short 💨

202 16 5
                                    

ဆေးရုံဝင်းတခုအတွင်း
ခုံတန်းရှည်လေးပေါ်ထိုင်နေသော
လူသားမှာ သိုးမွှေးဦးထုပ်ခလေးနှင့်
ငေးမောစရာကောင်းအောင်
ချစ်စရာကောင်းနေလျက်.......

"ဟိတ်!!"

ခေါ်သံကြားရာသို့ ဖြေးဖြေးချင်း
လှည့်ကြည့်မိတော့....
ဘေးနားသို့ဝင်ထိုင်လိုက်ပါသော
Long coat အရှည်နှင့် လေးထောင့်ဆန်ဆန်
အပြုံးပိုင်ရှင်.....

"ကျတော့်ကိုသိလို့လား"

"ဆိုပါစို့..!"

"........"

နှစ်ဦးကြား ခနတာတိတ်ဆိတ်သွားသည်...။

"အေးတယ်....
       ခြုံထားလိုက်!"

Long coat ကြီးကို ခြုံပေးလျက်
ထထွက်သွားပါသောသူ၏
ကျောပြင်ကိုငေးလျက်သားပင်
သိုးမွှေးခေါင်းစွပ်လေး ကျန်ခဲ့ရှာသည်....။

"ဟင်း......"

ကျောပြင်ကျယ်ကြီးကိုငေးကာ
သက်ပြင်းရှည်ကြီးချမိတယ်
ဘာလို့မှန်းမသိ ထိုလူသားကို ရင်းနှီးနေသလို... မျက်ဝန်းတွေကလည်း ကြေကွဲရိပ်တွေနဲ့.......ထူးဆန်းလိုက်တာ!!

Never say goodbye 💌###**

"ကိုယ့်ကို မှတ်မိလား"

ထုံးစံအတိုင်း ခုံတန်းရှည်ပေါ်
ထိုင်နေတုန်း စကားလာပြောပါသော
လေးထောင့်ဆန်ဆန်အပြုံးပိုင်ရှင်...

"ဘယ်သူလဲဟင်!!"

ထင်တဲ့အတိုင်းပင် ဒီကောင်လေး
ကျတော့်ကို မမှတ်မိပြန်ဘူး....။

"မင်းဝတ်ထားတာ ကိုယ့်အကျီ.."

"ဟုလား!! ဘယ်သူ့ဟာမှန်းလည်းမသိ
ကျတော်ဆီရောက်နေတာနဲ့
ယူဝတ်လာခဲ့တာ....ကျတော် လျှော်ပြီး
ပြန်ပေးပါ့မယ်"

"ပြန်ပေးခါနီးမှ မေ့ချင်ဟန်မဆောင်နဲ့နော်"

ရယ်သံစွက်၍ပြောလိုက်ပါသော
ထိုလူသား....ထိုလူသားရဲ့ အပြုံးတို့နှင့်အတူ
ကျတော့်ရဲ့အပြုံးဟာလည်း
ရောပွန်းသွားခဲ့တယ်.....ဒီလိုမရယ်တာ
ဘယ်လောက်တောင်မှ ကြာခဲ့ပြီလဲ..?
ကျတော်မသိတော့ပါ.....။

"ကျတော်မေ့လည်း ခများက
သတိပေးပေါ့"

"အင်း...မင်!!"

Never say goodbye 💌 {VMIN}Where stories live. Discover now