Part(4)♣️

561 73 18
                                    

"အားးးးမလုပ်ပါနဲ့တော့ သား... သား...နာလို့ နာလို့.....အားးးး"

"ပိတ်ထားစမ်း ပါးစပ်ပိတ်ထားစမ်း"

ထိုလူကြီးကပြောလဲပြော ခြေထောက်ကလဲ ကြမ်းပြင်တွင်ခွေခွေလေးလဲနေသောကလေးငယ်အား အဆက်မပြတ်ကန်နေသည်။

"အားးးးး ညီမလေး ညီမလေး ကိုမလုပ်ကြပါနဲ့"

"ကိုကြီး......ကယ်ပါအုံး"

"အားးးးးးးးး"
ဝုန်း*
ရုတ်တရက် အိပ်ယာမှ စောင်တွေကိုလက်နှင့်အပြည့်စုပ်ကာ အော်နေရင်း လန့်နိုးလာခဲ့သည်။Airconခန်းထဲချွေးတွေရွှဲနေကာအသက်ရ‌ှုသံကလဲမြန်နေသေးသည့် ထိုလူမှာKim Yeonjunသာဖြစ်သည်။

ကုတင်‌‌ေခါင်းရင်းဘေးနားက စားပွဲပေါ်ရှိ ရေဘူးကိုယူကာ အလောတကြီး သောက်ပစ်လိုက်သည်။မီးလဲမဖွင့် အမှောင်ထဲတွင် တစ်ယောက်ထဲစိတ်ငြိမ်အောင်လုပ်နေသည့်ပုံရပါ၏။
တစ်ဖြည်းဖြည်း အသက်ရှူသံတွေမှန်လာကာ
ကုတင်ပေါ်သို့ပြန်လှဲလိုက်ပြီးမျက်လုံးမှိတ်လိုက်လေသည်။ မျက်ဝန်းထောင့်မှ မျက်ရည်တစ်ချို့စီးဆင်းသွားသည်ကိုတော့ ထိုညကသူကိုယ်တိုင်နဲ့ခေါင်းအုံးလေးသာသိပေလိမ့်မည်။

"ဟယ်လို ပြောဒယ်ဒီ "

"အေးကွယ် အခုဒယ်ဒီလုပ်‌နေတဲ့projectအကြီးကြီးတစ်ခု‌အဆင်‌ေပြသွားတယ်‌ေလ အဲ့တာသဘက်ခါ အိမ်မှာ party ပေးမလို့ သားလာချင်ရင်လာရအောင်လှမ်းပြောတာ စာမေးပွဲနီးနေတာသိပေမယ့် စိတ်ပြေလက်‌ေပျာက်ပေါ့....သားkaiကိုလဲခေါ်ခဲ့လေ လာမယ်ဆို ဒယ်ဒီ ကားလွှတ်ကြိုခိုင်းလိုက်မယ်"

"ဟို.....ဘယ်အချိန်လဲ ဒယ်ဒီ"

မေးသာမေးတာ လုံးဝမသွားချင်ပါ။

"partyကညနေခင်းလောက်ဖြစ်မယ် လူငယ်တွေတော့ရှိမှာမဟုတ်ဘူး အရင်လို...စီးပွားရှင်တွေဘဲရှိလိမ့်မယ်"

"အဲ့တာကိုစဉ်းစားနေတာ သားပျင်းနေရမှာအဲ့ဒီကျရင် ဒယ်ဒီလဲဧည့်ခံတာဘာညာနဲ့အားမှာမှမဟုတ်ဘဲ "

"Kaiကိုပါခေါ်ခဲ့လေ နှစ်ယောက်ဆိုတော့မပျင်းရပါဘူး သောက်ချင်သောက် စားချင်စားပေါ့
ဒယ်ဒီကြုံတုန်းလေး သားကို မိတ်ဆွေတွေနဲ့လဲမိတ်ဆက်ပေးချင်လို့"

Daniel ChoiWhere stories live. Discover now