System (space )

64 14 3
                                    

Uni

ဝိညာဉ်ဖြူလေး နိုးလာပြီးနောက်မှာတွေ့လိုက်ရတာက  အဖြူရောင် ဟင်းလင်းပြင် ပြီးတော့ ရေကန်တစ်ကန် ရေကန်ပေါ်မှာကြာပန်းခရမ်းရောင်လေးတွေပွင့်နေတယ် ပြီးတော့ ကန်ရေပြင်အလယ်မှာကြီးမားတဲ့အဖူးကအရောင်နုပြီးကြာပန်းပွင့်ချပ်လေးတွေက တစ်ချပ်နင့်တစ်ချပ်အရောင်ရင့်နေတဲ့ လူတောင်ဝင်အိပ်လို့ရတယ့်ကြာပန်းခရမ်းရောင်ကြီးကို တွေ့လိုက်ရတာကြောင့် အံသြနေချိန်။

[မဂ္လာပါ Host System 080 ကနေကြိုဆိုပါတယ်။ ]

လှည့်ကြည့်တော့ ၅နှစ်အရွယ်ကလေးလေးတစ်ယောက် ထိုကလေးလေးက အပြာရောင်မျက်ဝန်းလေးတွေနဲ့ တီရှပ်အဖြူ ၊ ဒူးအောက် ဘောင်းဘီဖြူဖြူလေး ဝတ်ထားတာချစ်စရာကောင်းတဲ့ကလေးလေး

''ခုနက မင်းပြောနေတာလား။ ''လို့မေးကြည့်တော့ ကလေးလေးက
[ဟုတ်ပါတယ် Host ကျွန်တော်ပြောနေတာပါ။] လို့ပြန်ဖြေတယ်
'' ငါကဘယ်သူလဲ။ပြီးတော့ဒါကဘယ်နေရာလဲ။ ငါဘာလို့ဘာမှ မမှတ်မိရတာလဲ။ ဘယ်လိုလုပ်ဒီနေရာကိုရောက်နေတာလဲ။''
[host ရဲ့နာမည်က လမင်းယံလို့ခေါ်ပါတယ်။ ကျန်တာတွေကိုတော့ပြောပြလို့မရပါဘူး။ပြောပြလို့ရတာကတော့ host နာမည်နဲ့  host ဒီကိုရောက်နေရတဲ့အကြောင်းအရင်းပါ။host အခု ဒီကိုရောက်နေတဲ့အကြောင်းရင်းကတော့ host ကလုပ်ကြံခံရပြီး ကိုမာဝင်သွားလို့ဒီကိုရောက်နေတာပါ။ host ဘာမှမမှတ်မိတဲ့အကြောင်းရင်းကတော့ host ကိုယ်တိုင် ကျွန်တော်တို့ရဲ့ system ကိုတောင်းဆိုပြီး ဖြတ်ခိုင်းထားတာပါ။host ဘာလို့ ကိုယ့်မှတ်ညဏ်ကိုဖြတ်ခိုင်းတာလဲ ?
လို့ကျွန်တော့်ကိုမေးချင်နေမှန်းသိပါတယ်။ အဖြက မမေးပါနဲ့ ၊ သိလဲ ဖြေပေးလို့ ရတာ မဟုတ်လို့။  host  ခုရောက်နေတဲ့နေရာကို 'သေခြင်းအလွန် ' နယ်မြေလို့ခေါ်ပြီး သေနေ့မစေ့သေးဘဲ လုပ်ကြံသတ်ဖြတ်ခံရပြီး သေသွားတဲ့လူတွေကို နောက်တစ်ကြိမ် အခွင့်အရေးပေးတဲ့နေရာဖြစ်တယ်။ ဒီလိုသေနေ့မစေ့သေးတဲ့သူတွေကို ကူညီဖို့ system များစွာရှိပြီး ကျွန်တော်တို့ရဲ့ system 080ကတော့  အကျော်ကြားဆုံး  system ဖြစ်ပြီး နှစ်မှာလူသားတစ်ယောက်ကိုဘဲ10000 ကူညီတယ်။ ဒီထဲမှာမှ  Host က နှစ်10000မှာပထမဆုံးရွေးချယ်ခံလိုက်ရတဲ့ လူသားတစ်ယောက် ဖြစ်တယ်။ Host ရဲ့ကမ်ဘာကိုပြန်သွားနိုင်ဖို့ Host က ကမ်ဘာအသီးသီးရဲ့ မတရားစွာ သတ်ဖြတ်ခံရပြီးသေဆုံးသွားသူတို့ရဲ့ ဆန္ဒကိုဖြေဆည်းပေးပြီး Date Points တွေကိုစုဆောင်းရမှာဖြစ်တယ်။ Date Points 10000 ပြည့်ရင် Host ရဲ့ကမ်ဘာကိုပြန်သွားလို့ရပြီး  ကျွန်တော်တို့ system ကနေသင်ကြားခဲ့သမျှ skills များကိုလည်း Host ရဲ့ကမ်ဘာမှာရှိတဲ့ ခန္ဓာကိုယ်ထဲမှာလည်း တစ်ခါတည်းထည့်သွင်းပေးမှာဖြစ်ပါတယ်။hostရဲ့မှတ်ညဏ်တွေကိုလည်း ကမ်ဘာ တစ်ခုဖြတ်သန်း ပြီးတိုင်း နဲနဲစီ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ]

System 080 {yin} BLWhere stories live. Discover now