System 080 (Into)

197 14 4
                                    

Uni

လေလွှင့်နေတဲ့ဝိညာဥ်လေးဟာ သေခြင်းအလွန် နယ်မြေလေးကိုရောက်လာပြီး

''ငါဘာများလုပ်ခဲ့မိလို့လဲ ။ဘာလို့ ငါ့ကိုမှ ဒီလိုဖြစ်စေရတာလဲ။ မိုးနတ်မင်းကြီး ခင်ဗျားမတရားဘူး။ ကျွန်တော် ဘာအပြစ်မှမလုပ်ခဲ့ဘူး။ ကျွန်တော် ဘာမှအမှားလဲမလုပ်ခဲ့ဘူး။ သူ့ပေါ်ထားတဲ့ကျွန်တော့်ရဲ့အချစ်တွေကဖြူစင်ခဲ့တယ်။ သူ့အတွက်ကျွန်တော် အရာအားလုံးကို ကျောခိုင်းခဲ့ တယ်။ ကျွန်တော် အတွက် သူက ကမ္ဘာကြီးမို့ ။''
'' သူကတာကျွန်တော့်ရဲ့ဖြစ်တည်မှု၊ကျွန်တော်ရဲ့ဘဝမို့လို့ အရာအားလုံးကို ပေးဆပ်ပြီး ချစ်ခဲ့တယ် ။ဒါပေမယ့် ကျွန်တော် ပြန်ရလိုက်တာက အေးစက်စက်အကြည့် တွေနဲ့ အဝါရောင်မျက်ဝန်းတစ်ဆုံ။''

ဝိညာဉ်ငယ်လေးဟာ ငိုယိုပြီးစကားတွေပြောပြီးတော့ ရုတ်တရပ် ကျယ်လောင်စွာ ရယ်ပြီးပြောနေပြန်တယ်။ ဒါပေမယ့် သူ့နှုတ်ခမ်းတွေက ရယ်​နေပေမယ့် ခရမ်းရောင်မျက်ဝန်းတစ်စုံပေါ်ကနေ အဆုံးမရှိဘဲကျဆင်းနေတဲ့မျက်ရည်တွေဟာ  ထွက်လာတဲ့စကားလေးတွေဟာ ဝိညာဉ်လေးနာကျင်စွာခံစားနေရတာကိုပြောပြနေတယ်။

''ဟားဟား ငါကမင်းအတွက် သူမလောက် အရေးမကြီးဘူးလား။ငါ့မှာတော့ မင်းသာ၊  မင်းသာ ငါ့အတွက်အရေးကြီးဆုံးဖြစ်ခဲ့တာ။အခုတော့ ငါမင်းကိုမေ့ပစ်ချင်ပြီ။ ငါ့နှလုံးသားက နာကျင်နေပြီ ။ မုန်းတယ်  ငါမင်းကိုမုန်းတယ်လို့ အော်ဟစ်ပြစ်လိုက်ချင်ပြီ။ ဒါပေမယ့် မင်းကိုမုန်းမရခဲ့ဘူး။မင်းကိုမုန်းတယ်ဆိုတဲ့ ဦးနှောက်ရဲ့အသိကို မင်းကိုရူးမိုက်စွာချစ်မိနေတယ့် ငါ့နှလုံးသားက လက်မခံဘူး ။ ''

'' ဟားးဟားး မင်းအရမ်းတော်ပါတယ်။ ဟုတ်တယ် မင်းအရမ်းတော်တယ်။ ငါမင်းကိုချစ်မိသွားအောင် မင်းလုပ်ခဲ့တဲ့ အယောင်ဆောင်အနမ်းတွေ၊ ဟန်ဆောင်နေတဲ့အပြုံးတွေ၊ အတုအယောင် ဂရုစိုက်နေတာကို ငါရူးမိုက်စွာ ပျော်ရွှင်နေခဲ့တယ်၊ စွဲလန်းနေခဲ့တယ် ။နောက်ဆုံးငါသေသွားတာတောင်မှမင်းအပေါ်ထားတဲ့ငါ့အချစ်တွေကို မပြောင်းလဲနိုင်ခဲ့ဘူး။ဟား  ဟား ငါတကယ်ရူးမိုက်တဲ့သူတစ်ယောက်ဘဲ။ ဟားဟား '' ထိုအချိန်

System 080 {yin} BLWhere stories live. Discover now