ကိုမိုးသက်ပိုင်.........
အကိုက သူငယ်ချင်းအဖြစ် ရင်းရင်းနှီးနှီးခေါ်စေချင်တယ်ဆိုလို့ ကျွန်တော့်ကိုခေါ်သလို "ပိုင်”လို့ပဲခေါ်ပရစေ။ ရိုင်းတယ်လို့တော့မထင်ပါနဲ့နော် "မက်ခ်”ဆိုတဲ့တရုတ်နာမ်မည်ကြီးကို ကျွန်တော်မခေါ်ချင်ဘူး။ တစ်လုံးတည်း အဖျားဆွတ်ခေါ်လို့ကောင်းတဲ့နာမ်မည်မျိုးလည်းမဟုတ်ဘူး။ ဒါကြောင့်ပိုင်လို့ပဲခေါ်ဆာ အကိုကြိုက်မယ်ထင်ပါရဲ့။
ပိုင်နဲ့ကျွန်တော်အကြိုက်တူတယ်သိလား။ The Best English မျက်နှာဖုံးက အဝါရောင်လမ်းကလေးကို လွမ်းသိပ်ကြိုက်တာ။ အဝါရောက်လမ်းလေးမှာအချစ်ဇာတ်လမ်းတွေ အများကြီးရှိသတဲ့။ အဲ့ဒီအဝါရောင်လမ်းလေးမျိုးထဲ ပိုင် လျှောက်ဖူးလား။ ကြည်နူးစရာကောင်းမလားမသိဘူးနော်။ ပိုင်လည်းတစ်မျိုးတစ်ဖုံလောက်တော့ဆွဲ့ကြည့်ပါလား။ ပိုင်သာဆွဲရင်သိပ်လှမာပဲလို့ ကျွန်တော့်စိတ်ထဲမှာ အလိုလိုထင်နေတယ်။
ပိုင်သာဆွဲဖြစ်ရင် ကျွန်တော်ကကဗျာတစ်ပုဒ်ရေးပေးမယ်။ ပိုင့်ပန်းချီကားအောက်မှာ အမှတ်တရရေးထားဖို့လေ။ အဲ့ကဗျာလေးကိုပိုင့်အတွက်ကြိုရေးပေးလိုက်မယ်။ အဲ့ပုံလေးကိုတော့ ပိုင်.........ဆွဲဖြစ်အောက်ဆွဲပေတော့.......။
"အဝါရောင်လမ်း၊ ဖြတ်သန်းမရဲ
ကိုယ့်စိတ်ထဲမယ်၊
အသဲငယ်လွန်းလို့ပါကွယ်။”
ကျွန်တော့်ကဗျာကိုဖတ်ပီး ပိုင်....ရယ်မနေနဲ့အုံးနော်။
မမေ့သော
လွမ်းသီချင်း--------------------------------------------
လွမ်းသီချင်း........
လွမ်းရဲ့ပွင့်လင်းရိုးသားစွာ ရေးလိုက်တဲ့စာဖတ်ရတော့ ကိုယ်အရမ်းဝမ်းသာပြီး ကြည်နူးသွားမိတယ်။ မြန်မာလိုရေးပြီးချစ်ခင်ရတဲ့ လွမ်းလို သူငယ်ချင်းမျိူးရတဲ့အတွက် ကိုယ် သိပ်ကံကောင်းတာပဲ။
လွမ်းရဲ့ဆန္ဒအတိုင်း အဝါရောင်လမ်းကလေးပုံကိုယ်ဆွဲနေပြီ။ ပြီဓတာ့လွမ်းရဲ့ ကဗျာလေးကိုအောက်မှာ ရေးထည့်ပေးထားမယ်နော်။ ဒါပေမဲ့ အဝါရောင်လမ်းကလေးကိုကိုယ်လျှောက်မကြည့်ဘူးလို့ကြည့်နူးစရာကောင်းမကောင်းကိုယ်မသိဘူး။
YOU ARE READING
Let Me!Be Your Song (Completed)
Random❗မျက်ရည်ခိုင်မှဖတ်ပါ❗ "အဝါရောင်လမ်း၊ ဖြတ်သန်းမရဲ ကိုယ့်စိတ်ထဲမယ်၊ အသဲငယ်လွန်းလို့ ပါကွယ်" "အဝါရောင်လမ်း၊ ဖြတ်သန်းမရဲ ကိုယ့်စိတ်ထဲမယ်၊ အသဲငယ်လွန်းလို့ ပါကွယ်" This story base from a true story on 2000.