Unicode
သတင်းတွေထဲမှာလည်း သူ့နာမည်ကထိပ်ဆုံးက။ လက်ရှိidolတွေထက်တောင်သူ့သတင်းကဟော့နေသေးသည်။ တောထဲကအပန်းဖြေစံအိမ်က လိုင်းမရတစ်ချက် ရတစ်ချက်ပင်။ I-Pad ကိုချကာ ပင်လယ်ဘက်ဆီသို့ လေညင်းခံရန်ထွက်လာခဲ့သည်။
ဘာရယ်မဟုတ် ပင်လယ်မြင်တော့ သူမကိုသတိရသွားသည်။ Honeymoon ထွက်ရင် ဂျယ်ဂျူကျွန်းလိုက်ပို့ဖို့ ပူဆာခဲ့သည့် သူမပုံရိပ်ကိုပြန်မြင်ယောင်ရင်း မျက်လုံးအိမ်များကတာကျိုးသကဲ့သို့ မျက်ရည်များကျလာသည်။
ရုတ်တရတ် Chanyeolရဲ့ခြေလှမ်းတွေရပ်သွားသည်။ စိုစွတ်စွတ်အရာတစ်ခုက သူ့ကိုဆွဲထားသည်။
-ဘုရား ဘုရား သရဲများလား-
ကြောက်စိတ်တွေနဲ့ မဝံ့မရဲနောက်ကိုလှည့်ကြည့်မိတော့ အဖြူကျန့်ကျန့်ဝတ်စုံနဲ့ လူတစ်ဦး။ ဆံပင်ကလည်းကျောလယ်လောက်ရှိသည်။ မှောက်လျက်အနေအထားကြောင့် မျက်နှာမမြင်ရ။ ပါးစပ်ကမပွင့်တစ်ပွင့်စကားပြောနေဟန်ရတာကြောင့် ခေါင်းငုံ့ကာ နားထောင်မိသည်။
"ကယ်...ပါ"
အသံကလုံးဝတိုးသော်လည်း Chanyeolရင်ထဲတစ်မျိုးတစ်မည်ဖြစ်ကာ ကြက်သီးလေးတွေပါထလာရသည်။ လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်လေ ဟုတွေးကာ အပန်းဖြေစံအိမ်ကိုခေါ်ခဲ့သည်။
"ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့နှစ်လနဲ့တောင်ခပ်ဆင်ဆင်။ အဟတ် ဒီတစ်ခါတော့ အကြံအစည်နဲ့မဟုတ်ပဲ တကယ်ဒုက္ခရောက်နေတဲ့သူဖြစ်ပါစေ"
ကိုယ့်ကိုအားပေးရင်း ခေါင်းတစ်လုံးပိုရှည်တဲ့သူ့ကို မနိုင့်တနိုင်မခဲ့သည်။
အရင်ဦးဆုံး ရေချိုးခန်းထဲခေါ်သွားကာ အဝတ်အစားတွေချွတ်ပြီး ရေပတ်တိုက်ပေးလိုက်သည်။ ပြီးတော့ သူ့နဲ့ကြီးတဲ့ Hoddieကိုဝတ်ပေးလိုက်သည်။ ပြီးမှ ကုတင်ပေါ်တင်ပေးလိုက်သည်။"ကျောမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေအပြင် ဦးခေါင်းမှာလည်း အနောက်ကချောင်းရိုက်ခံထားရပုံပေါ်တဲ့ ရိုက်ချက်တစ်ခု။ ဒီလူဘာတွေများကြုံခဲ့ရတာလဲ"
ထိုလူနှင့်အတူပါလာတဲ့ ဓားကိုကိုင်ကြည့်တော့ တော်တော်တော့လေးသည်။ ဓားကိုချကာ ဆေးတိုက်ရန်လုပ်ရသည်။ အသင့်စားဆန်ပြုတ်ကိုပြုတ်လိုက်ပြီး ဆေးသေတ္တာထဲမှ အအေးမိပျောက်ဆေး၊ အဖျားကျဆေး၊ အနာကျတ်ဆေး ၊ ဂွမ်းနဲ့ဆေးဝါတို့ကိုယူလိုက်သည်။
![](https://img.wattpad.com/cover/289742653-288-k381903.jpg)