တကယ်ချစ်ရင်နောက်တစ်ယောက်ဆိုတာရှိမလာဘူးလို့ယုံကြည်ထားလို့ နောက်တစ်ယောက်ရှိလာတဲ့တစ်နေ့မှာ ကျွန်မအပေါ်မှာပဲ ပြတ်သားပေးပါ
အဲ့နေ့က ကျွန်မသာပြတ်ပြတ်သားသားငြင်းခဲ့ရင် အခုချိန် ခံစားနေရမှာမဟုတ်ဘူး
အဲ့နေ့က ကျွန်မသာလွှတ်ချနိုင်ခဲ့ရင် အခုချိန် ကျွန်မပြုံးနေနိုင်ခဲ့မှာ
အဲ့အမျိုးသားလေးကပြောတယ် ကျွန်မကိုပဲချစ်တာတဲ့ ဘဝတစ်ခုလုံးအတွက်ရည်ရွယ်တာပါတဲ့ ကျွန်မဘယ်လောက်ဆိုးဆိုး ကျွန်မအပေါ်သည်းခံပေးခဲ့တယ် သူကျွန်မအပေါ်ထားမသွားပဲဆက်ချစ်နေလိမ့်မယ်လို့ ထင်ယောင်ထင်မှားဖြစ်ခဲ့မိတယ်
ပထမလူကြောင့်ရတဲ့ စိတ်ဒါဏ်ရာဟောင်းကိုကုစားပေးပြီး
ဒါဏ်ရာသစ်ကို ထပ်ပေးသွားတယ် နောက်တစ်ယောက်ရှိနေတာကိုသိရက်နဲ့တောင် မသိချင်ယောင်ဆောင်ပြီး ဆက်ချစ်ဖို့ကြိုးစားပေးခဲ့တယ် နောက်ဆုံး ဝေခွဲမရတဲ့စိတ်တွေနဲ့ပဲ လမ်းခွဲခဲ့တယ် လမ်းခွဲတဲ့နေ့က အသေအကြေငိုခဲ့တယ် နောက်နေ့မျက်လုံးတွေမဖွင့်နိုင်တော့တဲ့အထိပဲ နိုင်ချင်ယောင်ဆောင်ခဲ့တာပါ တကယ်တမ်း ကျွန်မပဲရှုံးခဲ့တာ
YOU ARE READING
Strangers I used to love
Short Storyနိုင်ချင်ယောင်ဆောင်ခဲ့တာ တကယ်တမ်း ကျွန်မ မနိုင်ခဲ့ပါဘူး အရှုံးတွေကြားမှာ ဟန်မပျက်ပြုံးနိုင်လောက်ပဲတတ်နိုင်ခဲ့တာ