Chapter -1

479 17 0
                                    

ဒီနေ့က ပုံမှန်အတိုင်းအလုပ်များတဲ့ ရက်သတ္တပတ်ရဲ့နေ့ပါပဲ။ လူတွေကလဲ မိုးရေထဲမှာ ရထားနဲ့ busကားတွေမှီဖို့ အလုအယတ်သွားလာကြတယ်။ ဒီလူတွေထဲမှာတော့ သူမကသူစိမ်းတွေနဲ့မတိုက်မိအောင် ရှောင်သွား​​နေရတယ်။ ခုသူမက မရောက်တာကြာနေပြီဖြစ်တဲ့ သူမရဲ့မိဘတွေဆီပြန်နေတာလေ။ အိမ်ရောက်ဖို့ကဝေးသေးတာနဲ့ မိုးခိုဖို့အတွက် အနားကကော်ဖီဆိုင်လေးထဲကိုဝင်လိုက်တယ်။ ဆိုင်ထဲရောက်တော့ သူမအဖေကို လာကြိုပေးဖို့စာပို့လိုက်တယ် ပြီးတော့ လမ်းဘက်ကိုကပ်နေတဲ့ စားပွဲမှာထိုင်လိုက်ပြီး ဝတ္ထုဖတ်နေ လိုက်တော့တယ်။ ခုသူမဖတ်နေတဲ့ ဝတ္ထုက အမျိုးသမီးဇာတ်လိုက်က သူမရဲ့ပြီးပြည့်စုံနေတဲ့သူရဲကောင်းနဲ့ ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတဲ့ ဖန်တရာတေနေတဲ့ ရိုမတ်တစ်အချစ်ဇာတ်လမ်းမျိုးပဲ။ ဒီဝတ္ထုကို သူမရဲ့သူငယ်ချင်းဆီက ငှားလာတာလေ ပြီးတော့ဒါက တော်တော်လေးကောင်းတဲ့ ဝတ္ထုဆိုတာတော့ ဝန်ခံရလိမ့်မယ်။

ဒီ"အန်မလီယာ"ဆိုတဲ့ ဝတ္ထုက သွေးအေးပြီးချောမောခန့်ညားတဲ့ စီးပွားရေးလုပ်ငန်းရှင် ရစ်ချတ်ဟင်နရီရဲ့ အတွင်းရေးမှူးမလေး အန်မလီယာရဲ့အကြောင်းပေါ့။ ရစ်ချတ်ဟင်နရီမှာတော့ လဲ့စီယာရို့စ်လို့ခေါ်တဲ့ စေ့စပ်ထားသူရှိတယ်။သူမကတော့ အဓိကဇာတ်ဆောင်တွေရဲ့ကြားမှာ ဖူးပွင့်လာတဲ့အချစ်တွေကို အမြဲအနှောက်အယှတ်လုပ်တဲ့ အမြှောက်စာဗီလိန်မလေးပေါ့။ သူမအပြင် အီသန်အဲလ်ဖုန်းဆိုတဲ့တခြားအနှောက်အယှတ်ဖြစ်စရာ ဗီလိန်လဲရှိသေးတယ်။ ဒါပေမဲ့ လဲ့စ်စီယာနဲ့မတူတာကတော့ သူ့ရဲ့ဆိုးရွားတဲ့လုပ်ရပ်တွေက အမျိုးသမီးဇာတ်လိုက်ကို သဝန်တိုလို့မဟုတ်ဘဲ ရိုးရှင်းစွာပဲ သူကရစ်ချတ်ထက် သာလွန်ချင်လို့ကြောင့်ပဲ။ သူကအမြဲတမ်း ဇာတ်လိုက်နဲ့ အရာရာမှာယှဥ်ပြိုင်ဖို့ ကြိုးစားတယ် စီးပွားရေး၊ အဝတ်အစားတွေနဲ့ ပိုင်ဆိုင်မူတွေမှာ​ပေါ့။ ဒါ့အပြင်သူက ဇာတ်လိုက်မကိုပါ အန္တရယ်ဖြစ်စေခဲ့တယ်။ အားလုံးပေါင်းပြောရင်တော့ သူက အရမ်းဆိုးဝါးတဲ့ မကောင်းဆိုးဝါးမျိုးပဲ ပြီးတော့ သူ့လုပ်ရပ်တွေပေါ်မှာလဲ လိပ်ပြာမသန့်တာမျိုးလဲ မရှိဘူးလေ။ ယေဘုယအားဖြင့်တော့ သူနဲ့လဲ့စ်စီယာ နှစ်ယောက်လုံးက အနှောင့်အယှတ်ဖြစ်စေတာတော့ အတူတူပဲ။

ဗီလိန်အဖြစ်ကူးပြောင်းလာခြင်း ( Myanmar Translation )Where stories live. Discover now