Unicode
"မောင်လို့ ရေဆော့ချင်ပါတယ်ဆို "
"အသက်ကလည်းကွာ အအေးမိလိမ့်မယ် "
"ဟာကွာ မသိဘူးမသိဘူး မောင် ကမချစ်တော့ဘူးမို့လားသိသားဘဲ "
ဟောကြည့် အအေးမိမှာဆိုးလို့ရေမဆော့
ခိုင်းတာကို ထင်ချင်ရာတွေးနေသော မောင့်အသက်ရယ်ပါ.."မဟုတ်ပါဘူးကွာ မောင်က အသက်ကို အအေးမိမှာဆိုးလို့ပါ အသက်နားလည်တယ်မို့လားဟင် "
ထယ်ယောင်း၏ နောက်ကျောဘက်မှသိုင်းဖက်ပြီးပုခုံးလေးပေါ် မေးတင်ကာ ချော့ပြောနေသော ဂျောင်ကု
"အင်းပါ အဲ့တာဆိုလည်း ဒါနဲ့ မောင့်မိဘတွေကို ဘယ်လိုပြောကြမလဲ "
"အဲ့တာတွေကို အသက် တအားကြီးမတွေးပါနဲ့ကွာ အခုချိန်မှာ မောင့်အကြောင်းဘဲတွေးပေးနော်.."
လူကိုကျစ်ကျစ်ပါအောင်ဖက်ပြီး ပြောနေသော မောင့်ဟာလေ ဒီလိုမျိုးကြတော့ ချွဲစိန်လေးအတိုင်းဘဲ
"အခုလောလောဆယ် လွှတ်အုံး အသက်ရူကျပ်နေပြီ မောင်ရယ့် "
"ယောင်း မောင့်ကိုထားမသွားရဘူးနော် "
မောင်ပြောလာသောစကားကြောင့် မောင့်ဘက်သို့မျက်နှာလှည့်လိုက်သည်။
မောင့်မျက်ဝန်းတွေကစိုးရိမ်မှုတွေအလား ဘာတွေများစိုးရိမ်နေတာလဲမောင်ရယ်
"မောင်ရယ် ငါက မင်းအနားကနေ ဘယ်မှမသွားပါဘူးနော် "
မောင့်မျက်နှာလေးအားကိုင်ကာ ကျွန်တော် ပြောလိုက်မိသည်။ မောင့်က ကျွန်တော်လက်ကလေးကိုပြန်လည်ကိုင်ပြီး
"အာ....မရတော့ဘူးကွာ အသက်ကို မောင်အရမ်းချစ်နေပြီ... မောင်တို့ချစ်ကြရအောင်အသက်ရေ..."
ဆိုပြီး မောင့်ရယ့်ချစ်ခြင်းကိုခံရတာ ညနေပိုင်းမှရောက်မှ ချစ်ကြတာ ရပ်သွားသောစုံတွဲရယ်ပါ ။
****************
ဘူဆန်ကနေ ပြန်လာပြီးကတည်းက မောင်က လူကို မျက်စိအောက်ကနေကို အပျော်မခံဘဲ နေသည် ။ ဒီနေ့ကတော့ မောင့်ရယ့်အိမ်ကို နှစ်ယောက်သား အတူတူ ရင်ဆိုင်
မယ့်နေ့လေးပေါ့ ဟူး မောင် ငါမင်းကိုမဆုံးရှူံးချင်ဘူး
YOU ARE READING
My Only Beauty God (Complete)
Fanfiction"မင်း ငါ့စက်ဘီးကိုစီးချင်ရင် တစ်ခုလုပ်ပေးရမယ် ယောင်း...." "ဘာများလဲ ဂျောင်ုကု..." "အဲ့တာက မင်းငါ့ကို မောင် လို့ ခေါ်ရမယ်.." Jeon Jung Kook × Kim Taehyung ♡