(Unicode)
"ကိုကိုရေ၊ ကိုကို"
အိမ်ရှေ့မှ တစ်ကြော်ကြော်ခေါ်နေသောအသံကြောင့် တစ်ချက်ပြုံးလိုက်သည်။ ဒီကောင်ပေါက်လေး ရောက်လာပြီဘဲ။
အကောင်ပေါက်လေးနာမည်က ဂျေး တဲ့။ ကျွန်တော်ပြောင်းလာတဲ့ဘေးအိမ်က ကောင်လေးပေါ့။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကျွန်တော်ဟာ ဒီနေရာကို ပြောင်းလာခဲ့သည်။ ၂၃နှစ်အရွယ်ကျွန်တော်ဟာ အေးဆေးသီးသန့်နေချင်သဖြင့် မိဘတွေနဲ့အိမ်ခွဲကာ ဒီအိမ်သို့ ပြောင်းလာခဲ့သည်။
အေးဆေးနေချင်လို့ ပြောင်းလာခဲ့မှ ထိုပီကေလေးနဲ့ တွေ့တော့သည်။ ပီကေလေး၊ ဟုတ်တာပေါ့၊ ကျွန်တော့်ကို အမြဲတမ်းကပ်နေတတ်တဲ့ပီကေလေး။ ကျွန်တော်ရောက်စကတည်းက ကျွန်တော့်အား "ကိုကို ကိုကို" ဟုခေါ်သော အကောင်ပေါက်သည် ကျွန်တော့်ညီနှင့် ရွယ်တူဖြစ်သဖြင့် ထိုအချိန်က ၁၈နှစ်သာရှိသေးသည်။ သူ့အဖေနှင့် အမေမှာလည်း တစ်ဦးတည်းသော သားလေးအား တုန်နေအောင် ချစ်သဖြင့် အလိုလိုက်ထားကြသည်။ ထို့ကြောင့်လဲ ထိုအဆိုးလေးက တအားဆိုးနေခြင်းဖြစ်သည်။
အလိုလိုက်တဲ့ထဲ ကျွန်တော်ပါ အပါဝင်ဖြစ်လာခြင်းကလဲ ထိုအကောင်ပေါက်၏ချစ်ဖို့ကောင်းလွန်းနေမှုကြောင့်သာ။ ညီနဲ့တောင် တကျက်ကျက်နဲ့ ရန်ဖြစ်လေ့ရှိသည့်ကျွန်တော် ဟီဆွန်း သည် သူ့ကိုတော့ အရာရာမှာ အလိုလိုက်သည်လေ။ ကျွန်တော်တို့နှစ်ယောက် ချစ်သူဖြစ်သည်အထိ အမြဲကျွန်တော်က အလိုလိုက်အလျော့ပေးတတ်သည်။
"ကိုကိုရေ၊ ကိုကိုလို့ဆို"
အသံစာစာလေးကို ထပ်ကြားမှဘဲ ပြန်ဖြေဖို့သတိရတော့သည်။
"ကိုကို မီးဖိုချောင်မှာ ပူတူးရေ"
စကားပြန်ပြီးမကြာပါ မီးဖိုချောင်သို့ ရောက်ချလာတဲ့ ပူတူး။ ဘေးကနေ ပိကျိပိကျိနဲ့ စကားများတော့မယ်ကို သိနေသဖြင့် ပြုံးရင်းသာ လုပ်စရာရှိသည်ကို လုပ်နေခဲ့သည်။
"ကိုကို ဘာလုပ်နေတာလဲဟင်"
"အမယ် အပိုတွေလာမေးနေပြန်ပြီ၊ ပူတူးအတွက် ပြောင်းဖူးလုပ်နေမြန်းသိလို့ ရောက်လာတာကို ကိုကိုမသိတာကျလို့"