sengoku ခေတ် ( 1467-1600)
ဟိုဆိုကာဝါနှင့် ယာမာနာ မျိုးနွယ်စုတို့ရဲ့အာဏာလုတိုက်ပွဲသည် ပို၍ ပြင်းထန်လာနေသည်။မြို့တော်ကျိုတိုသည်လည်း မည်သည့်အချိန်တွင် မီးလောင်ပြင်စစ်တလင်း ဖြစ်လိမ့်မည်ကို မခန့်မှန်းနိုင်တော့။ သေချာသည်ကတော့ လက်တစ်ကမ်းအကွာတွင်
သာ ။ ပြည်သူများ ရင်တထိတ်ထိတ်ဖြင့်ရပ်တည်နေကြပြီး ပိုက်ဆံရှိသခင်ကြီးများသည်တော့ ရိက္ခာများ လိုသည်ထက်ပိုလှောင်ကာ ထိုအချိန်ကိုစောင့်ဆိုင်းနေကြသည်။ မည်မျှပျက်စီးနိုင်မည်ကို သူတို့မသိကြ။ သိသည်မှာ မည်မျှပျက်စီးပါက မည်သို့အကျိုးရှိမည်ကိုသာ။အချို့သည် မြို့တော်မှ ထွက်ခွာသွားကြသည်။ အချို့သည် မြို့တော်သို့လာရောက်ကာ မျိုးနွယ်စုနှစ်စုမှ သူတို့အနိုင်ရမည်ဟု ထင်မှတ်သည့် မျိုးနွယ်စုထံတွင်ခိုလှုံ၏။
အချို့သော သူသည်မူ ဤနေရာတွင်တစ်စုံတစ်ယောက်အား လာရောက်ရှာဖွေနေခဲ့သဘ်။လက်ကိုင်ရိုးအစိတ်အပိုင်း ၅ ခုရှိသည့်
အနက်ရောင်Kendoဓားကို ခါးတွင်ချိတ်၊ဓားရိုးကိုလက်တွင်ဆုပ်၍ မကြာမှီစစ်ဖြစ်တော့မည်ဟု ထင်ကြေးရနေသည့် မြို့တော်ကျိုတိုသို့ kou ရောက်လာခဲ့သည်။ဒီနေရာသည်စစ်ဖြစ်တော့မည်၊ ပျက်စီးတော့မည် ဆိုလျှင် ထိုသူသည် ထပ်ပြီးပေါ်ပေါက်လာပါလိမ့်မည်။ သူက စစ်ဖြစ်မဲ့အချိန်ကိုစောင့် ၊ ထိုသူ့ကိုစောင့်နေရုံသာ ။ သွေးအထပ်ထပ်စွန်းခဲ့သော ဓားကိုဖုံးကွယ်ပေး
ထားသည့် ဓားအိမ်ကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း ဓားအိမ်နံရံပေါ်တွင်ထွင်းထားသည့် နာမည်အား အသံထွက်ရွတ်လိုက်၏ ။" '...' မင်းကိုတွေ့အောင်ရှာမယ် "
----------------------------
( ၁ )
ငလျင်ဒဏ်ကြောင့် ဘသာဝဘေးအန္တရာယ်ဒဏ်တွေကြောင့်ဟုဆိုကာ လယ်သမားများ ဆန္ဒပြနေတယ်လို့ ကြားထားတဲ့ မြို့ကို
သူခဏတဖြုတ်ဝင်ဖြစ်ခဲ့သည်။
လမ်းကြုံခေါက်ဆွဲတစ်ပွဲ ဝင်စားရင်းနဲ့မှ လယ်သမားတွေပုန်ကန်မူနဲ့ သူ တည့်တည့်ကိုတိုးခဲ့သည်။
YOU ARE READING
မေ့ဖျောက်ရန် မဖြစ်နိုင်သော ( oneshot )