စားပါဦး
Cb က လာပြောပြတဲ့ အဖြစ်အပျက် နောက် တခုပေါ့..
မန်းလေးက ကန်တော်ကြီးဘက် ညနေပိုင်းလေးပေါ့...နေဝင်ရီတရောဆို ပိုမှန်တယ်...အိမ်နဲ့ လည်းနီးတော့ ညနေရောက်ပြီဆို လမ်း လျှောက်
ထွက်ဖြစ်တယ်..မှတ်မှတ်ရရ ၁၀ တန်းဖြေပြီးခါစပဲ..ခါတိုင်းလို လမ်းလျှောက်နေရင်း တွေး ဆွေး ငေးရင်းကနေ ည ၇ နာရီ မတ်တင်းလောက်
ဖြစ်သွားတယ်...လျှောက်ကောင်းကောင်းနဲ့ လျှောက်နေတာ မောလို့ လမ်းဘေး နားလေး ခဏ ထိုင်ပြီး နားနေဖြစ်တယ်...လေပြေလေး တဖြူးဖြူးနဲ့..သူထိုင်ပြီးလို့ သိပ်မကြာခင်..အဒေါ်ကြီး ၁ ယောက်ကလည်း သူနဲ့ မလှမ်းမကမ်း လေးမှာ
လာထိုင်တာ တွေ့လိုက်ရတယ်...အဖော်ရသွားတာပေါ့..သိပ်တော့ သတိမထားလိုက်ဘူး...တအောင့်လောက်ကြာတော့ အဲ့ အဒေါ်ကြီးဆီက
အသံ တသံထွက်လာတယ်...တခုခုကို အားရပါးရ
မြိန်ရေ ရှက်ရေ စားနေတဲ့ အသံမျိုး...လမ်းဘေးမှာ
ဒီအချိန်ကြီး ဘာတွေ စားနေတာလဲဆိုပြီး သူလည်း
လှမ်းကြည့်လိုက်တော့ အသားကင်လား ဘာလား စားနေတယ် ထင်တာပဲ...နည်းနည်းလည်း မှောင်နေတော့ သိပ်တော့ မသဲကွဲ..လမ်းမက ဆိုင်ကယ်မီး
ဖြတ်သွားတဲ့ အလင်းရောင် တချက် အဒေါ်ကြီးမျက်နှာနား ဖြတ်သွားတော့ သူ့ ပါးစပ်ကနေ သွေးတွေလို စီးကျနေတာ တွေ့လိုက်ရတယ်...အဲ့လို မြင်လိုက်တော့ ကြည့်နေတဲ့ ကောင်လေးက " အန်တီ ကြည့်ရတာ အသားတွေ ကင်ပေးလိုက်တာ မကျက်သေးဘူးထင်တယ်နော်" ဆိုပြီး...လှမ်းအော်ပြောလိုက်တယ်..အဒေါ်ကြီးကတော့ ဘာမှပြန်မပြောဘူး....ရုတ်တရက် ကျောထဲက ကျက်သီးတွေ ထပြီး ပြန်မလို့ ထလိုက်တော့ အနောက်ကနေ လှမ်းပြောသံ ကြားရတယ်..."ကောင်လေး စားမလား" ဆိုပြီး...
"မစားတော့ပါဘူးလို့ ပြန်ပြောမလို့ လှည့်ကြည့်လိုက်တော့ အဒေါ်ကြီးက မတ်တတ်ရပ်ကြီး အဲ့တော့မှ ပါးစပ်ထဲ ကိုက်ထားတာ အသားကင်မဟုတ်ပဲ ကြွက်ကြီးကို ကိုက်ထားတာ သွေးသံတရဲရဲ နဲ့...ကြောင်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိခင်မှာ..အဒေါ်ကြီးက တဖြည်းဖြည်း အရှေ့ကို တိုးလာတယ်..ပြေးမလို့ ခြေလှမ်းတွေလည်း လှုပ်လို့မရနဲ့...
ချွေးသီး ချွေးပေါက်တွေ ကျနေပြီ..ဟိုကလည်း
တလှမ်းချင်းလှမ်းလာတာ အနားရောက်ဖို့ သိပ်မလိုတော့ဘူး....
အဲ့အချိန်မှာပဲ...ကံကောင်းချင်တော့ အိမ်က ဖုန်းဝင်လာတယ်..လမ်းလျှောက်တာ ပြန်မလာသေးလို့ အိမ်က လှမ်းဆက်တာ...အဲ့ဖုန်းဝင်လို့ ကိုင်လိုက်ပြီး ပြန်ကြည့်လိုက်တော့ မရှိတော့ဘူး..အဒေါ်ကြီးလည်း ပျောက်သွားပြီ..အဲ့နေရာက အိမ်ကို အမြန်ပြေး..အိမ်ပေါ် မတက်ခင် ခြေထောက်ဆေးနေရင်း ဘာရယ်မဟုတ်
အပြင်ဘက် လှမ်းကြည့်လိုက်တာ..စောနက
အဒေါ်ကြီး ခြံစည်းရိုးအပြင်ဘက်မှာ ရပ်ပြီး ကြည့်နေတယ်..လက်ထဲမှာလည်း ကြွက်သေကြီး
ကိုင်ပြီး..ပြုံးပြနေတာ...ပထမတော့ အဲ့လိုတွေ မြင်နေရတာ စိတ်ထင်နေတယ်ပဲ ထက်နေတာ...အိမ်ကို ပြောပြတော့လည်း နဂိုကတည်းက သူတို့က အယုံအကြည်
မရှိ...လက်မခံကြဘူး...အဲ့လိုဖြစ်ပြီး နောက်ပိုင်း ဘယ်သွားသွား တွေ့နေရတယ်...ယောက်ျားလေးလည်း ဖြစ်နေတော့ စစတုန်းက ကြောက်သလိုရှိပေမယ့် နောက်ပိုင်းကျ နေသားကျလာတယ်...
ဆိုးတာတခုက သူတို့ကို မမြင်ချင်ယောင်ဆောင်ပြီး
နေပေးနေရတာပဲ....သူတို့ကို မြင်တာ သိပြီဆို ပိုခြောက်ပြ၊ ပိုစကြတယ်...လမ်းပေါ်လှောက်နေတုန်း ရုတ်တရက် ကားလာတဲ့ ဖြတ်ပြေးပြတာတို့..ကိုယ့်က သေပြီထင်တာ..နောက်တော့မှ မျက်စိရှေ့တင် ပျောက်သွားတာတို့...နေပြည်တော်ဘက်က အိမ်မှာ နေတုန်းကဆို သူတို့အိမ်ရဲ့ ဘေးမှာ ဘာသာခြား အဒေါ်ကြီး
၁ ယောက် နေတယ်...သိပ်မကြာဘူး အဲ့နေရာ
ဘဏ်ဖွင့်လိုက်ရော..ညဘက်တွေ တော်တော်နဲ့ အိပ်မပျော်ရင် ဝရံတာရှေ့ ထွက်ထွက်ထိုင်တတ်တယ်..ည တော်တော်နက်နေပြီ..ဘေး အိမ်ဘက်ခေါင်မိုးပေါ်က တချွတ်ချွတ် အသံကြားလို့ ပထမ ကြောင် ထင်နေတာ နောက်တော့ ခြေသံက ကြမ်းပြီး ပြေးသလိုဖြစ်လို့ ကြည့်လိုက်တော့ မိန်းမ
ဝဝကြီး ခုန်ချတာ မြေ ကြီးပေါ် ဂွက်ခနဲ ပဲ...
တကယ့်လူထင်ပြီး အောက်ပြေးဆင်းမယ် လုပ်ခါမှ
အဲ့မိန်းမကြီးက ပြန်ထလာတယ်...နထင်နားက သွေးတွေ စီးထွက်လာနေတာ..ဒါကို သူက အဲ့ဒီ့ကောင်လေးကို ရယ်ပြ ပြီး ပျောက်သွားကော....အင်းလေးက ခေါင်တိုင် လှေဆိပ်နားက ဘုန်းကြီးကျောင်းမှာ တည်းနေတုန်း ညဘက် မီးလှုံရင်း ဘုန်းကြီးတပါးက သူ့ကို လာမေးတယ်...ဒကာ
အဲ့လို မြင်မြင်နေရတာ ကြာပြီမလားတဲ့...ရုတ်တရက် ဆိုတော့ ကြောင်သွားတယ်..
ဘာလားပေါ့. နောက်တော့မှ ဘုန်းကြီးက
ရှင်းပြတယ်..အဲ့လိုမြင်နေရတာ ဘီလူးဇာတာ၊ ဘီလူး နက္ခတ်နဲ့ တိုက်ပြီးမွေးလာရင် ဖြစ်တယ်ဆိုတာကော၊ နောက်တော့ ပါဠိလိုတွေ ရှင်းပြတော့
ပြေပြတဲ့ ညီလေးလည်း သိပ်
နားမလည်တော့ဘူးတဲ့......မြင်တော့ မြင်နေရပေမယ့် အရင်လိုတော့
မကြောက်တော့ဘူးတဲ့...ဘယ်သူမှလည်း မပြောပြဘူး...ဟိုနေ့က လက်ဆောင် ဆိုတဲ့ အကြောင်းဖတ်လိုက်ရမှ သူလို လူမျိုးတွေ ရှိနေပါလားဆိုတာ သိလို့ လာပြောပြတာပါတဲ့...အားလုံးပဲ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်...
Good Night
The End
Thanks for reading
Kblog by Ksoe
![](https://img.wattpad.com/cover/288737173-288-k544268.jpg)
YOU ARE READING
စားပါဦး ( ဖြစ်ရပ်မှန် )
Paranormalလက်ဆောင် ဆိုတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် ကဲ့သို့ သာမန် မျက်စိဖြင့် မမြင်နိုင်သော အရာများကို မြင်တွေ့နေရသော ကာယကံရှင်၏ ပြောပြချက်အတိုင်း ရေးသားထားပါသည်။