" ဒီမှာ senior အတွက် အအေးဘူး "" လာပြန်ပြီလားကောင်လေး မင်းကိုဘယ်နှခါပြောရမှာလဲ ငါအဲ့လိုတွေလုပ်တာမကြိုက်ဘူးလို့"
Yang Jungwon ဆိုတဲ့ကောင်လေးဟာလေ သူ့ဆီကိုလာလာ နေတာ ဒီနေ့နဲ့ဆို တစ်လတောင်ရှိနေပြီ။ ဘာလို့လဲမေးလိုက်တော့ စီနီယာကိုသဘောကျလို့တဲ့ ဘယ်လိုတွေတောင်ရဲလိုက်သလဲ အခုချိန်မှာဆိုရင်စာကိုစိတ်ဝင်စားသင့်တာမဟုတ်လား သူ့ကြောင့်ထိုကောင်လေးရဲ့ပညာရေးကို မထိခိုက်စေချင်လို့အမြဲတမ်းငြင်းနေခဲ့တာ ဒီကောင်လေးဟာလေ တော်တော်ဇွဲရှိသား
" စီနီယာမကြိုက်ပေမယ့်လည်း ကျွန်တော်ကြိုက်တယ်လေ ကျွန်တော်ဖတ်ဖူးတာကအချစ်ဆိုတာ ပေးဆပ်ခြင်းပဲ့တဲ့ ဒါကြောင့်ကျွန်တော်ကစီနီယာကို ပေးဆပ်ခြင်းအချစ်နဲ့ချစ်တာ ရော့အအေးဘူးထားခဲ့ပြီ သွားပြီနော်စီနီယာ မနက်ဖြန်လည်းလာခဲ့အုံးမယ် တာ့တာ ချစ်တယ်စီနီယာ "
ဘယ်လိုတောင်ရဲတင်းလိုက်တာလဲ နေပါအုံးငါကအခုပျော်နေတာလား ငါ့နှလုံးခုန်သံကဘာလို့မြန်လာရတာလဲ ရား Park Jongseong သတိထားစမ်း စာကိုသာအာရုံစိုက်
ထိုအနှီပေါက်စဟာလေ သူဘယ်လောက်ငြင်းငြင်းလုံးဝကို ဇွဲမလျှော့ဘူးပဲ့ သူ့ကြောင့်ထိုကောင်လေးရဲ့ ပညာရေးထိခိုက်မှာကိုသူမလိုလား သူတစ်ခုခုတော့ကြံရတော့မည်ထင်~
" Jungwon ရေ မင်းသိပြီးပြီလား "
" ဘာကိုပြောတာလဲ Sunoo Hyung "
" မင်းရဲ့ crush ကြီးလေ ဒီနေ့ပဲ့ကောင်မလေးတစ်ယောက်နဲ့ငါတွေ့လာတယ် ကြည့်ရတာချစ်သူတွေထင်တယ် "
" ဗျာ မဟုတ်နိုင်တာမပြောပါနဲ့ Hyung ရာ "
" မယုံရင်မင်းသွားကြည့်ကြည့် "
မဟုတ်နိုင်ဘူးမလား စီနီယာကအဲ့လိုလုပ်မယ့်သူမျိုးမဟုတ်လောက်ပါဘူး ဟာဗျာစီနီယာရယ်ရက်စက်လိုက်တာ
ဘယ်လောက်တောင်စိုးရိမ်မိသည်လည်းမသိ သူပြေးလာခဲ့တာ စီနီယာရဲ့အခန်းရှေ့ကိုတောင်ရောက်လာခဲ့ပြီ သူကိုမြင်သည်နှင့်စီနီယာက မျက်နှာထားတည်ပြီး ကောင်မလေးတစ်ယောက်ရဲ့လက်ကိုဆွဲပြီး သူ့ဆီကိုလာနေတာ