So what ...!? 🤯

244 33 8
                                    

" ဖျော်ရည်လေး သုံးဆောင်ပါအုံး ,
ဒီမှာ မုန့်လေးကော "

ယွန်းမျိုးနွယ်ဝယ်လာသမျှသော မုန့်နဲ့ အချိုရည်များကို Staff များနှင့် Sahi တို့ အဖွဲ့ဝင်များကို လိုက်ဝေပေးနေသော ယွန်းမျိုနွယ်၏ Manager Hyung အသံက Sahiတို့ အလုပ်လုပ်နေရာ နေရာတစ်ဝိုက်အတွင်း ပျံ့နှံ့သွားသည် ။

ထို့ကြောင့် ခဏချင်းအတွင်းမှာပဲ မနက်ခင်းကတည်းက အလုပ်လုပ်ရတာကြောင့်ပင်ပန်းနေသော အဖွဲ့သားအားလုံး၏ ပျော်ရွှင်စွာ ဩဘာပေးလိုက်သံတွေကြောင့် သူတို့အလုပ်နေရာလေးသည် စိုပြေပျော်ရွှင်ဖွယ်ဖြစ်သွားရသည် ။

လူသားအားလုံးသည် ကုန်ဆုံး‌ နေသော Energy များကို ပြန်ဖြည့်ခွင့်ရသည့်အတွက် ပျော်ရွှင်နေကြသည် ။ ပြုံးပျော်နေကြသည် ။ သူ၏ နတ်သက်ဘဝတစ်ယောက်တွင်
မကြုံတွေ့နိုင်သော ပျော်ရွှင်မှုများ .. ။ ထို့နောက် နွေးထွေးမှုများ ။

ယုံကြည်ရာလမ်းကြောင်းတစ်ခုပေါ်တွင် အတူတူလျှောက်လှမ်းနေ‌ကြသော လူတစ်စု၏ ပန်းတိုင်နှင့်အတူ တူညီသော အင်အားများ ...။
‌ကူးယှက်လာသော‌ ပျော်ရွှင်မှု‌ ကြောင့်
သူ့နှုတ်ခမ်းတို့သည် တစ်ဖတ်တစ်ချက်စီသို့ ‌ ‌ခေတ္တမျှ ကော့ညွှတ်သွားရင်း စကားတစ်ခွန်းကိုလည်း တိုးတိုးမျှ ရေးရွတ်မိသည်။ ယခုအချိန်သည် သူ့ဘဝတည်ရှိမှုအတွက်နောက်ဆုံး Mission , သူ့အတွက် နောက်ဆုံးသော ကယ်တင်ရာ ။

" Zeo ဆိုတဲ့အဖိုးကြီးကတော့ကွာ ... "

သို့ရာတွင် ထိုလူသားအားလုံးတို့ထက် ပို၍ ပျော်ရွှင်နေသည်ကား ပါးစပ်ကို အစွမ်းကုန်ဖွင့်၍ ပြုံးရယ်ကာ လက်တစ်ဖက်မှ မုန့်ထုတ်များဆွဲရင်း ၊ လက်တစ်ဖက်မှ ဖျော်ရည်ပုလင်းအားကိုင်ရင်းနှင့် သူ့ထိုက်နေရာနေရာသို့ တန်းတန်းမတ်မတ် လျှောက်လာသော ယွန်းမျိုးနွယ် ။

ဒီကောင်ဟာလေ ပါးစပ်အာရွဲ့သွားပြီး ပြန်ပိတ်မရကာမှ ဟုတ်ပေ့တွေ ဖြစ်ကုန်တော့မယ် !!

" Sahi Hyung , ဒီမှာမုန့်လာယူလေ "

" ရတယ် Yedam ရ ၊ Hyungပေးလိုက်မယ်"

သူ့ဆီပြုံးပြုံးကြီး လျှောက်လာနေတာကို ခဏရပ်မုန့်လာယူဖို့ ပြောတဲ့သူတို့အဖွဲ့ရဲ့ Memberကလေးကို စကားပြန်ပြီးမှ ပြုံးပြုံးကြီးထပ်လုပ်ကာ သူ့ဆီလမ်းဆက်လျှောက်လာသော ထိုကလေးကလား ယွန်းမျိုးနွယ်ကြောင့် ထိန်းထားသမျှ မနေနိုင်တော့ပဲ
သူစိတ်ထဲတွင် ခွက်ထိုးခွက်လန်ရယ်ချလိုက်မိတော့သည် ။

You've reached the end of published parts.

⏰ Last updated: Oct 22, 2021 ⏰

Add this story to your Library to get notified about new parts!

Love Again 👼🧑Where stories live. Discover now