part18

1.8K 197 20
                                    

ရိပေါ်တစ်လမ်းလုံးတိတ်ဆိတ်စွာနေလိုက်တယ်
   သူစကားမပြောချင်ပါ
သူ့လူကြီးက အဲ့မိန်းမကို ဘာလို့နေခွင့်ပြုလိုက်တာလဲ
       အဲ့မိန်းမ မာယာထဲကျရှုံးနေတာလား
မရဘူးနော် လုံးဝဘဲ  ရှောင်ကျန့်က သူ့အပိုင်
သူ့တစ်ယောက်တည်းအတွက်ဖြစ်တည်လာတာ
      ရိပေါ်အတွေးတွေနဲ့ဗျာ များပြီးပူလောင်နေရသည် ရှောင်ကျန့်ကိုလုံးဝအဆုံးရှုံးမခံနိုင်ပါ
      ရှောင်ကျန့် တိတ်ဆိတ်နေသော babyကြောင့် သူ့ကိုစိတ်ဆိုးနေမှန်းသိပါတယ် ဒါပေမဲ့ baby ကိုသူဘာပြောရမှန်းမသိတာကြောင့် တိတ်ဆိတ်နေခဲ့တာဖြစ်သည် ချင်းယွဲ့ကတော့ သူ့အမေက သူ့ကိုသတိရလို့အတူနေမဲ့အတွက်အပျော်လွန်နေတာနဲ့ ကားထဲခြောက်ကပ်ကပ် အခြေအနေကိုသတိမထားမိဘူး
    ကျောင်းရောက်သော်
"ချင်းယွဲ့ မင်းအရင်ဆင်းလိုက် Daddy ကိုငါပြောစရာရှိလို့"
    "ဟုတ်ကဲ့"
ချင်းယွဲ့ ဆင်းသွားတာနဲ့ ရိပေါ် ရှောင်ကျန့် ရင်ခွင်ထဲပစ်ဝင်လိုက်သည်
      "Daddy ပေါ်ပေါ် အမေမလိုချင်ဘူး Daddy ကိုဘဲလိုချင်တာ အဲ့မိန်းမကိုအိမ်မှာမထားပါနဲ့နော်" မျက်ရည်လေးဝဲကားအသနားခံနေသော baby ကိုရှောင်ကျန့်သနားလှသော်လဲ သူအဲ့မိန်းမကိုအပြစ်ပေးရဉီးမည်
      "Baby စိတ်မပူပါနဲ့ Daddy အတွက်ဘယ်သူ့မှမလိုဘူး baby ရှိနေရင်ပြည့်စုံပြီသူ့ကိုအိမ်မှာထားတယ်ဆိုတာအကြောင်းရှိလို့ပါ"
      "တကယ်လား"
"တကယ်ပါဗျ"
      "အဲ့ဆိုကတိပေး"ဟုဆိုကာ ပါးကို‌ေဖာင်းပေးလာသောရိပေါ်

       ရှောင်ကျန့် ကြောင်နေစဉ်
ရှောင်ကျန့်နှုတ်ခမ်းအား နှုတ်ခမ်းသေးလေးနှစ်ခါလာထိတယ်  ပြောလိုက်သေးတယ်
ပါကိုနမ်းပြီးကတိပေးခိုင်းတာမပေးလို့အပစ်ပေးတာတစ်ခါ
ကတိပေးတဲ့အနေနဲ့တစ်ခါဟုပြောကာကားပေါမှပြေးဆင်းသွားသောရိပေါ်ပါလေရှောင်ကျန့်ကတော့ပြုံးလိုက်တယ် ဒီကလေးတကယ်မနိုင်ဘူး
         ရှောင်ကျန့်ကားပြန်ထွက်သွားတာနဲ့သူ့အပြုံးတွေကပျောက်ကွယ်သွားတယ်
     အိမ်မှာသူအရှုပ်ထုပ်တွေရှင်းစရာရှိသေးတာဘဲ
       ရှောင်ကျန့် ယွင်ရှီးဆီဖုန်းဆက်လိုက်တယ်
     "ငါအိမ်ကိုအခုချက်ချင်းလာခဲ့ပေး"
   "အာ ငါမအား..."
   တီ....တီ...
ဖုန်းချထားသောကြောင်လော်ယွင်ရှီးနှာကစ်သွားတယ်
        ငါမအားရတဲ့ကြား တာဝန်ဆိုတော့သွားရမှာပေါ့
        ရှောင်ကျန့် အိမ်သို့ကားစိုက်တာနဲ့ ယွင်ရှီးကားလေလဲ အိမ်သို့ရောက်လာတယ်
((ယွင်ရှီဆေးရုံက ရှောင်ကျန့်တို့အိမ်နဲ့ နီးလို့နောက်မှထွက်ပေမဲ့ အတူရောက်တာပါ😁))
        ဘာစကားတစ်ခွန်းမှမဆိုဘဲ အိမ်ထဲသို့ ဝင်သွားတဲ့ ရှောင်ကျန့် ကြောင့်ယွင်ရှီးလဲ လိုက်ဝင်လိုက်သည်
      "သူမ ဘယ်မလဲ" ေရှာင်ကျန့် အိမ်တော်ထိန်ကြီး အားမေးလိုက်တယ်
      "မစ္စတာရှောင်း ပြန်လာပြီလား ရန်ချင်းသံပုရာရည်ဖျော်လာတယ် အမောပြေအောင်သောက်လိုက်နော်အခု" ရုံးပလွေသီးချဉ်ပေါင်ကြိုသလို ချွဲပစ်နေတဲ့အသံနှင့်ရှောင်ကျန်ရှေ့ရောက်လာတယ်
       သူမအသံကြားတာကို ေရှာင်ကျန့်မျက်မှောင်ကြုတ်မိသွားတယ်
     ယွင်ရှီး ဆိုဝင်ခါနီး ကြားလိုက်ရတဲ့ အသံကြောင့်အော့အန်ချင်သွားတယ်
       လူတွေပြောတဲ့သာယာသံဆိုတာဒါလား အော့ အန်ချင်စရာကြီး
((ရန်ချင်းမတွက်မျက်ရည်နှစ်စက်))
        "ထိုင် ငါမင်းကိုပြောစရာရှိတယ်" ေရှာင်ကျန့်အသံဟာအေးစက်မာကြောလျက်ရှိတယ်
          "ဟုတ်ကဲ့"
     "မင်းအနောက်ဘက်က အစေခံတွေနေတဲ့ နားမှာအိမ်သေးလေးရှိတယ် အဲ့မှာနေ"
      "ဘာ!! မစ္စတာရှောင်ကျန့် ငါကမင်းအဖေရဲ့ဇနီးနော်"
     "တရားဝင်လား"
"ဘာ!!"
"ငါမေးတာ ငါ့အဖေရဲ့တရားဝင်ဇနီးလား"
      "ဘာဘဲဖစ်ဖြစ်လေ ငါက မင်းအဖေရဲ့သွေးသားကိုမွေးပေးထားတာဘဲ"
     "အော် ဟုတ်လား မင်းကိုယ်မင်းရော ချင်းယွဲ့ က မင်းဇယားတွေထဲက ဘယ်တစ်ယောက်ရဲ့ကလေးမှန်းသိရဲ့လား"
     ရှောင်ကျန့် ဒီစကားတွေကို ချင်းယွဲ့တို့ရှေ့မှာမပြောချင်တာကြောင့် ကလေးတွေကိုအရင်ကျောင်းပို့လိုက်တာဖြစ်တယ်
     "နင်...နင် ငါ့ကိုစော်ကားလှချည်လား နင်ငါ့သိက္ခာကို ချနေတာဘဲ"
    " မင်းရဲ့အရှက်မရှိဇယားတွေကို ငါမသိဘူးများထင်နေတာလား"
     ထိုအခါမှ ရန်ချင်းတိတ်သွားတယ် သူဒီအိမ်မှာဆက်နေရမဲ့အကြောင်းအရင်းရှိသေးတယ်
     "မင်းဒီအိမ်မှာ အစေခံတွေနဲအတူအလုပ်လုပ်ရမယ်"
     "ဘယ်လို!! ငါမလုပ်နိုင်ဘူး"
"မလုပ်နိုင်ရင်ဒီအိမ်မှာမနေနဲ့ ရှင်းရှင်းလေးဘဲ"
        လော်ယွင်ရှီး အိမ်အဝမှာတင်မက်တတ်လေးရပ်နေရပ်နေရတယ်ဒီချိန်ငါမဝင်သွားသင့်ဘူးမလား
     ###########################
ဒီficမှာလေ
    ရိပေါ်က ရှောင်ကျန့်ရှေ့ဆို ကလေးတစ်ယောက်ိလိုချွဲတယ် နဲနဲဖစ်မျက်ရည်လေးဉလာတာမျိုး
     ဒါပေမဲ့ ရှောင်ကျန့် ရှေ့မဟုတ်ရင်တစ်မျိုး

ဗီလိန်အားကယ်တင်မယ်Where stories live. Discover now