"သဲသဲ ဒီညနေအားလား"
ရှောင်းကျန့်ကသင်တန်းပိတ်ရက်ဖြစ်လို့ အိပ်ရာပေါ် ပက်လက်လှန်ဖုန်းသုံးနေရင်း Message တစ်စောင်ဝင်လာတယ်။ ကြည့်လိုက်တော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ရည်းစားလေး ဝမ်ရိပေါ် ။မျက်နှာပေါ်၌ ပြုံးရိပ်များ ယှက်ပြေးသွားပြီး weiboသုံးနေရင်း ချက်ချင်း replyပြန်လိုက်တယ်။
"အားတာပေါ့မောင်ရဲ့ အရမ်းအားတယ်...
အား အား အား"Reply ပြန်ပြီးမှ သူ့ conversation ကိုပြန်ကြည့်မိတယ်။ သူဘယ်လိုတွေရေးလိုက်မိပါလိမ့်။မောင် ကတော့ တစ်မျိုးထင်သွားမှာပဲ။ အား ရှက်စရာကောင်းလိုက်တာ...။
ရှက်စိတ်ကြောင့်ဖုန်းကိုပိတ်ပြီး ခေါင်းအုံးထဲ မျက်နှာနှစ်နေလိုက်၏။ ချစ်သူသက်တမ်း ၃လ ကျော်ပဲရှိသေးသော သူတို့ rs သက်တမ်းမှာ သူ့ခန္ဓာကိုယ်ကို မောင့်အား အကြိမ်ကြိမ် အပ်နှင်းခဲ့ပြီးပြီ..။နောက်တစ်ကြိမ် "တောင်" ဟူသော message ဝင်သံထွက်ပေါ်လာပြန်တယ်။ ဖုန်းကိုချက်ချင်းဖွင့်ကြည့်တော့ မောင့်ရဲ့မက်ဆေ့က ရှောင်းကျန့်ရဲ့ နှလုံးခုန်သံများကို အကြိမ်ရေပိုတိုးသွားစေတယ်..။
"ဒါဆို ညနေ မောင် လာခေါ်မယ်နော် အော်ဖို့ အားမွေးထား" ဟူ၍ နောက်က မုန်းစရာကောင်းသော ပြီတီတီအီမိုဂျီ ပုံများနှင့် ပို့လာသည်။
မောင်ကအဲ့လိုပဲတွေးလိုက်မယ်ဆိုတာ ကို ရှောင်းကျန့်ထင်ထားပြီးသားဘဲ..။
'မောင်ကတော့တကယ်လူဆိုးပဲ..'
ယောကျာ်းလေးနှစ်ယောက်ကြားကဒီ ကိစ္စဟာ ထူးဆန်းနေတာမျိုးမဟုတ်ပေမဲ့ အခုထိသူရှက်နေပါသေးသည်။လွန်ခဲ့သော ၆ လခန့်က....!
ပေကျင်းစီးပွားရေးတက္ကသိုလ်ကိုမတက်မီ သင်တန်းပေါင်းများစွာ ကြိုတက်ထားနှင့်ရန်အတွက် ရှောင်းကျန့်ကချုံချင်ကနေပေကျင်းကိုပြောင်းလာခဲ့တယ်။သာမာန်ရပ်ကွက်ငယ်လေးတစ်ခုမှ တိုက်ခန်းကျဥ်းလေးတစ်ခန်းမှာငှားနေပြီး သင်တန်းကို Bus နှင့်သာ အသွားအပြန်လုပ်ရသည်။သင်တန်းပိတ်ရက်တွေတော့ အိမ်ကို နှစ်ပတ်တစ်ကြိမ်ဖြစ်ဖြစ် သုံးပတ်တစ်ကြိမ်ဖြစ်ဖြစ်ပြန်ခဲ့၏။ အပေါင်းအသင်းများများစားစားမရှိတဲ့ ရှောင်းကျန့်၏ပိတ်ရက်တွေဟာ ပျင်းစရာကောင်းလွန်းသည်။