနေ့ရက် တစ်ရက်တွင် အဖွားအိုတစ်ဦးသည် အိမ်ကြီးတစ်လုံးထဲတွက် လူငယ်လေးတစ်ယောက်ကို ပုံပြင်မဟုတ်သော အတိတ်ကဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ဆွေးဆွေးမြေ့မြေ့ပြောပြနေသည်။
"ဟိုးရှေးရှေးတုန်းက သိပ်ကိုမြင့်မြတ်တဲ့လူနှစ်ယောက်ရှိတယ်။အရမ်းကိုခန့်ညားထည်ဝါပြီး တိုင်းပြည်ရဲ့အားအကိုးရဆုံးလူနှစ်ယောက်ပေါ့ကွယ်။သူတို့ရဲ့ချစ်ခြင်းကလည်း အရမ်းကိုမှ လှပလွန်းတယ်။"
"သူတို့ကဘယ်သူတွေလဲဖွားဖွား"
"သိပ်ကို ခန့်ညားတဲ့ ယောင်္ကျားလေးနှစ်ယောက်ပေါ့ကွယ်"
"ယောင်္ကျားလေးနှစ်ယောက်!"
"အင်း......ရှေးခေတ်ဆိုတော့ သိပ်ကိုလှပတဲ့သူတို့ရဲ့ချစ်ခြင်းကို မမြင်ကြဘူးကွယ်။"
ဆွေးမြေ့သလို တစ်နေရာကိုလှမ်းကြည့်ကာ အသက်ကိုပြင်းပြင်းရူလိုက်ကာ အဖွားအိုကဆက်ပြောသည်။
"လူတွေကအရမ်းကိုကြောက်ဖို့ကောင်းတာ၊အခုချက်ချင်းချီးကျုးကြ အခုချက်ချင်းရှုံချကြတာပဲ"
"ဟဲ့! ရှောင်းကျန့်!"
ရှောင်းကျန့်တစ်ယောက် အဖွားအိုပြောပြနေသော အကြောင်းကိုနားထောင်ရင်း မေမေခေါ်သံကြားလိုက်သည်။
"ဗျာ~~မေမေ့!"
"နင် လာစမ်း"
ရှောင်မားမားသည် ရှောင်းကျန့်၏နားရွက်ကိုဆွဲပြီး ခေါ်ထုတ်သွားသည်။
"အားးနာတယ် မား "
"လာစမ်း အဲ့အဖွားကြီးပြောနေတဲ့ gayပံုပြင်တွေပဲနားထောင်နေ"
"အား ပုံပြင်မဟုတ်ပါဘူး မားရဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။"
"တိတ်စမ်း! လာ အခုအိမ်ပြန်လိုက်ခဲ့!"
ရှောင်မားမားခေါ်ရာနောက် ယက်ကန်ယက်ကန်ဖြင့်ပါသွားသည်။အဖွားအိုကို လှမ်းနှုတ်ဆက်ဖို့လည်း သူမမေ့။
YOU ARE READING
ရာဇဝင်တွင်မယ့်အချစ်
Romanceလူဝင်စားဆိုတာကိုယုံလား? အတိတ်မှာ သိပ်ချစ်ခဲ့ရတဲ့ချစ်သူနှစ်ဦး အကြောင်းအမျိုးမျိုးကြောင့် သေကွဲ'ကွဲခဲ့ရတယ်။ဒီဘဝမှာ ပြန်ဆုံဖို့မဖြစ်နိုင်ဘူးလား.........