Part(1)

290 26 8
                                    

(Zawgyi)

𖧷𖧷𖧷𖧷𖧷𖧷𝐁𝐞𝐬𝐭 𝐅𝐫𝐢𝐞𝐧𝐝𖧷𖧷𖧷𖧷𖧷𖧷

နေရောင်ခြည်များ ဖြာကြကာ လေညှင်းငယ်လေးများ တစ်ဖြူးဖြူးတိုက်ခတ်နေသည့်နေ့‌တစ်နေ့၏ မနက်ခင်းတစ်ခုတွင်~~~

Jungkookတစ်ယောက် ကျောင်းကကန်တင်းမှာ တစ်ယောက်ထဲထိုင်ကာ ဟိုတွေးလိုက်ဒီတွေးလိုက်ဖြင့် အတွေးကမ္ဘာထဲ ရောက်နေတော့သည်။သူ့ရှေ့ကစားပွဲလေးပေါ်မှာလဲ‌ ပဲပေါင်မုန့်တစ်ထုတ်နှင့် သူ့ရဲ့Favourite drinkဖြစ်တဲ့ Banana Milkဗူးလေးအား ဖောက်ကာ တင်ထားသည်။ထိုကောင်လေးမှာ သူလုပ်ချင်တာလုပ်ထားရလို့ ကျေနပ်နေဟန် မျက်နှာမှာအပြုံးပန်းများ ဝေလို့နေသည်။

"အော်...တော်တော်သာယာတဲ့နေ့လေးပါလား~~"သူ‌ကောင်းကင်ကိုကြည့်ရင်း တွေးစစဖြင့် Banana milkဗူးလေးအား လက်နဲ့ယူလိုက်ပြီး သောက်လိုက်စဉ်........

"ရားးးးးး!!!!ဟိုကောင် Jeon Jungkook!!!"

"ဖွီးးးအဟွတ်!...အဟွတ်!"

"Jungkook!!မင်းဘယ်လိုလုပ်လိုက်တာလဲ!"

"အဟွတ်..ဟေ့..‌ဟေ့ကောင် ငါဘာလုပ်လို့လဲဟ?"

သူပြောတော့ Taehyungကသူ့နောက်ကျောအားဖုန်းးးကနဲမြည်အောင် ချလိုက်ရင်း

"ဘာ...မင်းငါ့စော်ကိုငါနဲ့လမ်းခွဲ‌ပေးဖို့ချိန်းခြောက်ပြီး‌ပြောလိုက်တယ်ဆို"

"အားးး နာတယ်ဟ၊အော်...အေးလေ ချိန်းခြောက်တာမဟုတ်ပါဘူး ငါကဒီတိုင်း စကားတစ်ခွန်းပဲ ပြောလိုက်တာ ဘာဖြစ်လို့လဲ?"

"မင်းးအမေကြီးတော်ကို ဘာဖြစ်လို့လဲလား..ငါ့ကောင်မလေးတွေလဲ တစ်ယောက်ပြီးတစ်ယောက် မင်းကြောင့်ကြည့်ကျောင်းပြောင်းရတဲ့သူနဲ့ လူရှေ့သူရှေ့ အရှက်ကွဲရတဲ့သူနဲ့၊အခုလဲမင်းငါ့‌‌ကောင်မလေးကို သူ့အတန်းရှေ့ထိသွားပြီး'တန်ရာတန်ရာမှန်း'ဆိုပြီးသွားပြောတာဆို သူအခုရှက်သွားပြီးငါ့ကို'နောက်လာမပတ်သက်နဲ့ မသာကြီး'ဆိုပြီးပြောသွားတယ်"

Taehyungပြောပြီးပိုက်တပ်ထားသောJungkookရဲ့Banana milkဘူးကပိုက်အား ထုတ်ကာ အပေါ်ကဘူးအခွံကိုပါ ခွါလိုက်ပြီးတစ်ကြိုက်တည်း အကုန်မော့ချလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 18, 2022 ⏰

Add this story to your Library to get notified about new parts!

𝐁𝐞𝐬𝐭 𝐅𝐫𝐢𝐞𝐧𝐝Ⓚ︎Ⓥ︎Where stories live. Discover now