ကွင်းပိုင်နှမ မဖဲဝါ(စ/ဆုံး)ခုတစ်လော ကျုပ်အိပ်ရာထတာ နောက်ကျတယ်ဗျ။
တန်ခူး ကဆုန် စွေ့စွေ့ခုန်ဆိုတဲ့အတိုင်းပါပဲဗျာ။
သင်္ကြန်ပြီးကတည်းက တစ်နေ့တစ်ခြား ပူလာလိုက်တာ
ကဆုန်လထဲလည်း ရောက်ရော နေ့ည ညရော
ပူတော့တာပါပဲဗျာ။တစ်ညလုံး ချွေးတွေထွက်လို့ ဘယ်မှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်မှာတုံးဗျာ။ အိပ်ရာထဲမယ် ဟိုဘက်လှိမ့်
ဒီဘက်လှိမ့်နဲ့ မနက်လင်းအားကြီးလောက်ရောက်မှ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာဗျ။
ဒီတော့လည်း အိပ်ရာက စောစောမထနိုင်တော့ဘူးပေါ့ဗျာ။"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
ကျုပ်ကို ခေါ်တဲ့အသံကို သဲ့သဲ့လေး ကြားသားဗျ။
မျက်လုံးက ဖွင့်ကို မရတာဗျို့။"ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း၊ ဝိုင်းဝကနေ
နင့်ကို ခေါ်နေတာဟဲ့ "အမေနှိုးတော့မှပဲ ကျုပ် ကြည်ကြည်လင်လင်
နိုးသွားတာဗျ။ ကျုပ်လည်း အိပ်မှုံစုံမွှားနဲ့
ထကြည့်လိုက်တယ်၊ ဟာ ကျောက်ခဲ
ဝိုင်းထဲမဝင်ဘဲ ဝိုင်းဝကနေ အော်ခေါ်နေတာဗျ။"ကျောက်ခဲ လာလေ၊ ဘာလို့ ဝင်မလာဘဲ
အော်ခေါ်နေတာတုံး "ကျုပ် အော်လိုက်တော့မှ ကျောက်ခဲက
ဝိုင်းထဲကို ခပ်သုတ်သုတ်လျှောက်ပြီး
ဝင်လာတာဗျ။ အိမ်ပေါ်ကို တန်းတက်လာတာဗျို့။"စိတ်စောနေလို့ ကိုကြီးတာတေရ၊ ဝိုင်းဝကပဲ
အော်ခေါ်နေတာဗျို့ ""အောင်မာ ကျောက်ခဲရာ၊ မင်းမှာ ဘာတွေများ
စိတ်စောစရာတွေ ရှိနေလို့တုံးကွ "ကျောက်ခဲက ထိုင်တောင် မထိုင်ဘူးဗျ။
မတ်တတ်ရပ်ပြီးတော့ တန်းပြောတာဗျ။"ကိုကြီးတာတေတို့ သမုန်းတောယာထဲမှာ
ခြေရာကြီး အကြီးကြီးတွေ တွေ့လို့တဲ့ဗျ""ဟေ …ငါတို့ယာထဲမှာ ဟုတ်လား၊ ခြေရာက
ဘယ်လောက်ကြီးလို့တုံး ""ဘိုးစံကွန့် ပြောတာဗျ၊ သူတို့က ပဲတီးစိမ်းတွေ
မတ်ပဲတွေ စိုက်ထားတော့ ပဲခင်းသွားတာလေဗျာ၊
သမုန်းတောယာကို သူတို့က ဖြတ်သွားနေကြလေ။
အဲဒီမှာ ခြေရာကြီးတွေ တွေ့လို့ ဆိုပြီး ပြန်လာကြတာ၊
ရွာထဲမှာ ဘိုးစံကွန့်က ဒီအကြောင်းကို ပြောပြနေတာ
ကြားလို့၊ ကျုပ်က လာပြောတာဗျ။ ကဲ…ကိုကြီး
တာတေ မျက်နှာမြန်မြန်သစ်ဗျာ၊ သမုန်းတောယာကို
မြန်မြန် သွားကြည့်ရအောင် "
YOU ARE READING
ကွင်းပိုင်နှမ မဖဲဝါ / ကွင်းပိုင်နှမ မဖဲဝါ (အစအဆုံး)
HorrorThis is not my own story..