အချိန်သည်ကား ဒုတိယကမ္ဘာစစ်အတွင်း
1942 နှောင်းပိုင်းကာလဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအား ဂျပန်တို့ သိမ်းပိုက်ထားသော အချိန်ပင်။
ဗုံးထိမှန်ထားသော နေရာများသည် ခပ်စိပ်စိပ်ဖြင့်၊အပျက်စီးများကိုလည်း နေရာအနှံ့အပြား၌မြင်တွေ့နေရလေသည်။ပြည်သူအပေါင်းတို့သည် စစ်ဘေးအပြင်၊ငတ်ဘေးနှင့်ပါ ကြုံကြိုက်နေရသည့်အတွက် ငရဲခန်းရောက်အခြေနေများနှင့် ရင်ဆိုင်နေရလေသည်။
ငတ်မွတ်ခေါင်းပါးသည့် ဒဏ်ကိုမခံနိုင်ကြတော့သည့် ၊ လူဆိုးလူမိုက်များသည် ပြည်သူများပိုင်ဆိုင်သည့် စည်းစိမ်အိုးအိမ်တို့အား သတ်ဖြတ်လုယက်လာကြလေသည်။ ပြည်သူအပေါင်းတို့သည်
မနက်ပိုင်းတွင် ဗုံးဒဏ်နှင့်စစ်ဒဏ်ကိုကြောက်ကြရသည်။ ညပိုင်းလျှင်တော့ ခိုးဆိုးလုယက် သတ်ဖြတ်သူများကိုကြောက်နေကြရလေသည်။" ရိပေါ်လေးရေ ကြည့်ကြပ်သွားနော်...မိုင်းနင်းမိမယ် "
" ဟုတ် အဖိုး ၊ ကျွန်တော် ဒီလမ်းတွေတော့သွားတတ်ပါတယ်ဗျာ "
ရိပေါ်က ခပ်ပျင်းပျင်းဆိုတော့ ၊ အဖိုးဖြစ်သူက
လှုပ်ကုလားထိုင်ပေါ်၌ ထိုင်နေလျက်ပင် ခေါင်းအား ခပ်သာသာခါလိုက်သည်။" စောပြန်လာခဲ့ ၊ ဘုရားကျောင်းမှာပဲ အချိန်ကုန်မနေနဲ့ ခေတ်ကာလက ကောင်းတာမဟုတ်ဘူး "
" သိပါတယ်ဗျာ ... သွားပြီ အဖိုးရေ "
ညစ်ပတ်နေသည့် လျှာထိုးဦးထုတ်ကို
ငိုက်စိုက်ဆောင်းကာ ၊ ကိုယ်တိုင်ဆွတ်ထားသည့်
အားလူးတွဲကြီးအား ကိုင်လျက် အိမ်ထဲမှထွက်လာခဲ့သည်။အနည်းငယ်နဲ့နေသည့် သစ်သားခြံတံခါးလေးကို
တွန်းဖွင့်ကာ ၊ အိမ်ရှေ့၌ထိုင်ကြည့်နေသည့်အဖိုးကို လက်လှမ်းပြလိုက်သည်။ထို့နောက် ရိပေါ်တစ်ယောက် ၊ အားလူးတွဲကြီးကိုပိုက်ကာ ၊ ရွာထဲသို့လျှောက်လာခဲ့သည်။
ရိပေါ်တို့အိမ်လေးသည် ရွာနှင့်ခပ်လှမ်းလှမ်း၊တောင်ကုန်းမြင့်လေးပေါ်၌ တည်ရှိသည်။ရွာနှင့် အလှမ်းဝေးသောကြောင့် လူသံ၊ မြင်းလှည်းသံများကိုတစိုးတစိမှ မကြားရချေ။
အေးချမ်းလှသည့် နေရာလေးသည်
အဖိုး၏ ချစ်လှစွာသောအမျိုးသမီး၊ရိပေါ်၏အဖွားဖြစ်သူ ခေါင်းချသွားသည့်နေရာဖြစ်သောကြောင့် အဖိုးက ဒီတောင်ကုန်းမြင့်လေးကိုအလွန်လွန့်ခင်တွယ်လှသည်။