တိုက်ဆိုင်မှုတွေကြား (၂)

5 0 0
                                    

အခန်း (၆)

(၃) နှစ်ကြာသော်

seoul မြို့ရဲ့ လှပနေမှုကြီးမှာ
yoon bin တစ်ယောက်တည်း
​ကြိုးစားရုန်းကန်နေရတယ်

အဖွားဆုံးပြီးကတည်းက
မွေးရပ်ဒေသ မြို့ပြလေးကနေ
ပြောင်းလာတာ
ဒါနဲ့ဆို (၂) နှစ်တောင်
ရှိတော့မည်ပင်

တအိအိ မောင်းနေတဲ့ ဘတ်စ်ကားလေးပေါ်မှာ
အတွေးတွေကြား ခြေစုံရပ်နေမိတယ်

​တက္ကသိုလ်တစ်ဘက် ၊ အချိန်ပိုင်းအလုပ်တစ်ဘက်၊ အဆောင်ခတစ်ဘက်မို့
လူလည်း နည်းနည်းပင်ပန်းနေပြီ
မရရအောင် ရုန်းရမယ်ဆိုတဲ့စိတ်တစ်ခုတည်းဖြင့်
ကြိုးစားနေရပါတယ်

တက္ကသိုလ်မပြီးသေးတော့
တရားဝင်ပုံမှန်အလုပ်ကလည်း
လျှောက်လို့မရသေးတာမို့
ပိုကြပ်တည်းရတယ်

အဖွားပိုင်ဆိုင်မှုတွေကို
မွေးရက်မြေမှာ
ဒီအတိုင်းလေး ထိန်းသိမ်းထားပြီး
ကိုယ့်ဒူးကိုယ်ချွန်ချင်ပေမယ့်
အဆင်မပြေတာမို့
ဘဏ်ထဲက အဖွားစုထားတဲ့ထဲက
တခါတခါ ထုတ်သုံးရသေးတယ်

ခုလည်း ကျောင်းလခနဲ့ စာအုပ်ဝယ်ဖို့
ထပ်ထုတ်လာခဲ့ရတာပါပဲ

" ဆင်းရမယ့်နေရာပဲ "

အတွေးတွေရပ်ကာ ဘတ်စ်ကားပေါ်မှ
ဆင်းလာစဉ်
yoon bin နံဘေးမှ အန်တီတစ်ယောက်က

" အမလေး ငါ့အိတ်လုသွားပြီ ..."

yoon bin လုသွားတဲ့သူထွက်ပြေးတဲ့နေရာကို လှမ်းကြည့်လိုက်တော့ ကိုယ်နှင့်မဝေးလှပေ
ပြေးလိုက်ရင် မှီနိုင်သေးတာမို့
အတွေးမဆုံးခင်
ခြေထောက်တွေက သူခိုးဖမ်းဖို့ပြေးပြီးနှင့်လေပြီ

ကားလမ်းကို ကူးပြီး ပြေးသွားတဲ့ သူခိုးနောက်မှ
ထပ်ကြပ်မကွာလိုက်လာတဲ့ yoon bin
လူကူးမီးပွုင့်နီသွားတာကို
သတိမထားမိလိုက်ပါ

Yoon bin ခါးလေးကို အရှိန်တစ်ခု လာဆောင့်မိလိုက်တာပဲ သိလိုက်ရပြီး တကိုယ်လုံးလွင့်ထွက်သွားသလို ခံစားချက်ဖြင့်
နောက်ဆုံးမြင်လိုက်ရတာ
အဖြူရောင်ကောင်းကင်တစ်ခုတည်းသာ။

အခန်း (၇)

" ဒီမှာ ... ဒီမှာ လမ်းလည်ခေါင်မှာ
ဒီအတိုင်းအိပ်နေလို့မရပါဘူး "

တိုက်မိတဲ့အရှိန်က
အင်မတန်နှေးပေမယ့်
ပြေးနေတဲ့သူမို့
နည်းနည်းဆောင့်မိသွားပုံပင်

ဒီနေ့မှ ကားပြန်သုံးခွင့်ရထားသော
woo young တစ်ယောက်
ကံခေနေပြီလေ

လူတွေအများကြီး ဝိုင်းကြည့်နေတဲ့ထဲက
ဒီကောင်မလေးက မနိုးလာသေးပေ
ပတ်လတ်လေး လမ်းမပေါ်
သတိလစ်နေသေးတယ်
ဒီပြဿနာသာ
မိဘတွေဆီရောက်ရင်
ကျိန်းသေပေါက်
hong joong လာခေါ်မှ
အပြင်ထွက်ခွင့်ရတော့မည်ဟု
အမိန့်တွေ ပေးခံရတော့မယ်

Woo young ကားပေါ်မှ
ရေသန့်ဘူးတစ်ဘူးကို
မြန်မြန်ဆန်ဆန်ဖောက်ဖွင့်လိုက်ပြီး
ထိုကောင်မလေးပေါ် လောင်းချလိုက်တယ်
ဘေးမှ ကြည့်နေသူများက
အံ့အားသင့်ကုန်ကာ
woo young ကို အပြစ်တင်ဖို့ဟန်ပြင်နေချိန်

" ဟွတ် ... အား နာလိုက်တာ "

သတိပြန်ရရချင်း
yoon bin တကိုယ်လုံး
ကိုင်ပေါက်ခံထားရသလို
နာကျင်နေတဲ့အပြင်
မျက်နှာနဲ့ အကျီများအားလုံး
ရွှဲရွှဲစိုနေသဖြင့်
မိုးများရွာတာလား
ကောင်းကင်ကြီးကို
ပြန်ကြည့်မိသေးတယ်

" သတိရပြီလား ...
တကယ်ပါပဲ
မင်းအတွက် ကားရှေ့ပြေးဝင်တာ
အဆင်ပြေပေမယ့်
ငါ့လိုအလုပ်များတဲ့သူအတွက်က
အချိန်ကုန်တယ် "

woo young ပြောဆိုရင်း
လက်ထဲက ရေသန့်ဘူးကို
yoon bin လက်ထဲ ပစ်ပေးလိုက်တယ်

အယောင်ယောင်အမှားမှားဖြင့်
yoon bin လှမ်းဖမ်းလိုက်မိသေး
ဖမ်းမိလိုက်တာ
ရေသန့်ဘူးမှန်း သိသွားတော့မှ

" ဟား ... နေပါဦး လူကို ကားနဲ့တိုက်တာ
ခဗျားလေ ကားနဲ့တိုက်တာ မတောင်းပန်တဲ့အပြင်
ရေနဲ့လည်း လောင်းချ ... "

​yoon bin တကိုယ်လုံးစိုနေတဲ့အပြင်
လက်ထဲက ကျောင်းလခပိုက်ဆံထုတ်တစစီ
လွင့်ထွက်ကာ ပျံ့ကြဲကုန်လေပြီ

" ရား ... ရှင် ဘယ်ထွက်သွားတာလဲ "

ကားဆီ ခြေလှမ်းမယ်ဟန်ပြင်နေသော
woo young ကို ဂုတ်ကနေ
ဆောင့်ဆွဲကာ

( အပိုင်း (၂) မပြီးသေးပါ
ခုတော့အိပ်ငိုက်လာလို့ အိပ်ပါဦးမယ်နော်
မနက်ဖြန် အပြီး ဖြည့်ထားပါမယ် )

You've reached the end of published parts.

⏰ Last updated: Oct 17, 2021 ⏰

Add this story to your Library to get notified about new parts!

He or SheWhere stories live. Discover now