အသားထဲကလောက်ထွက်

158 13 2
                                    

Unicode

ပြန့်ကျဲနေသော စာရွက်တွေက ဟိုဟိုသည်သည်။ အကြောများပေါက်ထွက်မတက် လက်သီးစုပ်ထားတဲ့ ထိုလူ၏မျက်နှာမှာ ဘယ်လောက်စိတ်ညစ်နေမှန်းသိသာသည်။

"ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့ Mi LiLi !!!(မီလီလီ) အခု သူမဘယ်မှာလဲ"

သူ့ရဲ့အတွင်းရေးမှူးကိုမေးလိုက်သည်။

"ကျွန်တော် မသိပါဘူး။ သဲလွန်စတွေအရတော့ သူမ အမေရိကားကိုပြေးသွားပါပြီ"

"တောက်!"

ပြင်းထန်သော တောက်ခေါက်သံအဆုံးမှာ အနှစ်နှစ်အလလဆောက်တည်ခဲ့ရသော သိက္ခာများ၊ အလုပ်များဟာ တစ်ရက်ထဲရဲ့ထိုးနှက်မှုဖြင့် အလုံးစုံပျက်စီးသွားရလေပြီ။ စိတ်ပျက်မှုတွေနဲ့အတူ ထိုင်ချမိလိုက်ပြီး လွန်ခဲ့သောနှစ်လက အကြောင်းအရာတစ်ချို့က ခေါင်းထဲရေးတေးတေးပေါ်လာသည်။

LOEY Entertainment ဆိုတာ Koreaနိုင်ငံရဲ့ထိပ်တန်း ကုမ္ပဏီတစ်ခု။ မသိတဲ့သူမရှိသလို လူတိုင်းရဲ့ပါးစပ်ဖျားမှာလည်း ရေးပန်းစာသည်။ ထို Entertaminentမှ debutထားသည့် Idolတွေ Groupတွေကလည်း သူ့နည်းသူ့ဟန်နှင့် Popular ဖြစ်သလို ရုပ်ရှင်လောကမှာပါ နေရာရထားကြသည့်သူတွေပင် မနည်းမနော။

ထိုကဲ့သိုကျော်ကြားလှသည့် Entertainment ပိုင်ရှင်မှာ အသက်၂၀ကျော်လူငယ်လေး။ အောင်မြင်ကျော်ကြားသည့် ဂုဏ်ပုဒ်နှင့်ညီအောင်အမြဲသတိဝရိယနဲ့နေသည်။ အဲ့သလိုဂရုစိုက်နေသည့်ကြားမှာပင် ပြသာနာဟာထိပ်တိုက်ကိုသူ့ကိုလာတိုက်သည်။

"ကဲ အကုန်လုံးတော်တယ်။ မနက်ဖြန် LOEY Ent.ကိုကျော်ကြားသထက်ကျော်ကြားအောင် လုပ်ပေးခဲ့တဲ့ XO အဖွဲ့ကိုဂုဏ်ပြုပါတီကျင်းပမယ်"

"ရေး...."

အကုန်လုံးကအားရဝမ်းသာစွာထောက်ခံကြသည်။
CEO Park ChanYeolလည်း ညနက်နေပြီမို့ အိမ်ကိုပြန်လာခဲ့သည်။
ကုမ္ပဏီနဲ့နည်းနည်းလှမ်းတဲ့နေရာရောက်တော့ ကားရှေ့မှတစ်စုံတစ်ခုကိုတိုက်မိသွားသလိုခံစားရတာကြောင့် ကားကိုရပ်ကာ အောက်ဆင်းကြည့်ရသည်။

ကားရှေ့တွင်လဲနေသည့်မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရတာမလို့ Chanyeolမှာလန့်သွားရသည်။
ခန္ဓာကိုယ်ကိုလှုပ်ကာ နိုးကြည့်လိုက်သည်။

Kiss Me (S-2)Where stories live. Discover now