မမက ဘယ်သူလဲဟင် ?

948 74 2
                                    

"မမက ဘယ်သူလဲဟင်..."

" ..... "

_ _ _ _ _

ကျွန်မက အသက် ၃၂နှစ်မှာ ဝရမ်းပြေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ် ... ဒီစာကို ခင်ဗျားတို့ဖတ်နေချိန် ပုံပြင်သက်သက်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ် ... ဘာလို့ဆို အခုပြောမယ့် စာထဲက လူနှစ်ဦးဟာ သေဆုံးသွားခဲ့ကြပြီးပဲ ...

အသက်၃၂နှစ်အရွယ်မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်လာတဲ့ ကျွန်မအတွက် ... အလုပ်သင်အဆင့်သာ ရှိခဲ့တဲ့ ၃လအတွင်း ... ကုမ္ပဏီရဲ့ မတော်တဆမှုခင်းတစ်ခုကြောင့် လူသတ်သမားတစ်ယောက်အဖြစ် စွပ်ဆွဲခံခဲ့ရတယ် ... ဘာကြောင့်ဆို ကျွန်မဟာ အခင်းနေရာမှာ ရှိနေခဲ့လို့ပါပဲ ...

အဲ့ဒီ့အချိန် ရုတ်တရက်ကြီး လူတွေဝင်လာပြီး ... ကျွန်မကို လူသတ်သမားဆိုပြီး စွပ်ဆွဲကြတယ် ... ကျွန်မမဟုတ်ကြောင်း ပြောဖို့အတွက် တစ်ကိုယ်လုံး တုန်ရီပြီး အသံတိတ်နေခဲ့တယ် ... အဲ့ဒီ့အချိန်မှာ လူအုပ်ထဲက ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မနာမည်ကိုခေါ်ပြီး ... ပြေးဖို့ပြောခဲ့တယ် ...

ဘာလုပ်ရမှန်းမသိတော့တဲ့ ကျွန်မအတွက် အလင်းတန်းတစ်ခုလို ဖြစ်လာတဲ့ သူငယ်ချင်းရဲ့စကားကြောင့် ... ဝရမ်းပြေးဖြစ်ခဲ့ရတော့တာပေါ့ ...

တိုက်တစ်တိုက်ရဲ့ ခေါင်မိုးထပ်က လူမသိတဲ့နေရာမှာ ခိုဝင်နေခဲ့တဲ့ကျွန်မ ... အစာငတ်ပျက်လာခဲ့တယ် ... လက်ထဲမှာ ပိုက်ဆံ၂၀၀၀အပြင် ပိုမရှိခဲ့ ... အဲ့တာကြောင့် ကျွန်မလည်း နီးစပ်ရာstoreဆိုင်မှာ စားစရာတစ်ခုနှစ်ခုလောက်ဝယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတော့တယ် ...

တစ်ကိုယ်လုံး လုံခြုံအောင် အမဲရောင်ကြီးကိုပဲ ဝတ်ဆင်မိခဲ့ပြီး ... maskနဲ့ ဦးထုပ်ပါဆောင်းခဲ့ရာမှ ... storeဆိုင်ကို သွားတဲ့လမ်းမှာ ... ကုမ္ပဏီက ဝန်ထမ်းတစ်ချို့နဲ့ တည့်တည့်ကို တိုးတော့တယ် ...

သူတို့က ကျွန်မနာမည်ကိုအော်ခေါ်ပြီး ...အပြေးလိုက်ဖမ်းကျတော့ ... ကျွန်မလည်း အနီးအနားက ဆေးရုံကြီးထဲ ဝင်လိုက်မိတော့တယ် ... မျက်ခြေဖျက်ချင်လို့ အပေါ်ထပ်တွေကို တက်လာရင် ... တံခါးအနည်းငယ်ဟထားတဲ့ အခန်းထဲကိုကြည့်လိုက်တော့ လူအရိပ်အယောင်မတွေ့ရတာကြောင့် ... ခပ်မြန်မြန်ပဲ အခန်းထဲဝင်လိုက်တော့တယ် ...

You've reached the end of published parts.

⏰ Last updated: Feb 09, 2022 ⏰

Add this story to your Library to get notified about new parts!

Girls LoveWhere stories live. Discover now