'နာလိုက်တာ.'
'အဖေ, သူတော့ ယူကျုံးမရဖြစ်နေတော့မှာပဲ။ သူလာတာနောက်ကျသွားလို့ဆိုပြီး သူ့ကိုယ်သူအပစ်တင်မနေဖို့ မျှော်လင့်မိတယ်'
'အမေ, သမီးလေ သမီးကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့အိမ်လေးနဲ့ အမေ့ကို ဝမ်းသာသွားအောင်လုပ်ချင်ခဲ့တာ။ အိမ်လေးပြီးသွားဖို့ နှစ်တွေတော်တော်ကြာခဲ့တာ။ အခုအမေရဲ့ ၅၆နှစ်ပြည့် မွေးနေ့မှာလက်ဆောင်အနေနဲ့ ပေးနိုင်တော့မယ်ဆိုကာမှ.........'
'ချိုဘီ...ဟန့် သူကတော့ ငါ့ကိုသတိရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲကြောင်ငတုံးတော့ ခုဆိုငါ့ကို လွမ်းနေတော့မယ်ဆိုတာ ပြောရဲတယ်။'
သူမခေါင်းထဲမှာ ဒီအတွေးတွေနဲ့ယောက်ယက်ခတ်နေတာ။ ခုအချိန်မှာ သူမသေရတော့မယ်ဆိုတာ နက်နက်ရိုင်းရိုင်းကို သူမစိတ်ထဲမှာသိနေတယ်။ ပြောချင်တာက, ဒါက busကားကြီးလေ? ပြီးတော့ ဒါကြီးက အရှိန်အပြည့်နဲ့ သူမဆီကို တည့်တည့်လာခဲ့တာလေ။
အတိတ်ကိုပြောရရင် သူမက သူမရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေခဲ့တယ်။ သူမက ဗိသုကာပညာရှင်တစ်ယောက် ပြီးတော့ သူမရဲ့အလုပ်ကို အရမ်းချစ်ပြီး အရမ်းလဲကြိုးစားခဲ့တယ်.Lol။ သူမက သူမမိဘတွေကိုလည်း အရမ်းချစ်တာ။ သူမက တစ်ဦးတည်းသောသမီး ပြီးတော့ သူမရဲ့မိဘတွေက သူမကိုကျောင်းကောင်းမှာထားနိုင်ဖို့နဲ့ သူမလိုအပ်တာတွေပေးနိုင်ဖို့အတွက်တောင် ရုန်းကန်ခဲ့ရတယ်ဆိုတာ သူမမျက်မြင်ပဲ။ ဒါကြောင့် ရည်းစားထားဖို့တွေဘာတွေကို မတွေးခဲ့ဖူးဘူး။ ပြောရရင်လဲ ဘယ်သူမလဲ သူမနဲ့မတွဲချင်ကြဘူးလေ hahaouch။ ဆိုတော့ သူမကတစ်ချိန်လုံး စာလေ့လာတဲ့နေရာမှာပဲ မြုပ်နှံထားခဲ့တာ ဒါမှပဲသူမမိဘတွေကို ချမ်းသာတဲ့ဘဝကိုပေးနိုင်မှာ။ သူမက အမေရိကမှာဘွဲ့ယူပြီး အဲမှာပဲအလုပ်လုပ်တာ ၇နှစ်အကြာမှအိမ်ပြန်လာခဲ့တာလေ။ သူမမှာ သူမတို့ရဲ့အိမ်လေးဆောက်ဖို့ ငွေအလုံအလောက်ခဲ့ပြီ ခေတ်နဲ့အညီ သူမကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ ဒီအိမ်လေးက သူမအတွက်အရမ်းကို အဖိုးတန်တဲ့ ပရောဂျက်ပဲ။ သူမဒါကိုဆောက်ဖို့ ၃နှစ်တောင်အချိန်ယူခဲ့ရတာ အိမ်က ကြီးမားပြီးတော့ သူမရော သူမအဖေပါ အရမ်းသဘောကျနေတာ။ ဒီအိမ်လေးကို သူမအမေမွေးနေ့ကြရင် သူမကို စပရိုက်လုပ်ဖို့ သူမတို့အစီစဥ်ဆွဲထားခဲ့ကြတာ။ ခုသူမမွေးနေ့တောင် ရောက်လာခဲ့ပြီ။
ဒါပေမဲ့ အခုတော့သူမသေရတော့မယ်။ ဒါကို လျစ်လျူရှ့နိုင်ဖို့ကြိုးစားကြည့်ပေမယ့် ဒါကတကယ်ကိုနာကျင်ရတယ် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုရော။
ဘာလို့ငါ့မှလဲ, ဘာလို့ဒီနေ့မှလဲ, ဘာလို့ ဒီနေ့မှ မိုးရွာရတာလဲ? သူမဒီခုံမှာမထိုင်ခဲ့သင့်ဘူး။ ဒီကဖေးထဲ ဝင်မနေခဲ့သင့်ဘူး။ ဒါတွေသူမမဖြစ်သင့်ဘူး။
သေသွားခဲ့ရပြီ..
ဒီအချိန်မှာ သူမဆက်ပြီးငိုကြွေးဖို့မဖြစ်နိုင်မှန်းသိပေမဲ့ ငိုနေမိတုန်းပဲ။
ခဏကြာတော့ သူမအသံတစ်ခုကြားလိုက်ရတယ်...
'ကလေးငိုသံလေးတစ်ခု'
YOU ARE READING
ဗီလိန်အဖြစ်ကူးပြောင်းလာခြင်း ( Myanmar Translation )
RomanceStarted date- 18.10.2021