One Shot - Zawgyi

520 49 2
                                    

ငါက ငါ့ရဲ့ အခန်းဖော် ချန်ခယ့်ကို သဘောကျတယ်။ ဒါပေမယ့် သူက ချီယွီကို ကြိုက်နေတယ်ဆိုတာကို ငါသိတယ်။ ချီယွီဆိုတာ ငါတို့ဘေးအတန်းက ငါ့ရဲ့ငယ်သူငယ်ချင်း။ သူနဲ့အကျင့်စရိုက်ချင်း တူတဲ့သူမျိုးကိုပဲ သဘောကျမယ်ဆိုတာ ငါသတိထားမိပါတယ်။ ဒါပေမယ့်လည်း သူကြိုက်နေတဲ့သူက သူ့ကိုပြန်မကြိုက်ဘူးလေ။ ဒါက အရမ်းကို ရင်နာဖို့ကောင်းလွန်းတယ်။ သူကြိုက်နေတဲ့သူကို မရဘူးဆိုရင် ငါကသူ့ကိုကူညီပေးရမှာပေါ့။ အဲ့ဒီအချိန်တုန်းက ငါ အရမ်းကိုမိုက်မဲလွန်းစွာ တွေးခဲ့မိတယ်။

ပထမဆုံး ချီယွီ မကြာခဏသွားတတ်တဲ့နေရာတွေကို ငါစုံစမ်းတယ်။ ပြီးတော့ ၂၄နာရီနီးပါး ငါသူ့အနောက်ကနေ လိုက်ခဲ့တယ်။ ငါ့ကိုသတိထားမိသွားတဲ့အချိန်ကျရင် ငါသူနဲ့ မတော်တဆတွေ့သလိုမျိုး ဟန်ဆောင်လိုက်တယ်။

သူစိတ်ဝင်စားတတ်တဲ့အရာတွေနဲ့ ဝါသနာတွေအားလုံးကိုလည်း ငါလိုက်မှတ်ထားတယ်။ အဲ့ဒါတွေအားလုံးကို မှတ်စုတစ်ခုထဲမှာ ချရေးပြီး ချန်ခယ့်ကိုပေးခဲ့တယ်။ ငါအောင်မြင်သွားတယ်လို့ ငါထင်ခဲ့တယ်။ နေ့တိုင်းနေ့တိုင်း သူတို့နှစ်ယောက် ဖုန်းနဲ့ အပြန်အလှန် စာပို့နေကြတာကိုကြည့်ရင်း မစတင်ရသေးခင်မှာတင် အသတ်ခံလိုက်ရတဲ့ ငါ့ရဲ့ပထမဆုံးအချစ်အတွက် မျက်ရည်တွေကို တိတ်တဆိတ် သုတ်ပစ်ခဲ့တယ်။

ချီယွီနဲ့ ငါက အရမ်းကိုရင်းနှီးတာကြောင့် နောက်ဆို သူ့ရဲ့လက်‌ဆောင်တွေကို ငါကနေတစ်ဆင့် ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ ချန်ခယ့်က ပြောလာတယ်။ သူချက်တဲ့ နံရိုးချိုချဉ်တွေ၊ သူထိုးထားတဲ့ ဆွယ်တာအင်္ကျီတွေ...

အဲ့ဒီပစ္စည်းတွေ တစ်ခုပြီးတစ်ခုကို ငါပို့ပေးခဲ့ရတယ်။ တစ်နေ့တော့ ချီယွီက သူ့ကိုငြင်းလိုက်တယ်လို့ ချန်ခယ့်က ငါကိုပြောလာတယ်။ ချီယွီက သူကြိုက်နေတဲ့သူရှိတယ်လို့ ပြောခဲ့တယ်တဲ့။ အဲ့စကားကိုကြားတော့ ငါအရမ်းဒေါသထွက်သွားတယ်။ သူမကြိုက်ဘူးဆိုရင်လည်း အစကတည်းက ပြောလေ။ သူအစကတည်းက ပြောခဲ့ရင် ငါ့အတွက် အခွင့်အရေးတစ်ခု ရှိနိုင်သေးတယ်။ ငါ့ရဲ့မင်းသားလေးက သူလွှင့်ပစ်ချင်တိုင်း လွှင့်ပစ်လို့ရတဲ့သူမျိုး မဟုတ်ဘူး။

🎉 You've finished reading ဒါပေမယ့် မင်းကအရူးတစ်ယောက်ကို ချစ်မိနေတယ် (One Shot_Completed) 🎉
ဒါပေမယ့် မင်းကအရူးတစ်ယောက်ကို ချစ်မိနေတယ် (One Shot_Completed)Where stories live. Discover now