An Angel cried (unicode)

554 49 33
                                    


" ကျွန်တော်သေသွားပြီလား? "

သူ့အရှေ့မှာရောက်နေတဲ့အဖြူရောင်ဝိဉာဉ်လေး
ကိုကြည့်ပြီးသီအိုနားထင်ကြောကိုနှိပ်နယ်မိသည်။

ထို့နောက်သူ့ရဲ့အရိုးခေါင်းတုတ်တံရှည်ကြီးကို
ကိုင်ပြီးကောင်လေးအနားသို့အနက်ရောင်အငွေ့
တွေအဖြင့်ရစ်သိုင်းလွှမ်းခြုံလိုက်တယ်။

" မင်းကသေသွားပြီကောင်လေး ...
လူ့ပြည်မှာကျန်ခဲ့တဲ့မင်းခန္ဓာကိုယ်ကတောင်
ပြာအဖြစ်ပြောင်းသွားပြီ "

" ဟင့်အင်း ... မဟုတ်ဘူး "

ခက်ပါပေ့ လူသားတွေ။ ဒါတွေကြောင့်သီအို
လူသားတွေကိုအကြောမတည့်တာဖြစ်သည်။
အဆက်ဆံမလုပ်ချင်လို့တောင်ယမမင်းဘဝ
ကိုကျေကျေနပ်နပ်ကြီးခံယူထားတဲ့သီအိုအဖို့
အခုသူ့မြင်ကွင်းထဲကခေါင်းတစ်ခါခါလက်တစ်
ခါခါဖြင့်မိမိသေဆုံးကြောင်းလက်မခံနိုင်ဖြစ်
နေသောအဖြူရောင်ဝိဉာဉ်လေးသည်များစွာ
ခေါင်းကိုက်စေ၏။

အနက်ရောင်အငွေ့တွေအဖြစ်ကနေသူ့ရဲ့မူလ
သေမင်းပုံစံအဖြစ်ပြောင်းလဲပြီးဒူးထောက်
လျက်သားဖြင့်မျက်ရည်လည်ရွှဲဖြစ်နေသော
ကောင်လေးကိုကိုယ်ထင်ပြလိုက်သည်။

ကောင်လေးကတော့သူ့ကိုမျက်ရည်တွေဝေ့သီ
နေတဲ့မျက်လုံးလှလှလေးတွေနဲ့ကြောင်ကြည့်
နေသည်။ သူ့ရဲ့အနက်ရောင်အငွေ့တွေဖြင့်
လွှမ်းခြုံထားတဲ့ထိုင်ခုံကြီးမှာဝင်ထိုင်လိုက်ပြီး
ဒူးထောက်လျက်သားရှိနေတဲ့ကောင်လေးကို
ငုံ့ကြည့်လိုက်သည်။

" မင်းကအဖြူရောင်ဝိဉာဉ်ဆိုပေမယ့်
အစွဲအလမ်းတွေနဲ့ပဲ "

ကောင်လေးရဲ့နာကျင်မှု့၊ ဝမ်းနည်းမှု့၊ မယုံနိုင်
ခြင်းတွေကိုသီအိုကြည့်ပြီးကောင်လေးရဲ့
လူ့ဘဝတွင်သာအသက်ရှင်နေခဲ့ရင်အနာဂတ်
မှာဘာဖြစ်နိုင်မလဲနှင့်အတိတ်တွေကိုပါသီအို
ဝင်ကြည့်လိုက်သည်။

" ကျွန်တော်ကနောက်တစ်လဆိုရင်
လက်ထပ်ရတော့မှာ ... "

သီအိုသိပြီးပြီဖြစ်လို့ငြိမ်နေလိုက်သည်။

" ကျွန်တော်ချစ်ရတဲ့လူနဲ့လေ "

ကောင်လေးချစ်ရတဲ့လူဟာကောင်လေးကို
တော့အမှန်တကယ်မချစ်ခဲ့ဘူးဆိုတဲ့အကြောင်း
တော့သီအိုဒီကောင်လေးကိုမပြောပြတော့ပါ။

An Angel Cried Where stories live. Discover now